@mon.lay1357919: အဖေနဲ့အမေကို ကျေးဇူးတင်ဆုံးသောအရာက ဖိအားပေးပြီး လုပ်ခိုင်းတာမျိုး မရှိခဲ့ခြင်းပါပဲ။ ကလေးဘဝကတော့ စာကျက်ဖို့ မမှောင်ခင် အိမ်ပြန်လာဖို့ ပြောဆိုတဲ့ ဖိအားမျိုးပဲ ရှိခဲ့တယ်။ အရွယ်ရောက်လာတော့ ကိုယ့်ရဲ့ရွေးချယ်မှုကိုပဲ အဖေနဲ့အမေက ဦးစားပေးခဲ့တယ်။ ဘာလုပ်ရမယ်။ ဘာဖြစ်အောင် ကြိုးစားရမယ်။ ဘယ်လိုဝင်ငွေရတဲ့အလုပ်မျိုးလုပ်ရမယ်။ ဒီလိုဖိအားပေးပြီး ခိုင်းစေတာမျိုးမရှိခဲ့ဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ဘဝကိုယ် မပျက်စီးစေရင် တစ်ပါးသူကို မထိခိုက်ရင် ပြီးတာပဲတဲ့... ဘယ်လမ်းလျှောက်ချင်သလဲ ထောက်ပံ့ပေးဖို့လည်း အဖေနဲ့အမေက တွေဝေမနေခဲ့ဘူး။ " မင်းယုံကြည်တဲ့လမ်းကိုလျှောက် အဆုံးထိသွား။ လျှောက်နိုင်အောင် ထောက်ပံ့ပေးဖို့က ငါ့တို့တာဝန်" တဲ့လေ... အဝေးဆုံးမှာ အလုပ်သွားလုပ်ချင်ရင်လည်း မတားခဲ့ဖူးဘူး။ သူတို့နဲ့အတူ မွေးရပ်မှာပဲ နေသွားပြီး အလုပ်လုပ်မယ်ဆိုလည်း မပိတ်ပင်ခဲ့ဘူး။ ပိုက်ဆံဘယ်လောက် ဝင်အောင် ကြိုးစားရမယ်။ ဒီလိုလည်းမရှိခဲ့ဘဲ တင်းတိမ်ရောင့်ရဲတဲ့ မိသားစုမှာ ပါခဲ့တယ်။ မိသားစုနဲ့အတူ နွေးထွေးစွာနေပြီး တင့်သင့်ရုံမှ နေထိုင်နိုင်ရင်ပဲ အဖေနဲ့အမေက ကျေနပ်ခဲ့တယ်။ ကိုယ်ဟာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးလည်း ခုချိန်ထိ အပြစ်မဆိုခဲ့ဘူး။ မ ငြိုငြင်ခဲ့ဘူး။ ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းကို နားလည်လက်ခံပေးတဲ့ အဖေနဲ့အမေက ကျေးဇူးတင်ရဆုံးနဲ အချစ်ရဆုံးပါပဲ ။ နောက်ဘဝဆိုတာရှိရင် ဒီမိသားစုနဲ့ပဲပြန်ဆုံချင်ပါတယ်။ #creatorsearchinsights #fypシ゚ #viraltiktok #Crd
🇹🇭🇹🇭☘️🌻ယု🌻☘️🇹🇭🇹🇭
Region: TH
Monday 21 September 2026 11:43:39 GMT
Music
Download
Comments
Thidar :
မမအောက်ကစာသားလေးပို့ပေးရလားစာပိုလေးကိုကြိုက်လ့်ုပါ
2026-09-22 11:16:39
1
🍀အရိုးလေး🌸🍀(Pinlebu🍀)🇹🇭 :
မဲဇလီကုန်းက ဝန်းသိုဘက်ကလားညီမ
2026-09-22 12:42:09
1
Zin Mar Myint :
တိုလဲမဲဇလီကုန်းကပဲ🥰
2026-09-22 14:31:54
1
👸👾 Nwe 🐼👸 :
အောက်ကစာလေချပေးပါလာရှင့်
2026-09-22 13:16:54
1
👰🦋အရိပ်လေးရဲ့ချစ်သူ🦋👰 :
ဟုတာပေါ့ပြန်ချင်တာပေါ့
2026-09-22 11:51:32
1
ချစ်ကံခေ :
ဖိုက်တင်းပါ😞 ခများကိုအားပေးရင်း ကျုပ်လဲ မိဘရင်ခွင်နဲ့ ဝေးနေသူတယောက်ပါ
2026-09-22 12:55:02
1
Nwelay :
ဧရာဝတီတိုင်းအဂ်ဖူးမြိုနယ်မဲဇလီးကုန်းကလားညီမလေး
2026-09-22 08:55:11
1
🖤Than Than Soe🌞 :
ဧရာသစ်စာစီးပြန်မမ🥰🥰
2026-09-22 10:00:26
1
🇲🇲 Thae Thae 🇦🇪💔🚫 :
ပြန်ချင်တာပေါ့ ပြန်မရသေးဘူး😢
2026-09-22 12:02:23
1
MTZS🥰KPT🥰🥰🥰🥰 :
fighting
2026-09-21 13:18:39
1
Swe Lin Thu :
တို့မြို့နားကမြို့ပဲ💜
2026-09-22 19:51:16
0
🎀 🍒S🎀U🍒🎀 :
မမလည်း မဲဇလီကုန်းမြို့တစ်ဝိုက်ပါညီမလေးရေ ဖိုက်တင်းပါ🥺🥺 ဘသူသမီးလေးလည်းညီမလေးက
2026-09-22 17:27:32
0
ဦးနိုင်ဝင်းသမီးအကြီးမ🌺🌺😛😛 :
တို့ကလည်းဗိုလ်အောင်ကျော်နယ်မြေကပါပဲသိမယ်ထင်တယ်
2026-09-22 18:23:59
0
Nwelay :
အဲရွာကကိုကြီးဝင်းမင်းသိန်းဒို့မင်းမင်းထွေးဒိုကိုသိလားညီမလေး
2026-09-22 10:20:56
1
SAW THAN Htike :
ရိုးမမောင်းစီးပြန်😂😂
2026-09-21 22:42:24
1
🇲🇲เยเทอ่อง🇹🇭🇹🇭 :
ပွင့်နဲ့ပြန်😂
2026-09-21 15:36:23
1
🇲🇲Hnin Lay🇸🇬 :
အောင်ကျော်မိုးစီးပြန်🤭🤭🤭
2026-09-22 13:04:37
1
AH Su Lay :
[Teary eyed][Teary eyed][Teary eyed]
2026-09-22 13:46:18
1
moe lay :
🥰🥰🥰
2026-09-22 11:07:26
1
🇲🇲Aung Min Ko🇹🇭 :
🥰🥰🥰
2026-09-22 10:29:40
1
ko chit :
😘😘😘😘😘😘
2026-09-22 05:42:30
1
Winpapa Hlaing :
♥️♥️♥️
2026-09-22 08:30:49
1
Nwelay :
🥰🥰🥰
2026-09-22 08:55:17
1
🇲🇲MIN ZAW LIN🇹🇭(Zalun) :
💪💪💪
2026-09-22 04:22:00
1
Paing gyi :
🥰🥰🥰
2026-09-22 14:41:54
1
To see more videos from user @mon.lay1357919, please go to the Tikwm
homepage.