@billymarymeme: လေယာဉ်ပြတင်းပေါက်တွေက ဘာလို့ လေးထောင့်မဟုတ်ဘဲ ဝိုင်းဝိုင်းလေးတွေ ဖြစ်နေတာလဲ? ✈️ လေယာဉ်က အမြင့်ကို တက်သွားတဲ့အခါ လေယာဉ်အတွင်းက လေဖိအားနဲ့ အပြင်ဘက်က လေဖိအား မတူတော့ပါဘူး။ အဲဒီအချိန်မှာ လေယာဉ်ကို ဖိအားတစ်မျိုး သက်ရောက်လာပါတယ်။ ပြတင်းပေါက်ကို လေးထောင့်လုပ်ထားရင် ထောင့်တွေမှာ ဖိအားပိုစုနိုင်ပြီး အက်ကွဲနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ပြတင်းပေါက်ကို ထောင့်မရှိဘဲ ဝိုင်းဝိုင်းပုံစံ လုပ်ထားတာပါ။ ဝိုင်းဝိုင်းပုံစံဆိုရင် ဖိအားကို ပိုညီညီမျှမျှ ဖြန့်ပေးနိုင်လို့ ပိုလုံခြုံပါတယ်။ ဒါကြောင့် လေယာဉ်ပြတင်းပေါက်ပုံစံလေးကတောင် လုံခြုံရေးအတွက် အရေးကြီးတဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်ဆိုတာ သိကြပြီလားရှင့်။ ✈️ “နောက်တစ်ခါ လေယာဉ်စီးရင် ပြတင်းပေါက်လေးကို သတိထားကြည့်မိမလားနော် 😄”

Me Me Phone Naing
Me Me Phone Naing
Open In TikTok:
Region: MM
Sunday 20 September 2026 18:38:10 GMT
634
40
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @billymarymeme, please go to the Tikwm homepage.

Other Videos


About