@makeuptrendpedia: Jangan lupa kunci makeup kamu pake setting spray OMG kalo mau makeup jadi lebih tahan lama seharian! #omgbeauty #settingsprayomg

OMG MAKEUPTRENDPEDIA💄🌎
OMG MAKEUPTRENDPEDIA💄🌎
Open In TikTok:
Region: ID
Monday 21 September 2026 06:30:00 GMT
60
0
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @makeuptrendpedia, please go to the Tikwm homepage.

Other Videos

#“သားရဲ့ပထမဆုံးနေ့ဟာ သားရဲ့နောက်ဆုံးနေ့ဖြစ်သွားခဲ့တယ်” 😢💔 🎂 မွေးနေ့ 🎂 ကျွန်တော် မွေးတဲ့နေ့ကို အမေက မှတ်ထားပေးဖို့ အချိန်မရခဲ့ဘူး။ တကယ်တော့ ကျွန်တော်လည်း ကိုယ့်မွေးနေ့ကို ကိုယ်မှတ်ထားဖို့ အချိန်မရခဲ့ပါဘူး။ ကျွန်တော် ဒီလောကကြီးထဲမှာ မိနစ်ဘယ်လောက် နေခဲ့ရသလဲဆိုတာတောင် မသိဘူး။ ကျွန်တော်သိတာက— အမေ့ဝမ်းဗိုက်ထဲမှာ နေခဲ့တဲ့ နောက်ဆုံးနေ့ဟာ ကျောက်တော်က နေ့တစ်နေ့ ဖြစ်တယ်။ အမေ့ဝမ်းထဲမှာတော့ အပြင်လောကကြီးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော် မမြင်ဖူးဘူး။ ဒါပေမယ့် အသံတွေတော့ ကြားရတယ်။ အမေ လမ်းလျှောက်ရင် တဒုတ်ဒုတ်မြည်တဲ့ အမေ့နှလုံးခုန်သံ။ အမေ တစ်ယောက်ယောက်နဲ့ စကားပြောရင် ဝိုးတဝါးကြားရတဲ့ အမေ့အသံ။ တစ်ခါတလေ အမေက ဝမ်းဗိုက်ကို လက်နဲ့ပွတ်ပြီး စကားပြောတတ်တယ်။ ဘာပြောတာလဲတော့ ကျွန်တော် နားမလည်ဘူး။ ဒါပေမယ့် အဲဒီအသံကြားတိုင်း ကျွန်တော် လှုပ်ပြတတ်တယ်။ အမေက ရယ်တယ်။ အဲဒီအချိန်တွေမှာ ကမ္ဘာကြီးဆိုတာ အမေ့ရယ်သံလို နွေးနွေးထွေးထွေး နေရာတစ်ခုလို့ ကျွန်တော် ထင်ခဲ့မိတယ်။ တစ်နေ့တော့— အပြင်ဘက်က အသံတွေ ပြောင်းသွားတယ်။ လူတွေ အော်သံ။ ပြေးသံ။ ပြီးတော့ ကောင်းကင်ပေါ်က ကြောက်စရာအသံကြီးတစ်ခု။ ကျွန်တော် ဘာမှ မသိဘူး။ ကျွန်တော်သိတာက အမေ့နှလုံးခုန်သံ ရုတ်တရက် မြန်လာတာပဲ။ ဒုတ်… ဒုတ်… ဒုတ်… အမေ ပြေးနေသလား။ အမေ ကြောက်နေသလား။ ကျွန်တော်လည်း အမေ့ဝမ်းထဲမှာ လိုက်ပြီး ကြောက်နေခဲ့တယ်။ ပြီးတော့— ကမ္ဘာကြီးတစ်ခုလုံး ကွဲထွက်သွားသလို အသံကြီးတစ်ခု ကြားလိုက်ရတယ်။ အမေ လဲကျသွားတယ်။ ကျွန်တော်နေတဲ့ ကမ္ဘာလေးလည်း တုန်ခါသွားတယ်။ အပူတွေ။ မီးခိုးတွေ။ လူတွေရဲ့ အော်ဟစ်သံတွေ။ အမေ့နှလုံးခုန်သံကတော့ ခုနကထက် ပိုမြန်နေတုန်းပဲ။ အဲဒီနောက် ကျွန်တော့်ကို တစ်စုံတစ်ရာက အပြင်လောကဆီ တွန်းပို့နေတယ်။ အမေက ကျွန်တော့်ကို မွေးနေပြီထင်တယ်။ ကျွန်တော် အမြဲစောင့်နေခဲ့တဲ့နေ့။ အမေ့မျက်နှာကို ပထမဆုံးမြင်ရမယ့်နေ့။ ကောင်းကင်ကြီးကို ပထမဆုံးမြင်ရမယ့်နေ့။ အမေ့ရင်ခွင်ထဲမှာ ပထမဆုံးအကြိမ် အိပ်ရမယ့်နေ့။ ဒါပေမယ့်— ကျွန်တော် ပထမဆုံးမြင်လိုက်ရတဲ့ ကမ္ဘာကြီးက အမေပြောပြခဲ့မယ်ထင်တဲ့ ကမ္ဘာကြီး မဟုတ်ဘူး။ အပြာရောင်ကောင်းကင် မဟုတ်ဘူး။ စိမ်းလန်းတဲ့ သစ်ပင်တွေ မဟုတ်ဘူး။ ကျွန်တော် ပထမဆုံးမြင်လိုက်ရတာက မီးရောင်တွေ။ မီးခိုးတွေ။ ပြိုကျနေတဲ့ အရာတွေ။ ပြီးတော့ မီးလောင်ဒဏ်ရာတွေနဲ့ အမေ။ ကျွန်တော် ငိုခဲ့သလား။ မငိုနိုင်ခဲ့ဘူးလား။ မသိတော့ဘူး။ အမေ့လက်က ကျွန်တော့်ကို တစ်ကြိမ်လောက် ထိခဲ့သလားဆိုတာလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် အမေ— သား မွေးလာခဲ့တယ်နော်။ အမေ လပေါင်းများစွာ သယ်လာခဲ့တဲ့ သား။ အမေ့မျက်နှာကို ကြည့်ချင်ခဲ့တဲ့ သား။ အမေ့နို့ကို သောက်ချင်ခဲ့တဲ့ သား။ အမေ့ရင်ခွင်ထဲမှာ အိပ်ပြီး အမေ့နှလုံးခုန်သံကို အပြင်ဘက်ကနေ ဆက်နားထောင်ချင်ခဲ့တဲ့ သား။ သားမှာ အိပ်မက်တွေတောင် မမက်တတ်သေးပါဘူး အမေ။ လမ်းလျှောက်ဖို့ မတတ်သေးဘူး။ စကားပြောဖို့ မတတ်သေးဘူး။ လူမျိုးဆိုတာ မသိဘူး။ နိုင်ငံရေးဆိုတာ မသိဘူး။ စစ်ဆိုတာ မသိဘူး။ ဘယ်သူက ဘယ်သူ့ရန်သူလဲဆိုတာလည်း သား မသိခဲ့ဘူး။ သားသိတာ တစ်ခုပဲရှိတယ်။ အမေ့နှလုံးခုန်သံ။ ဒါပေမယ့် သား ဒီကမ္ဘာကြီးထဲ ရောက်လာတဲ့နေ့မှာပဲ ကောင်းကင်ပေါ်က ကျလာတဲ့ အရာကြီးက သားရဲ့အသက်ကို နုတ်ယူသွားတယ်။ မွေးစာရင်း မရှိခဲ့ဘူး။ နာမည်တောင် ရှိခဲ့မယ်မထင်ဘူး။ သားရဲ့ ပထမဆုံးနေ့ဟာ သားရဲ့ နောက်ဆုံးနေ့ ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အမေ— သား မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေလည်း သားနဲ့အတူ လိုက်လာခဲ့တယ်မဟုတ်လား။ အမေ့ဝမ်းထဲမှာ နေခဲ့တုန်းကလိုပဲ အခုလည်း အမေနဲ့သား အတူတူပဲ။ တစ်ခုပဲ သား နားမလည်တာက သားတို့နဲ့ တစ်ခါမှ မသိ၊ တစ်ခါမှလည်း မတွေ့ဖူးတဲ့ ကောင်းကင်ပေါ်က လူကြီးတွေက သားတို့ သားအမိကို ဘာလို့များ အညှိုးတကြီး လာသတ်ကြတာလဲဟင်။ (ကျောက်​တော်မြို့၊ အိန္ဒိယ​စျေး ဗုံးကျဲခံရမှုမှာ ပိုက်သည် ရွာသူ မခင်မာနွယ်(အသက်၃၂နှစ်)ဟာ ကိုယ်ဝန် ၉ လ ရှိနေပြီဖြစ်ပြီး ​မီးလောင်ကျွမ်း​နေဆဲ က​လေး​မီးဖွားခဲ့ကာ က​လေးရော မိခင်ပါ မီး​လောင်  ​သေဆုံးခဲ့ပါတယ်) CRD: Zin Thaw Naing  မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေဗျာ အပြစ်ကင်းတဲ့ကလေးသူငယ်များ ဘေးရန်ကင်းကြပါစေ။  28.9.2026  #FoodForSoulACM  #ACatholicMessenger  #ACyberMissionary  #RestInPeace #RIP

About