@ryan_2006_sarshay: ကျွန်တော်တို့ဘဝမှာ လူအများစု မှားတတ်ကြ တဲ့ အမှားတစ်ခုရှိတယ်။ အဲ့ဒါကတော့ "ရိုးအီ သွားတဲ့နွေးထွေးမှု" နဲ့ "ခဏတာ ဆွဲဆောင်မှု" ကြားမှာ မျက်စိလည်သွားကြတာပါပဲ။ ချစ်သူ သက်တမ်းကြာလာတဲ့အခါ၊ အစပိုင်းတုန်းကလို ရင်ခုန်သံတွေ မပြင်းထန်တော့ဘဲ ပုံမှန်အတိုင်း အေးဆေးဖြစ်သွားတဲ့အခါ တချို့က အဲ့ဒါကို "အချစ်လျော့သွားတာ" လို့ အဓိပ္ပာယ်ဖွင့်ဆို လိုက်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အဲ့ဒါဟာ အချစ်လျော့သွားတာမဟုတ်ဘဲ သံ ယောဇဉ်နဲ့ နားလည်မှုတွေက ခိုင်မာတဲ့ အောက် ခြေတစ်ခုလို အခြေကျသွားတာပါ။ အမြဲတမ်း ကိုယ့်အပေါ် နားလည်ပေးတယ်၊ သည်းခံပေး တယ်၊ ကိုယ် အဆင်မပြေတဲ့အခါတိုင်း တိတ် တဆိတ်နဲ့ နွေးထွေးမှု ပေးထားတယ်။ အဲ့ဒီလူ ဟာ ကိုယ့်ဘဝရဲ့ နေရောင်ခြည်ပါပဲ။ သူရှိနေ တာ အကျင့်ဖြစ်နေတော့ သူ့ရဲ့တန်ဖိုးကို ခပ် လွယ်လွယ် မေ့လျော့သွားတတ်ကြတယ်။ အဲ့ဒီ အချိန်မှာမှ ဘဝထဲကို ခဏတာ စိတ်လှုပ်ရှား စရာတွေ၊ ပျော်ရွှင်မှုအသစ်တွေနဲ့ လူတစ် ယောက် ရောက်လာတဲ့အခါ ညကောင်းကင်မှာ ရောင်စုံလင်းလက်သွားတဲ့ မီးပန်းလိုပဲ အရမ်း ဆွဲဆောင်မှုရှိနေတတ်တယ်။ ခဏတာ ရင်ခုန် သံအသစ်၊ အချစ်သစ်ရဲ့ စိမ်းလန်းမှုဆိုတဲ့ မီး ပန်းအလှနောက်ကို စိတ်ယိုင်သွားပြီး ကိုယ့် အပေါ် အစအဆုံး ပေးဆပ်ခဲ့တဲ့ နေရောင်ခြည် လိုလူကို လက်လွှတ်လိုက်ကြတော့တာပါပဲ။ ဒါပေမဲ့ မီးပန်းဆိုတာ အရမ်းလှပေမယ့် စက္ကန့် ပိုင်းအတွင်းမှာပဲ မှောက်မိုက်ခြင်းနဲ့အတူ ပျောက်ကွယ်သွားတတ်တဲ့အရာပါ။ မီးပန်းရဲ့ လှပမှုအပြီးမှာ အေးစက်စက် အမှောင်ထုပဲ ကျန်ခဲ့မယ်။ နေရောင်ခြည်ကတော့ မလှပပေ မယ့် ကိုယ့်ကို ဘယ်တော့မှ အေးစက်မသွား စေဘဲ အမြဲတမ်း နွေးထွေးစေတာပါ။ အစပိုင်း မှာ လူတိုင်း အရမ်းချစ်ပြနိုင်ကြပါတယ်။ ဒါ ပေမဲ့ ကြာလာတဲ့အခါ အေးစက်မသွားဘဲ သည်းခံပေးနိုင်ဖို့ဆိုတာ တကယ့် ချစ်ခြင်း မေတ္တာမရှိရင် မရပါဘူး။ ဒါကြောင့်မို့လို့ ခဏ တာ ပျော်ရွှင်မှုပေးနိုင်တဲ့ မီးပန်းလေးတစ်ပွင့် ကြောင့် ကိုယ့်အပေါ် တစ်သက်လုံး နားလည် စောင့်ရှောက်ပေးခဲ့တဲ့ နေရောင်ခြည်ကို ဘယ် တော့မှ မစွန့်လွှတ်လိုက်ပါနဲ့။ ခဏတာ ရင်ခုန် သံအသစ်ထက် တစ်သက်လုံးစာ ခိုင်မြဲတဲ့ ရိုး ရှင်းတဲ့ အချစ်ကပဲ ဘဝရဲ့ အနွေးထွေးဆုံး ရာ သီတစ်ခုကို ဖန်တီးပေးနိုင်တာပါ။ #စာတို #စာရှည် #feelings #feel #ryan
𝐑𝐲𝐚𝐧//စာရှည်☆
Region: MM
Monday 21 September 2026 11:37:43 GMT
Music
Download
Comments
サイ王子 :
🥰🥰🥰
2026-09-21 14:48:12
0
To see more videos from user @ryan_2006_sarshay, please go to the Tikwm
homepage.