@nhinguyen4567: Tâm chỉ kép lấy sạch mảng bám #tamchinhakhoa #tamchikeplimery #tamchikep #chamsocrangmieng #nhatkymenem

Nhi Nguyễn ( Nhật Ký Mẹ Nem)
Nhi Nguyễn ( Nhật Ký Mẹ Nem)
Open In TikTok:
Region: VN
Monday 21 September 2026 12:02:50 GMT
407
1
1
0

Music

Download

Comments

thu.trang2638
Trang săn Sale :
Loại này xài êm lắm luôn nè
2026-09-21 12:57:07
0
To see more videos from user @nhinguyen4567, please go to the Tikwm homepage.

Other Videos

တစ်ဦးတည့်ရဲ့နေထိုင်ရမှု အရသာဟာ ဘာနဲ့မှမတူတဲ့အရသာ  လွတ်လပ်မှုရဲ့အရသာဆိုတာရှိတယ်။ သို့သော် လောကလူတွေက တစ်ယောက်ထဲနဲ့တော့ မပျော်ကြဘူး နည်းနည်းတိုးတိုးပေါ်လေးတော့ ရှိမှဆိုပြီး နှစ်ယောက်မှ ပျော်ကြတယ်။ အဲဒါကြောင့်မို့ လူ့လောကလူတွေရဲ့သရုပ်ကို ဖော်တဲ့အခါမှာ
တစ်ဦးတည့်ရဲ့နေထိုင်ရမှု အရသာဟာ ဘာနဲ့မှမတူတဲ့အရသာ လွတ်လပ်မှုရဲ့အရသာဆိုတာရှိတယ်။ သို့သော် လောကလူတွေက တစ်ယောက်ထဲနဲ့တော့ မပျော်ကြဘူး နည်းနည်းတိုးတိုးပေါ်လေးတော့ ရှိမှဆိုပြီး နှစ်ယောက်မှ ပျော်ကြတယ်။ အဲဒါကြောင့်မို့ လူ့လောကလူတွေရဲ့သရုပ်ကို ဖော်တဲ့အခါမှာ"ဒွယံ ဒွယံ ရမောဟိ အယံလောကော" တဲ့ ဒီလောကကြီးကိုယ်က နှစ်ယောက်နေရမှ ပျော်စရာကောင်းတယ်လို့ ထင်တဲ့လောကကြီးတဲ့။ အဲ့ဒီလောကကြီးရဲ့သဘာဝကို ဆန့်ကျင်ပြီးသော တရားဓမ္မတွေ ပျော်မွေးကြတဲ့ ရဟန်းတော်အရှင်မြတ်တွေကတော့ တစ်ဦးတည့်ပဲပျော်ကြတယ်။ တစ်ဦးတည့်ရဲ့ကောင်းမွန်ကောင်းနည်းကို မြတ်စွာဘုရားကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့တာရှိတယ် တစ်ယောက်တည့်နေရတဲ့ ချမ်းသာမှု တစ်ယောက်တည့်နေရတဲ့ လွတ်လပ်မှု ဘယ်ဟာနဲ့မှ မတူဘူး။ နှစ်ယောက်ဆိုရင် မလွတ်လပ်ဘူး နော် သူ့ကြည့်ရတယ် သူ့အတွက်ငဲ့ကွက်ရတာရှိတယ် ဥပမာမယ် တံခါးဖွင့်ချင်တယ်ဆိုရင် သူကများ တံခါးဖွင့်မှာ မကြိုက်မှာလား ကိုယ်ကတံခါးပိတ်ချင်တယ် သူကများပိတ်မှာ မကြိုက်မှာလား အဲ့ဒီလို တစ်ယောက်ထဲမဟုတ်ဘူး နှစ်ယောက်နေတယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ငဲ့ညှာရတယ်နေရာတွေရှိတယ်။ မြတ်စွာဘုရားလည်းဝိနည်းသိက္ခာပုဒ်တွေထဲမှာ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်နဲ့ အတူနေမယ်ဆိုရင် တံခါးဖွင့်တာတောင်မှ ပြောပြီးမှ ဖွင့်ပါလို့ ယဉ်ကျေးမှုပေးထားတာရှိတယ်.. နော် လေးစားလိုက်နာရတယ် ကိုယ်ဖွင့်ချင်သလို မဖွင့်နဲ့။ ဒါကြောင့်မို့လို့ အဲဒါတွေမြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကထဲက တံခါးဖွင့်တဲ့အခါမှာ ပန်ကြားပြီးမှ ဖွင့်ရတယ် ပိတ်တဲ့အခါမှာလည်း ပန်ကြားပြီးမှ ပိတ်ရတယ် မီးဖွင့်မီးပိတ် လုပ်တဲ့အခါမှာလည်းပေါ့ နော် ဒါကတော့ ကနေ့ခေတ်ပေါ အဲဒါ မီးထွန်းတာတို့ မီးညိမ်းတာတို့ ပန်ကြားပြီးမှ လုပ်ရမယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ယဉ်ကျေးမှု အဆုံးအမ တရားတော်တွေဟာ ရှိတယ်။ ကိုယ်တစ်ယောက်ထဲနေတာ မဟုတ်ဘူးဆိုလို့ရှိရင် သူက တံခါးဖွင့်လို့ရမလား သို့မဟုတ် တံခါးပိတ်ချင်တယ် ပိတ်လို့ရမလား ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေက ကျန်တစ်ယောက်ရဲ့ဆန္ဒကို တောင်းခံပြီးတော့မှ ပိတ်တာဖွင့်တာ လုပ်လေ့ရှိကြတယ်ပေါ ဒါယဉ်ကျေးတဲ့အသိုင်းအဝိုင်းမှာ ဒီတိုင်းပဲရှိတယ်နော် မြတ်စွာဘုရားကိုယ်တိုင်ကိုယ်က တစ်ဦးတစ်ဦးငဲ့ညှာထောက်ထားပြီး တစ်ဦးရဲ့ စိတ်ဆန္ဒမဖြစ်ရအောင် တစ်ဦးရဲ့တစ်ဦး အလိုဆန္ဒမကျတာ တစ်ဦးတစ်ဦး အနှောက်အယှက် မဖြစ်အောင် မြတ်စွာဘုရားဆုံးမခဲ့တာဖြစ်တယ်။ ဝိနည်းကျမ်းတွေထဲမှာ အလွန်ပြည့်ပြည့်စုံစုံရှိတယ်။ အဲဒါ လူ့ယဉ်ကျေးမှု လိုက်နာရမည့်အချက်တွပဲလို့ဆိုလိုတယ် အဲတော့ ဒီလိုယဉ်ကျေးတဲ့အနေအထားတွေဟာ ဘုန်းကြီးတို့တတွေလည်း သတိထားကြရမှာဖြစ်တယ်။ ကိုယ်နဲ့အခန်းတစ်ခန်းထဲမှာ နှစ်ယောက်ထဲနေပြီဆိုလို့ရှိရင် တံခါးပိတ်လို့ရမလား လေတိုက်လို့ သို့မဟုတ် တံခါးလေးဖွင့်ချင်တယ် ဖွင့်လို့ရမလား တစ်ဖက်သားရဲ့ဆန္ဒကို တောင်းခံပြီးတော့မှ ဖွင့်မယ် ပိတ်မယ် မီးဖွင့်ချင်တယ် ဖွင့်လို့ရမလား ဟိုဟာလည်း ဖွင့်ပါဖွင့်ပါဆို ဖွင့်လိုက် ဒီလို နှစ်ယောက်နေတဲ့အခါ တစ်ဦးရဲ့ဆန္ဒ တစ်ဦးရဲ့ဆန္ဒကို တစ်ဦးကလေးစားပြီး ခွင့်တောင်းပြီးမှ လုပ်တဲ့အလုပ်ဟာ လူ့ယဉ်ကျေးတွေ လုပ်တဲ့အလုပ်ပဲ။ ဒီလိုနေရမှာ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ တစ်ယောက်ထဲကျတော့ ဒီကိစ္စတွေ တစ်ခုမှမရှိတော့ဘူး။ မြတ်စွာဘုရားက ဟောထားတယ် တစ်ယောက်ထဲနေရတဲ့အကျိုး ရှေ့မျှော်ကြည့်လိုက်တယ် တစ်ယောက်မှ မတွေ့ဘူး လမ်းသွားတဲ့အခါတောင်မှ နောက်လှည့်ကြည့်လိုက်တယ် တစ်ယောက်မှ မတွေ့ဘူး ရှေ့မှာလည်း တစ်ယောက်မှ မတွေ့ဘူး နောက်မှာလည်း တစ်ယောက်မှ မတွေဘူး ဘေးမှာလည်း မတွေ့ဘူးပေါနော် အဲ့ဒီလို ခရီးသွားတဲ့ အချိန်လေးမှတောင် ရှေ့ကြည့်လိုက်ရင်လည်း တစ်ယောက်မှမရှိ နောက်ကြည့်လိုက်ရင်လည်း တစ်ယောက်မှမရှိ ကိုယ်တစ်ယောက်ထဲဆိုတဲ့အချိန်လေးမှာ အလွတ်လပ်ဆုံး နေထိုင်ရတာဟာ အကောင်းဆုံးပဲ။ အောက်ထစ်ဆုံးပြောရမယ်ဆိုလို့ရှိရင်တဲ့ ခြုံကြားဝင်ရတာတောင် လွယ်တယ်လို့ ပြောတာ ခြုံတိုးဖို့တောင်လွယ်တယ်ပေါ သိပ်တောင်အကာအကွယ်တောင် မလိုတော့ဘူး ဒီလိုဆိုလိုတယ်ပေါ ဒါ..မြတ်စွာဘုရားကိုယ်တိုင် အဲလိုပြောတာပေါနော်။ ရှေ့ကြည့်လိုက်မယ် တစ်ယောက်မှ မတွေ့ဘူး နောက်ကြည့်လိုက်မယ် တစ်ယောက်မှ မတွေ့ဘူး အေး..သဘာဝတရားအရ အခင်းကြီးအခင်းလေး သွားဖို့တောင်မှ လွယ်ကူတယ်လို့ ဒီလိုဟောခဲ့တာ။ တစ်ယောက်ထဲရဲ့လွတ်လပ်မှုတွေဟာ အများကြီးရှိတယ် တစ်ယောက်ထဲရဲ့လွတ်လပ်မှုတွေဟာ စာဖွဲ့လို့မကုန်နိုင်လောက်အောင် လွတ်လပ်မှုတွေ ရှိတယ် ဒါကြောင့်မို့ တစ်ယောက်ထဲနေတာကို သိပ်သဘောကျကြတယ်ပေါနော် သဘောကျကြတယ်။ —————————————————— တရားတော်အပြည့်အစုံနာရန် Link. https://m.facebook.com/story.php?story_fbid=636657130990062&id=100039373426604 { ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ } 🙏🙏🙏 ဓမ္မဒါန AUNG HTAY MYINT 23-9-2026

About