@hsumyatnoekhin096: ကျွန်မသူ့ကိုဖုန်းလည်း မဆက်တော့ဘူး။ ဘယ်သူတွေနဲ့အတူတူရှိနေလဲ စိတ်မ၀င်စားတော့ဘူး ဘယ်သွားလဲ မမေးတော့ဘူး။ ညဘက် အိမ်ပြန်မလာလည်း ဂရုမစိုက်တော့ဘူး။ ဒီအိမ်ထောင်ရေးကို အတူတူရှေ့ဆက်လို့ရပေမယ့် စိတ်တူကိုယ်တူတော့ မဖြစ်နိုင်တော့ဘူး။ ငါတို့နှစ်ယောက်က ချစ်သူတွေ မဟုတ်တော့ဘူး။ ကလေးတွေရဲ့ မိဘတွေသာ ဖြစ်တော့တယ်။ ငါတို့နှစ်ယောက် ကွဲလို့ရပေမယ့် ငါတို့ကလေးတွေကတော့ ငါတို့နဲ့ မကွဲနိုင်ဘူး။ ကလေးတွေရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ မိသားစု မပြိုကွဲဖို့ မိဘတွေ စိတ်မဆင်းရဲစေဖို့ သူများတွေရဲ့ကဲ့ရဲ့ စကားတွေကို မခံရဖို့ ကျွန်မ အလျှော့ပေးလိုက်တယ်။ အခုတော့ သူဘာလုပ်လုပ် မမေးတော့ဘူး။ ဘယ်သူနဲ့ရှိရှိ မသိချင်တော့ဘူး။ ဂရုမစိုက်ချင်ရင်လည်း မစိုက်ပါနဲ့။ တစ်ယောက်တည်း နေချင်ရင်လည်း နေပါ။ ကျွန်မ ထွက်သွားရင် ကျွန်မကလေးတွေရဲ့ ဘဝ ထိခိုက်မယ်။ မထွက်သွားရင် ကျွန်မရဲ့ ဘဝ ထိခိုက်မယ်။ မိဘတွေရဲ့ကျေးဇူးဆပ်လို့မပြီးသေးသလို မိဘတာ၀န်လဲ မကျေသေးတာမို့ ကျွန်မဘ၀ ကောင်းကောင်း မကောင်းကောင်း ကျွန်မဘ၀ ထိခိုက် မထိခိုက်ခိုက် အရေးမကြီးတော့ပါဘူး ရွေးချယ်ရခက်တဲ့ လမ်းနှစ်လမ်းကြားမှာ ကျွန်မက မိခင်ဆိုတဲ့ နေရာကိုပဲ ရွေးခဲ့တယ်။ ကျွန်မလည်း စိတ်နာတတ်တယ်။ ကျွန်မလည်း မျက်ရည်ကျတတ်တယ်။ ကျွန်မလည်း ပင်ပန်းတတ်တယ်။ ဒါပေမယ့် "အမေ" ဆိုတဲ့ နာမည်တစ်လုံးက အရာအားလုံးကို မျိုသိပ်ထားတတ်အောင် သင်ပေးခဲ့တယ်။ တစ်နေ့နေ့ ကလေးတွေ အရွယ်ရောက်လာတဲ့အချိန် သူတို့ကို ပြန်ကြည့်ပြီး "အမေ လက်မလျှော့ခဲ့ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ရင် လုံလောက်ပါတယ်။ အရေးကြီးတာက ကျွန်မကလေးတွေ အပြုံးမပျောက်ဖို့ပါပဲ။ တစ်ခါတလေ မိန်းမတစ်ယောက်ရဲ့ တိတ်ဆိတ်မှုက အရှုံးပေးလိုက်တာ မဟုတ်ဘူး။ စကားပြောဖို့ မောသွားတာ မျှော်လင့်ချက်တွေ ကုန်သွားတာ နာကျင်လွန်းလို့ မငိုနိုင်တော့တာပါ။ #အိမ်ထောင်ရေး #တန်ဖိုးရှိတဲ့မိန်းမဆိုတာ #crdစာသား #မူရင်းစာရေးသူအားcrdပေးပါတယ်ဗျ #motivation

👸Hsu Myatnoe Khin👸
👸Hsu Myatnoe Khin👸
Open In TikTok:
Region: MM
Sunday 20 September 2026 14:22:24 GMT
79970
8372
116
431

Music

Download

Comments

zwe.maung661
Zwe Maung :
A woman who deserves respect. 😘😘😘🫰🫰💪💪💪
2026-09-22 07:55:14
2
thetlay703
💜Thet Htar ♈ :
သည်းခံခဲ့တယ်ဒါပေမယ့်တခုလပ်ဘဝကိုပဲရွေးချယ်တော့မယ်🙂
2026-09-21 03:14:32
21
suyadanarlwin42tiktok.c8
🍁🌽🌽🍁🇴🇲🇴🇲 :
ငါကတော့ငါ့သားတေနဲ့အတူအဲ့နေရာကလှည့်ထွက်လာခဲ့လိုက်တယ်ငါ့အတွက်လဲပျော်ရွှင်ခြင်းမရှိသလိုငါ့သားတေအတွက်လဲအဖေဆိုတဲ့မိဘမေတ္တာမရမဲ့အတူတူစိတ်ဒဏ်ရာတော့ငါ့သားတေကိုမပေးစေချင်လို့ငါတယောက်ထဲ့ရဲ့မေတ္တာနဲ့သူတို့လုံလောက်အောင်ထားပေးလိုက်တယ်ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကိုလဲဂရုစိုက်မအားဘူးငါ့အနာဂတ်ငါ့သားလေးတေအနာဂတ်ပဲကြည့်တယ်[Heartwarming][Heartwarming]
2026-09-21 01:33:34
18
princessrahima1
Princess Sofie :
ဒိစာသာလေး ပြန်တင်ခွင့်ပြုပါလား မမ ညမလေးအဖြစ်နဲ့ ဒိစာသာလေးကတူနေတယ်🥺🥺
2026-09-22 09:18:24
2
user4536154530836
may :
တစ်ယောက်နဲ့တစ်ယောက်အေးအေးဆေးဆေးလေးပြန်ညှိယူကြည့်ပါလားပွင့်လင်းစွာပြောပီးတော့မစွန့်လွှတိနိုင်တဲ့လူနှစ်ယောက်ဆိုညှိယူလို့ရပါတယ်ရှေဆက်ရမဲ့ရက်တွေအများကြီးရှိသေးတယ်လေ
2026-09-22 13:37:29
1
zwe.may.may82
Țĥåř Źw€👶 & Μäÿ Măý👱🏻‍♀️ :
single momတယောက်အနေနဲ့ပဲ ရပ်တည်ချင်တော့တယ်😌😌😌
2026-09-21 15:03:22
7
biaktinsung8
sungsung :
ရွေးချယ်ခဲ့ဖူးပါပီ အချိန်ကြာလာတော့လည်းမခံဘူး တစ်ခုလပ်ဘဝပဲရွေးတော့တယ်
2026-09-21 09:22:23
3
lexie0675
😎👑Lင်းLင်းphyoe👑👑👑👑 :
စာလေးချပေးပါ့လားမမ🥰🥰
2026-09-22 06:41:47
1
13coraline0
GMM🏳️‍🌈Pondphuwin မာမီ🥰😘 :
စာသားလေးcooyချင်တယ်ရှင့်
2026-09-22 06:21:10
1
ponyo16003
Bby Phuu🎀👨‍👩‍👧 :
ကိုယ်လဲ အဲ့လိုရွေးခဲ့ပါတယ်ဒါမဲ့တကြိမ်ထဲမဟုတ်ပဲအကြိမ်ကြိမ်ဆိုတော့ အခုတော့ ကိုယ်ရဲ့ဘဝကိုရွေးချယ်လိုက်တယ် ဒါမဲ့ သမီးလေးကိုတော့အားနာမိတယ်[Teary eyed][Teary eyed][Teary eyed]
2026-09-22 05:55:57
1
m.a.b.l.e567
Puu Tuu🎀 :
ပုံလေးရောစာလေးရောယူမယ်နော်🥰
2026-09-21 09:23:29
1
thoon9560
7/🌷သူလေး🌷 :
ပြန်တင်မရ်နော်မမတင်ခွင့်ပြုပါနော်မမ
2026-09-21 13:02:10
1
user1161200515711
@Thin Thin Oo :
မမွေးခင်ထဲကနောက်ပြန်မလှည့်ပဲထွက်ခဲ့တယ်
2026-09-21 10:13:12
2
mi.thaw912
Mi Thaw :
စာလေးချပေးပါလားရှင့် ပြန်တင် ခွင့်ပြုပါ
2026-09-21 07:06:09
1
ma.k.jue.368
Ma Kay 🦀♋️ 368 အလုပ်သမားရုံး :
ငါကျုးလွန်မိတဲ့ ကံတစ်ပါးဟာ ငါကိုယ့် ငါပဲ 🥺🥺🥺 ရုန်းထွက်ဖို့မလွယ်ကူတော့ဘူး
2026-09-21 10:37:38
1
stellarose496
Stella Rose :
စာသားလေးပေးပါရှငိ
2026-09-21 04:58:12
1
zinmarmyo331
🍁ᏕᎧᏋ ᎷᏗᎩ ᏂᏝᏗᎥᏁᎶ🍁 :
လေးစားပါတယ် ❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-09-22 07:51:16
1
zon.pwint.phyu6297
Zon Pwint Phyu :
ကျွန်မလဲခုအ့လိုအခြေနေပဲဝေခွဲခက်နေတယ် ကျွန်မသားကိုမိစုံဖစုံရှိစေချင်တယ် ဒါကြောင့်ကျွန်မသာနာကျင်ခံလိုက်တယ် သူဘာလုပ်လုပ်ကျွန်မနဲ့မဆိုင်သလိုပဲနေလိုက်တော့တယ်😔
2026-09-21 10:49:46
1
myintmyintmoe524
𝕸𝖔𝖊٩(◕‿◕。)۶ :
ကိုယ့်လိုလူရှိနေသေးတာပဲ
2026-09-21 10:47:07
4
moekhan30
🍀🍀MOE KHAM 🍀 :
ကျွန်မလိုလူကျွန်မလိုဘဝကြုံတွေနေရတဲ့သူလဲ့ရှိနေတယ်ကျွန်မရွေးချယ်တဲ့လမ်းမိခင်ဆိုတဲ့ ေနရာပဲ့ကျွန်မရွေးချယ်ထားတယ်
2026-09-21 14:31:13
2
thanzinlaymommy27
♓Khin Sandar Aung♓ :
ကိုယ့်အပြစ်ကိုပုံချပြီး သူနေချင်သလိုနေတယ် သူသွားချင်ရာ သွားတယ် သူ့အပေါင်းအသင်းတွေက ပထမ ဖြစ်နေတယ် ကိုယ်တွေသားမိ နေစရာမရှိစားစရာမရှိမှာကို ပါးစပ်ကနေသာ ပူပေးပြီး။တကယ်တမ်းကျ အလုပ်လည်းမလုပ် အပျော်အပါးပဲမက်နေတဲ့သူကို အားကိုးတကြီးနဲ့ ခနခနပြန်ခေါ်မိခဲ့ပေမဲ့ အခု ရွေးချယ်မှရတော့မဲ့ အခြေအနေမှာ မိခင်ဖြစ်ဖို့ကိုပဲရွေးတယ် ကလေးအတွက် မျက်နှယမငယ်ရအောင်ကိုယ့်လမ်းကိုလျှောက်ရမယ် အခက်ခဲ ဘယ်လောက်ရှိရှိ အားတင်းထားမယ် ကိုယ့်အမှားတွေအတွက်တောင်းပန်တယ် ဒါပေမဲ့ ပြန်ခံစားခဲ့ရတာနဲ့ ကျေပြီမို့ ဝေးနိုင်သမျှ ဝေးဝေးမှာ နေမယ်
2026-09-21 10:14:38
1
yu065185
yuyu :
စာလေးချပေးပါလားရှင့်
2026-09-21 04:21:33
1
tin.zar.nwe303
🐉𝓣𝓲𝓷 𝓩𝓪𝓻 𝓝𝔀𝓮🐉(စနေမ) :
စာသားလေးပေးပါလားရှင့်😌😌😌
2026-09-21 10:42:52
2
forevear02
ယွန်းနဒီလင်း မေမေ :
ကိုယ့်အဖစ်နဲ့တူနေတယ်ကလေးကြောင့်နဲ့အတူရှိပေမဲ့တစ်စိမ်းထက်တစ်စိမ်းလိုဘဲနေတော့တယ်မေးထူးခေါ်ပြောဘဲ😊
2026-09-21 13:39:42
2
224kit7
🍒 Kitt🍒 :
🥰💓ပြန်နင်ပါရစေရှင့်🥰💓
2026-09-22 05:35:56
1
To see more videos from user @hsumyatnoekhin096, please go to the Tikwm homepage.

Other Videos

Rézalea san Cipriano verás lagloria.. ORACION A SAN CIPRIANO PARA REGRESAR UN AMOR IMPOSIBLE
Rézalea san Cipriano verás lagloria.. ORACION A SAN CIPRIANO PARA REGRESAR UN AMOR IMPOSIBLE "Oh San Cipriano, Oh San Cipriano, Oh San Cipriano! Yo (se dice tu nombre) vengo hoy a ti llena de dolor y tristeza, pues el hombre que amo no me piensa lo suficiente, busco ayuda en ti, la ayuda que solo tú me puedes dar, quiero conseguir que mi amante me ame y me busqué con desesperación. Quiero que (nombre del amado) venga corriendo a mis brazos, que venga desesperado, que no pueda controlar sus emociones, que me necesite solo a mi, a (se dice tu nombre completo tres veces) que mi nombre y mi olor lo encierren en un círculo donde piense única y exclusivamente en mi". "San Cipriano, te juro en este día (di fecha y hora) que amo a aquí dices el nombre completo de la persona amada) con mi corazón, que es mi par, mi amor, mi vida, mi ser, me debo a el por siempre, lo vengo persiguiendo en esta y otras vidas y hoy quiero que corresponda mí amor, tu San Cipriano, todo lo puedes, mi intención es de luz y sé que me vas a ayudar, te amo demasiado (repites el nombre del ser amado) te amo siempre, y te obligo en este dia a que me ames, a que me desesperes, amarro tu alma a la mía y la condeno a intranquilidad si no estás a mí lado". #texas #arizona #estadosunidos🇺🇸 #newyork #puertorico🇵🇷 #españa #manhattan #reading #pensilvania🇺🇸 #miami #florida #newjersey #boston #california #losangeles #chicago #eeuu #madrid #bacelona #francia #valencia #cali #mexico🇲🇽 #alaska #queens #massachusetts

About