@tpm172026: Perfume နဲ့မဆိုင်ပေမယ့်...😢 "မတူကွဲပြားမှုတွေကြားမှာ ငါတို့အားလုံးကို ခဏတဖြစ်ဖြစ် တစိတ်တဝမ်းတည်းဖြစ်စေတဲ့သူ" "ဒီလိုအခိုက်အတန့်မှာ ငါတို့ရင်ထဲ ဘာအရောင်မှ မရှိဘူး၊ ဘယ်သူ့ဘက်၊ ဘယ်သူ့ဘက်ဆိုတဲ့ ရွေးချယ်မှုလည်း မရှိပြန်ဘူး။ အမုန်းတရားတွေ၊ ကွဲပြားမှုတွေကိုလည်း ခဏလောက်ဖြစ်ဖြစ် မေ့ထားခဲ့ကြတယ်။ အားပေးသူအချင်း ချင်းလည်း သူစိမ်းတွေဖြစ်စေဦးတော့အပြုံးလေးနဲ့နုတ်ဆက်ကြတယ်" "တစ်ယောက်တည်းအတွက် လူသန်းပေါင်းများစွာရဲ့ ရင်ခုန်သံတွေက တစ်သံတည်း ဖြစ်သွားစေခဲ့တယ်" "နိုင်ပါစေ....တဲ့။ "အဲဒီစကားလေးတစ်ခွန်းထဲမှာ ငါတို့အားလုံးရဲ့ ဆန္ဒတွေ တူညီခဲ့ကြတယ်" "ဘယ်သူက ဘယ်အရောင်လဲ မမေးခဲ့ဘူး၊ ဘယ်သူက ဘယ် လိုယုံကြည်လဲ မမေးခဲ့ဘူး၊ ဘယ်သူက ဘယ်သူ့ဘက်လဲ မမေးခဲ့ဘူး" အားပေးနေတဲ့အချိန်မှာ ငါတို့ဟာ အချင်းချင်းကို မင်းဘာလဲ၊ ငါဘာလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ မကြည့်ခဲ့ကြဘူး။ငါတို့အားလုံးက မြန်မာတစ်ယောက်ကို မြန်မာတွေဖြစ်တဲ့အတိုင်း အတူတူအားပေးခဲ့ကြတယ်။ အနိုင်ရတဲ့အချိန်မှာ ပျော်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ဒီစည်းလုံးမှုဟာ ယာယီပဲလို့ တွေးမိလိုက်ရင်..... Van နဲ့ အောင်လတို့ဟာ အားကစားသမားတွေထက် ပိုတဲ့တစုံတရာ ဖြစ်ကြတယ်။ မတူညီမှုတွေ အများကြီးရှိနေတဲ့ ငါတို့နိုင်ငံသားတွကြားမှာ အနည်းဆုံး ခဏတာဖြစ်ဖြစ် တစ်ရင်တည်း တစ်သံတည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေခဲ့တဲ့သူတွေပေါ့။ #joshuavan #myanmarfan🇲🇲 #UFC

The Perfume Monywa
The Perfume Monywa
Open In TikTok:
Region: MM
Sunday 20 September 2026 12:15:59 GMT
795
54
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @tpm172026, please go to the Tikwm homepage.

Other Videos


About