@mineismine614: ဒီတစ်ခါတော့ အိပ်မက်ဆန်တဲ့ကမ္ဘာဆီကိုအလည်သွားကြရအောင်...။ဝတ္ထုတစ်ပုဒ်ကိုစကားလုံးတွေနဲ့တွဲမှတ်ကြေးဆို ဒီဝတ္ထုကိုအိပ်မက်ဆန်တယ်လို့ပဲတင်စားချင်တယ်။ မေဇော်နုနဲ့အတူ ပဟေဠိတွေအလည် စံကားပင်တွေအလည်မှာစီးမျှောပျောက်ဆုံးပြီး မနိုးထချင်တော့တဲ့အထိတိမ်မွေ့တဲ့ခံစားချက် ကိုပေးနိုင်တဲ့ဝတ္ထုမျိုး...။ စာရေးဆရာမမြဦးမေရဲ့အတ္ထုပ္ပတ္တိကိုပြုစုဖို့အတွက် သူငယ်ချင်းမကချစ်သူမကျတဲ့မင်းညိုစင်တားတဲ့ကြားကနေ မြဦးမေနေထိုင်ခဲ့ရာအိမ်ကြီးဆီမရမကစွန့်စားထွက်လာတဲ့ မေဇော်နု...။သူမ မထင်ထားတာကမြဦးမေရဲ့အိမ်ဟာသာမန်အိမ်မျိုးမဟုတ်ဘဲ စံကားပင်ပေါင်း၃၁၇ပင်ရှိတဲ့ခြံကြီးရဲ အလယ်မှာတည်ရှိနေတယ်ဆိုတာပဲ... စံကားပင်တိုင်းမှာလည်းသူတို့နဲ့သက်ဆိုင်တဲ့ပုံပြင်ကိုယ်စီရှိကြတယ်။အဲဒီမှာ ထူးဆန်းစွာနဲ့စံကားပင်တွေအကြောင်းမေဇော်နုကိုပြောပြပေးတဲ့ ပုံပြောသူတစ်ယောက် စံကားပင်တွေအလယ်ကပေါ်လာခဲ့တယ်..သူ့နာမည်ကခွန်သာတဲ့...။ တကယ်ကိုသိမ်မွေ့ပြီးအိပ်မက်ဆန်တဲ့ဒီဝတ္ထုကရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတဲ့စိတ်နဲ့ရင်တမမဖတ်ရမယ့်ဝတ္ထုပဲ...။ဖတ်နေတုန်းမေဇော်နုနဲ့အတူလက်တွေ့ကျတဲ့ မင်းညိုစင်နောက်လိုက်ရမလား အိပ်မက်ဆန်တဲ့ခွန်သာနဲ့နေခဲ့ရမလားဇဝေဇဝါဖြစ်နေပါလိမ့်မယ်။ဆရာမကစာဖတ်သူတွေကိုနောက်ဆုံးအထိ ပဟေဠိပေးသွားမှာက ခွန်သာကလူလား ဝိညာဉ်လားဆိုတာပဲ။ဒီပဟေဋိကတော့ဖတ်သူအပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားနေပါလိမ့်မယ်။(ဖတ်ပြီးရက် ခွန်သာရဲ့ မေဖြစ်ချင်သွားပါလိမ့်မယ်) #bookworms #fypシ゚viral #tiktokmyanamar
mine❤︎︎
Region: MM
Monday 21 September 2026 13:42:28 GMT
Music
Download
Comments
KyayMone♉ :
ခွန်သာကိုသဘောကျပေမယ့်မေဇော်နုနေရာမှာကိုယ်သာဆိုမင်းညိုစင်ကိုရွေးချယ်ဖြစ်မှာ
2026-09-21 13:50:11
8
Khaing Zin Htun :
မေဇော်နုက ခွန်သာကို ဘာလို့မရွေးခဲ့တာလဲမသိ🥲
2026-09-21 13:46:24
8
W :
ကိုယ်တိုင်ကလဲ စိတ်ကူးယဉ်ဆန်လို့လားမသိ ဆရာမဂျူးရဲ့ ၀တ္ထုတွေထဲ ဒီစာအုပ်အကြိုက်ဆုံးပဲ လုံး၀ vibe ကအိမ်မက်ဆန်တယ် ဖတ်လို့ ကောင်း အဆုံးသတ်လေးတော့ ပေးညားစေချင်အမှန်ပဲ
2026-09-21 14:04:46
8
🍀lin lay♒ :
ငါသာဆို ဆက်ရှာနေမိမှာ🥺လွမ်းတယ် ခွန်သာရယ်🥺
2026-09-21 14:08:50
2
Lavandar Soe :
ဘယ်လောက်ထိ စွဲလန်းလှဲဆို ၂၀၁၅ ၂၀၁၆ fb နာမည်တောင် magnolia kobusလိုတောင်ပေးခဲ့သေးတာ
အခု ကျတော့ မောင်သက်ဝေကိုစွဲလန်းလို့lavenderပေါ့
2026-09-21 14:16:11
8
🤍🌷 White Tulip 🌷🤍 :
ကိုခွန်သာလေး...[Twin hearts][Twin hearts][Twin hearts]
2026-09-21 13:45:38
2
Vx :
happy ending လား sad ending လားဗျ
2026-09-24 07:32:48
1
KhinMayKhant :
16/17နှစ်တုန်းကခွန်သာ့ကိုပဲအရမ်းကြိုက်ပြီး အချစ်ဦးဖြစ်ခဲ့တယ်။နောက်10နှစ်အကြာလွမ်းလို့ထပ်ဖတ်တော့ ခွန်သာ့ကိုရောမင်းညိုစင်ကိုပါလိုချင်သွားတယ်။🤭🤭
2026-09-21 15:22:24
5
ကြောင်ဖြစ်ချင်တယ် :
ဖတ်ပြီးတုန်းက ကိုယ်သာဆိုရင် အဲ့နေ့ညက ခြံထဲဆင်းပြီး ကိုခွန်သာကို ရှာခဲ့မိမှာဆိုတဲ့ အတွေးတွေးမိတယ် ending ကိုလဲ 2ရက်လောက် မုအွန်လိုက်ရတယ် ဒါပေမယ့် သေချာတွေးကြည့်ရင် မေဇော်နုကလဲ သူချစ်တဲ့သူနဲ့ဖဲ အတူရှိချင်မှာပေါ့လေ
2026-09-21 14:58:13
1
@Jay🧊 :
အရမ်းကောင်းသောလေးပါ။ဖတ်လို့တောင်မဝဘူး။🥺
2026-09-22 14:29:42
1
𝓔𝓵𝓸𝔀𝓮𝓷 :
"ကိုယ်လာမှာပေါ့"
2026-09-21 13:53:03
1
🤍𝒋𝒆𝒐𝒏✰Ⓙ︎Ⓤ︎Ⓝ︎Ⓖ︎ᵏᵒᵒᵏ★1997✵ :
''ကျွန်မ ရှာလိုက် ရတာ''
''ကိုယ်လာမှာ ပေါ့''
2026-09-22 06:46:37
1
Theint Theint ♏ :
ခွန်သာကလူလားဟင်
2026-09-21 16:49:14
1
Dia💕 :
ဒီကတော့ ကိုမင်းညိုက မေဇော့်မွေးနေ့မှာ ဘုရားသွားပေးတာနဲ့တင် ပစ်ကြွေသွားတာရော 😞💕
2026-09-21 21:44:16
1
tinnnie37 :
'ကျွန်မဖြင့်ရှာလိုက်ရတာ'
'ကိုယ်လာမှာပေါ့'
မေသာ သူ့ကိုအဲ့ညကသွားတွေ့ခဲ့မယ်ဆိုဇာတ်သိမ်းလေးကတမျိူးဖြစ်သွားလောက်မလား"
2026-09-22 10:44:56
1
Dawlinn Lat :
ကြိုက်တာ
2026-09-22 17:00:37
1
WIn🐢 :
ကိုခွန်သာ ကိုပြန်ခေါ်ပေး
2026-09-21 16:09:15
1
Mauu Wiriyakul :
စောစောစီးစီး မျက်ရည်ကျရပြီ (မနေ့ကလဲ "ဆုံနေရက်နဲ့လွမ်းနေခြင်း' နဲ့ )
2026-09-21 23:29:33
1
𝓼𝓽𝓪𝓻𝓯𝓲𝓼𝓱 :
ကို့မာတော့ ခုထိ လူလား တစ္ဆေလား မသဲကွဲ😔
2026-09-21 14:31:45
1
Hnin Mya Sandar :
ဖိဖိရေ ပိစိကိုလွမ်းဘူးလား😣
၀တ္ထုမဖတ်ဖြစ်လို့ နောက်ကျနေတာ
2026-09-21 13:57:48
1
𝒀𝑻² :
"ကိုယ်မလိမ်ရက်ဆုံးသူက မင်းပဲလေ"
2026-09-21 14:17:02
1
G♋🐈 :
my fav book☺ ခွန်သာရဲ့ နှလုံးခုန်သံကို နားထောင်ခွင့်ရတဲ့သူဖြစ်ချင်တယ်🤭
2026-09-21 13:55:25
2
Teasamae :
My favourite book🫶 အဲ့စာအုပ်ဖတ်တိုင်း ကိုယ်တိုင် စံကားပင်တွေကြားရောက်သွားတယ်လို့ခံစားရတယ်🥰
2026-09-21 13:55:05
1
To see more videos from user @mineismine614, please go to the Tikwm
homepage.