@dhamma96943: သောတာပန်ပုဂ္ဂိုလ်ရဲ့ အတွင်း စိတ်နေသဘောထားဟာလဲ လူသာမန်တွေနဲ့ မတူတော့ဘူး။ အသိတွေလဲ မတူတော့ဘူး။ အမြင်တွေလဲ မတူတော့ဘူး။ တမင် ဆင်ခြင်စဉ်းစားပြီး ရှောင်ကြဉ်နေရတာမျိုး မဟုတ်ဘူး။ အလိုလို တိုးတက်ပြောင်းလဲသွားခြင်းဖြစ်တယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ ရရှိသိမြင်သွားသူလို့ ခေါ်ရတယ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ စိတ်မှာ– (၁) ရုပ် နာမ် ကို ငါ၊ ငါ့ဟာလို့ စွဲလမ် ယူဆခြင်း မရှိဘူး (ဒိဋ္ဌိ)။ (၂) တရားစစ် တရားမှန်ကိုလဲ ချီတုံချတုံ ဝေဖန်စဉ်းစားနေတာ သံသယဖြစ်နေတာ မရှိဘူး (ဝိစိကိစ္ဆာ)။ (၃) မှားယွင်းတဲ့ ခွေး နွား အကျင့်မျိုး (သီလဗ္ဗတ ပရာမာသ)လဲ မရှိဘူး။ (၄) ကိုယ့်ထက် သူများက ပိုပြီး ကောင်းစားသွားမှာကို မနာလိုတဲ့ (ဣဿာ)စိတ်၊ ကိုယ့်လို သူများ ကောင်းစားလာမှာကို ဝန်တိုတဲ့ (မစ္ဆရိယ)စိတ်မျိုးလဲ မရှိတော့ဘူး။ ဒါ အောက်ထက်ဆုံး သောတာပန် အရိယာတို့ရဲ့ စိတ်ထား။ ဒီယုတ်ညံ့တဲ့ စိတ်ထားတွေ ကင်းကွာသွားတယ် ဆိုရင်ပဲ ဘယ်လောက်ချမ်းသာ ငြိမ်းအေးသွားမယ်ဆိုတာ ခန့်မှန်းနိုင်လောက်ပြီ။ ဒီတော့………. (၅) ဘုရား တရား သံဃာ ရတနာသုံးပါးကို ခြွင်းချက်မရှိ အားကိုး ယုံကြည်သူ ဖြစ်သွားပြီ။ (၆) ခိုးလို သတ်လို လိမ်လိုတဲ့ စိတ်တွေ ဒီဘဝ မပြောနဲ့၊ နောက်ဘဝ အဆက်ဆက်မှာတောင် မရှိနိုင်တော့ဘူး။ ဘဝခြား သော်လည်း ငါးပါးသီလကို ဘယ်တော့မှ မကျူးလွန်တဲ့ အဆင့် ရောက်သွားပြီ။ သာဝက ဗောဓိဆုပန်ထားတဲ့ သူများက အနည်းဆုံး ဒီအဆင့်ရောက်အောင် အားခဲရမယ့် အခါကောင်းကြီးလို့မှတ်။ အဲ- အထက်အထက် အရိယာ ပုဂ္ဂိုလ်တွေကျတော့ တစ်ဆင့် ထက်တစ်ဆင့် မြှင့်တက်သွားပြီ။ ချမ်းသာမှုတွေ တိုးလာပြီ။ စိတ်ဆိုး စိတ်ပျက်တာတွေ၊ လောကီအာရုံတွေအပေါ် တွယ်တာ စိတ်တွေ၊ မာန်ထောင်လွှားမှုတွေ ဘာမှ မရှိတော့ဘူး။ ကုန်ကုန်ပြောရင် ယုတ်ညံ့တဲ့ အောက်တန်းစားစိတ်ထားတွေ အလျင်းမရှိတော့လို့ ငြိမ်းအေးကုန်ကြပြီ။ အောက်အောက်ကို ဘယ်တော့မှ မဇုန်းတော့ဘဲ အထက်အထက် ဘုံတွေမှာသာ ခုံလှုံသွားကြမယ်။ ချမ်းမြေ့စွာ ဘဝနေနည်း (နှာ-၂၉၆) (19,9,2026)
အရှင်မုနိန်(မန်တုံ)
Region: MM
Sunday 20 September 2026 11:30:03 GMT
Music
Download
Comments
နိဗာန်အဝေးကြိးပါဆိုလူပျင်းစကား :
ဒိနေရာမယ်အကုန်ကောင်းတယ်တခုမှားနေတယ်သာဝဗောဓိဆုပန်ထားရင်သောတာပန်ဖြစ်လို့မရဘူးအဲတခုမှားနေတယ်ကျန်တာအကုန်ကောင်းပါတယ်
2026-09-21 02:34:00
4
kyawy37 :
တောတာပန်ဖြစ်သွားရင်တစ်ထောင့်ငါးရာကိလေသာအချစ်မျိုးရှိပါသေးသလားရှင့်
2026-09-21 15:52:10
1
Khin Htay Win :
ကိုယ်တွေကတော့ဘာလှူလှူ၇ရက်၈နေ့သားသမီးများနှင့်ကမ္ဘာပေါ်ရှိသမျှသတ္တဝါတွေထပ်တူကုသိုလ်ရကြပါစေနတ်မြတ်နတ်ကောင်းတွေစောင့်ရှောက်ပေးနိုင်ကြပါစေလို့ဆန္ဒပြုလှူတယ်ဘယ်သူမှမနစ်နာပါစေနဲ့ဆိုတဲ့မေတ္တာကိုအတူတူတန်းတူထားပို့တယ်သိတဲ့အချိန်ကစအားလုံးဟာဆွေမျိုးမတော်ဘူးသူမရှိဘူးအရင်ဘဝမှာဆွေမျိုးတော်စပ်ခဲ့ကြတာပါလားလို့သိပြီးလူတိုင်းအပေါ်စေတနာမေတ္တာကရုဏာထားဆက်ဆံမိနေတော့တယ်🙏🙏🙏တရားနာလို့သိတဲ့အချိန်ကစလိုက်နာလာတဲ့အလေ့အကျင့်လုပ်မိလာတယ်လက်တွေ့ကျင့်တယ်ထန်းလျက်လုံးခွေးလျှက်သလိုကိလေသာတွေပါးအောင်အချိန်ယူပယ်သတ်ခဲ့ပါတယ်တဖြေးဖြေးချင်းစီပေါ့နော်🥰🥰🥰
2026-09-22 12:22:40
1
😈Sai Lin☠😈 :
သာဓုသာဓုသာဓု 🙏🙏🙏
2026-09-21 15:41:08
1
Kyaw Aung :
သာဓုသာဓုသာဓုပါဘုရား
2026-09-22 01:50:05
1
Laylay :
2026-09-22 10:28:31
0
Radha Shrestha(Official acc) :
2026-09-21 14:49:16
0
chitmin :
သာဓုသာဓုသာဓုပါအရှင်ဘုရား 🙏🙏🙏
2026-09-22 05:50:03
0
Wai Wai :
သာဓုသာဓုသာဓုပါ🙏🙏🙏
2026-09-21 17:06:21
0
Khin washo :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဘုရား။
2026-09-22 01:43:17
0
Kyaw Gyi :
တစ်ဘဝစာသမားကတစ်ဘဝစာအတွင်းကောင်းမှူတွေပဲလုပ်သွားမှာပါ
2026-09-22 06:41:37
0
zin lin :
သာဓု၃
2026-09-23 03:56:35
0
myint kyi :
2026-09-21 22:23:43
0
အောင်🥰 :
🙏🙏🙏🙏🙏
2026-09-22 00:26:20
0
Sayar Taw :
ဦးခိုက်ပါ၏ဘုရား
2026-09-23 12:38:22
0
Pyae Pyae :
သညှာသိတယ်လူကဘုရားတရားသံဃံကိုမမြင်သေးပါဘူးသောတပန်းကသိတယ်ဖျာok😅😳😁🥰😂
2026-09-23 06:44:25
0
Dr No No KaungMon clinic,Dawei :
တင်ပါ့ဘုရား🙏🙏🙏
2026-09-22 14:13:52
0
nyonyoaye :
❤️❤️❤️
2026-09-20 12:50:31
0
Kaung. sett :
❤️❤️❤️သာဓုပါ
2026-09-21 13:59:57
0
marlay6383 :
🙏
2026-09-21 12:18:31
0
ok moe :
သာဓုသာဓုသာဓုပါဘုရား
2026-09-21 14:45:44
0
5/အရတသားလေးကျနော် :
2026-09-21 14:00:05
0
macho :
မှန်လှပါဘုရား
2026-09-24 02:29:24
0
Zaw Htwe :
🙏သာဓု သာဓု သာဓုပါ🙏
2026-09-21 13:09:55
0
အတွယ်တာ :
2026-09-20 14:13:02
0
To see more videos from user @dhamma96943, please go to the Tikwm
homepage.