@pyae.sone2721: မွန်ပြည်နယ် မော်လမြိုင်မြို့ အမေရိကန်ကလေးဆေးရုံ မှ တာဝန်ရှိသူများ သိရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ ယခု မြင်တွေ့နေရတဲ့ video ထဲက ဆေးရုံအကူ (သန့်ရှင်းရေး) ဝန်ထမ်း လုပ်သားများဟာ နေ့စဉ် ဆေးရုံအတွင်း လူနာစောင့်များအပေါ် စကားကြမ်းကြမ်းတမ်းတမ်းများဖြင့် ပြောဆိုနေကြပါတယ်။ ဒါ့အပြင် ဆေးရုံအပြင်ဘက်ရှိ ၎င်းတို့၏ ပါတနာ (ကုလားမ) ဆိုင်သို့စွယ်ယူခေါ်ဆောင်ပြီး လိုက်လံပို့ဆောင်ခအဖြစ် ငွေ တစ်သောင်း ပေးဆောင်ရပါတယ်။ ထိုကဲ့သို့ အကျင့်ပျက်ဝန်ထမ်းများအား ဖော်ထုတ်အရေးယူပေးစေလိုပါတယ်။ ဆေးရုံ အဝင်ဝ၌ ရေးသားထားသော !! လူနာများအား နွေးထွေးစွာကြိုဆိုပါ၏ !! ဆိုတဲ့ ဆောင်ပုဒ်လေးကို အကောင်အထည်ဖော်ဆောင်စေလိုပါတယ်။
Pyae Sone
Region: TH
Monday 21 September 2026 14:49:46 GMT
Music
Download
Comments
😘single😘mothers😘 :
ဆေးရုံအကုန်လုံးမှာရှိတဲ့သန့်ရှင်းတေးအရမ်းမိုက်ရိုင်းကြတယ် ဆရာဝန်ဆရာမတေမကြောက်ရဘူး သူတို့ပဲကြောက်နေရတယ် တကယ်စိတ်ပြတ်စရာတေ
2026-09-21 17:11:17
553
Nova 🏳️🌈 :
တစ်ခြားဆေးရုံတော့မသိဘူး
ရန်ကုန် ပြည်သူ့ဆေးရုံကြီးကတော့ အဆိုးဆုံးထင်ပါတယ်
2026-09-21 23:11:19
97
♡🌻Myat Noe🌻♡ :
မောင်လေး ဆေးရုံတက်ရတော့ ဆေးရုံမှာ တလကျော်နေလိုက်ရလို့ သိလိုက်တာ တခုက ဆေးရုံ သန့်ရှင်းရေးသမားကိုဘဲ အပြစ်တင်လို့ မရဘူးဆိုတာဘဲ ဆေးလာ ကုကြတဲ့ လူနာနဲ့ လူနာစောင့်တွေကလဲ စည်းကမ်းမရှီကြဘူး ပုဂံ ေဆးဖို့ နေရာ ပေးထားတာ သူနေ ရာသူ မဆေးကြဘူး မျက်နာသစ်ခွက်ထဲ ဆေးကြလို့ မျက်နာသစ်ခွပ်ကြီး ဆီတွေ ထမင်း ေတွပြည့်ပြီ သုံးမရတာ မြင်ရတယ် အမှိုက်ဆိုလဲ လူနာစောင့်တွေ နားဖို့ အပြင်ဝရမ်းတာတွေ လုပ်ပေးထားလဲ ကွမ်းတံတွေးတွေ ထွေးပြီ ဒီအတိုင်း ပစ်ထားကြတယ် အမှိုက်ပုံထဲ သွားမပစ်ကြဘူး လှေးကားအတက်အဆင်းဆိုလဲ ကွမ်းတံတွေးတွေ နေရာတိုင်း ဒါကြောင့် သန့်ရှင်းရေး သမားတွေ ပါးစပ်ဆိုးတာ ဘာကြောင့်လဲကို ဆေးရုံမှာ တလကျော် နေလိုက်ရလို့ သိလိုက်ရတယ် လူတိုင်းက စည်းကမ်းတကျလေ နေပေး လုပ်ပေးမယ်ဆို သူတို့လဲ အခုလို ပါးစပ် ဆိုးလာမှာ မဟုတ်ဘူး ပိုက်ဆံ ပေးထားရတာဘဲ သူတို့အလုပ်လို့ ပြောလို့ မရဘူး ဆေးရုံမှာ လူပေါင်းများစွာ ဆေးလာကုကြတာ လူနာစောင့်တဲ့ မိသားစုဝင်တွေဆိုလဲ ပါလာကြတယ် စည်းကမ်းလေးနဲ့ အသိတရားလေး ရှီပြီ ကူညီဖေးမကြရင် သူတို့လဲ အခုလို ပါးစပ် ဆိုးလာမှာ မဟုတ်ကြဘူး
2026-09-22 02:38:32
55
Aung :
သူကိုအလုပ်ထုတ်စေချင်းတယ်
2026-09-21 17:38:35
50
Min :
လူတစ်ယောက်ရဲ့ဘဝ လူတစ်ယောက်ရဲ့စိတ်ရင်းကို သေချာမသိပဲ အပြစ်တင်မပြောသင့်ပါဘူး သူ့နေရာ သူလုပ်ရတဲ့အလုပ်ကို ခနလောက်ဝင်ကြည့်ပါ ဝင်လုပ်မကြည့်ရင်တောင် ဘေးကနေကြည့်လိုက်ပါ နမူနာတစ်ခုပြောပြမယ် အဲ့အစ်မက ကြမ်းတိုက်နေတယ် လူတေကို ဖြတ်မသွားဖို့ပြောထားတယ် တချို့လူတေက ဂရုမစိုက်ဘူး ဖြတ်လျှောက်ကြတယ် သူလည်း ခနခနပြန်လုပ်နေတော့ ပေါက်ကွဲတယ် ဒေါသထွက်တယ် စည်းကမ်းမရှိ နားလည်မှု့မရှိတဲ့ လူတချို့ကြောင့် သူက မိန်းမကြမ်း ဖြစ်သွားရော မယုံရင် သူလုပ်နေတဲ့အချိန် ဘေးကထိုင်ကြည့်
2026-09-22 00:10:09
37
Swe Zin :
ဆေးရုံတစ်ခုလုံးမှာကြောက်ဖို့အကောင်းဆုံးကသန့်ရှင်းရေးပါ တာဝန်ရှိသူတွေကိုယ်လဲအံ့သြတာအာဏာကအဲ့ဒီ့သန့်ရှင်းရေးတွေမှာပဲရှိတာလား ထင်တိုင်းကြဲခွင့်ပေးနေရအောင်ဘာမို့လို့လဲသူတို့က
2026-09-22 02:10:44
17
Kabyar Nyunt Oo ♑️🌧️ :
အရမ်းလူပြောများလာပြီးအစိုးရဆေးရုံတိုင်လိုလိုဖြစ်နေတာ
2026-09-21 17:21:59
43
✌မောင််မဲ✌14/ :
ဆေးရုံတိုင်းပါ စကား ပြောတာကြမ်းတမ်းကြတယ်
2026-09-22 01:04:10
15
Nan Htet Su (ထက်စု)🌸 :
ဟုတ်တယ်ဘားအံပြည်သူ့ဆေးရုံမှာလဲအဲ့လိုပဲသူတို့တွေကိုကြောက်ရတယ်
2026-09-21 17:57:20
9
Shwe Nyein :
ကျမ ထိုင်းမှာဆေးရုံတက်တာ သန့်ရှင်းရေးအမတွေက ပြုံးလို့ ကို့ဆီးဗူးကိုယ်တောင် ထမသွန်ရဘူး ဆီးဗူးလာယူတဲ့သူက သက်သက် စိတ်ချမ်းသာလို့ပဲ ကို့နိုင်ငံမှာဆို သန့်ရှင်းရေးလုပ်တဲ့သူကအစ ကြောက်နေရ😌
2026-09-22 01:06:45
11
Twins🥰သားသားအမွှားလေမေမေပါ🥰 :
ငွေမိုဆေရုံမှာအ့လိုမရှိဘာဘူး ကျမကိုယ်တိုင်လက်တွေ့ တွေ့ရတယ် အရမ်သဘောကောင်ကြတယ် ငွေ မိုဆေရုံမှာဆိုအကုန်အရမ်အဆင်ပြေတယ် စိတ်ချမ်သာရတယ်ရှင့် အခုလို၀န်ထမ်းမရှိဘာဘူး 🥰🥰🥰
2026-09-21 20:21:48
9
Su cherry hlaing myint :
သူတို့ကိုပိုကြောက်နေရတယ်
2026-09-21 23:35:29
6
Chit Nge~~~ :
ကိုယ့်သမီးဆေးရုံတက်ရတုန်းကလဲ ကိုယ်နဲ့သူနဲ့တစ်ပွဲဖစ်သေး 😬
2026-09-21 19:29:35
10
Wutt Hmone :
ဟုပ်တယိသန့်ရှင်းရေးတွေကပိုဆိုးတယ်ပီရင်စောင့်ကောင်းကိုမပြောဘူးသူတိုကပေးနေကြွေးနေမှသူတိုကဂရုစိုက်ပေးတာကျွန်မယောင်မခလေးမွေးတုံးကမှသိရတာပါအရမ်းအပေါက်ဆိုးတယ်ပီတော့ဆင်းရုံမဆင်းခင်ဆွေးနွေးတိုင်ပင်ကြတယ်သူတိုဆေးရုံမကောင်းကြောင်းတွေအပြင်လူကိုမကောင်းတာတွေမ ပြောပါနဲ့တဲ့သူတိုဆီကသန်ရှင်းရေးတွေကပိုဆိုးနေတာကြောက်ဖိုကောင်းတယ်
2026-09-21 17:27:46
16
ခင်စန္ဒာ :
ဆေရုံမှာဆိုရင်လေးဆရာဝန်တွေ့ကိုမကြောက်ရဘူးသူတို့ကိုယ်ပဲလူကကြောက်နေရတယ်ဘာလုပ်လုပ်😏😏
2026-09-21 17:09:26
11
✨Hnin Khaing ✨Online Shop🛍️ :
ဟုတ်တယ်ကိုယ်ဆေးရုံတတ်တုန်းကလဲအဲလိုပဲသူတို့ကဆရာ၀န်ထပ်ပိုကြောက်ရတယ်
2026-09-21 20:07:03
6
꧁༺MIN YATU PAING༻꧂ :
အဲ့တာ ကိုယ်တွေ့အမှန်တွေပါပဲး ဆေးရုံးတိုင်းမှာ ဆရာဝန် ဆရာမများကို မကြောက်ရဘူး သန့်ရှင်းရေးနဲ့ သော့ကိုင်ကို ကြောက်နေရတယ်ဗ ျ
တံခါးဝမှာချိတ်ထာတဲ့ လူနာများအပေါ် နွေးနွေးထွေးထွေးဆက်ဆံပါဆိုတဲ့ ဆိုင်ပုဒ်က အလကားပါဗျာ လူမြင်ကောင်းအောင် လုပ်နေကြတာ
2026-09-22 00:03:02
6
Moe Yate Phyu :
ဆေးရုံတိုင်းက သန့်ရှင်းရေးတွေဘာလို့အရမ်းရိုင်းကြတာလဲ အတူတူသင်တန်းတက်ထားကြလို့လား
2026-09-21 18:39:58
6
Dar Dar🥝 :
စကားကိုပြေပြေလည်လည်ပြောလဲရပါတယ် သန့်ရှင်းရေးနဲ့ ဆေးရုံအကူဝန်ထမ်းတချို့လဲအဲ့လိုပဲ
ဘာလို့မောက်မာရိုင်းစိုင်းနေမှန်းကိုနားမလည်တာ သူတို့ထုံးစံလားမသိဘူး တာဝန်ရှိသူများအနေနဲ့ ဆိုဆုံမပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်😊
2026-09-22 01:11:04
7
꧁Oak Soe Hein꧂ :
ဟုတ်တယ် အာ့တာအမှန်ပဲညီမသားလေး 1လပိုင်းကဆေးရုံးတက်ဖူးတယ် ဆရာဝန်ဆရာမတွေကစိတ်ကောင်းခလေးငိုနေလို့တောင်ဆရာတစ်ယောက်က ကာတွန်ပါဖွင့်ပြ ကြောက်နေရတာသန့်ရှင်းရေးသမားတွေကိုအော်လိုက်ဟောက်လိုက်နဲ့ပြောကိုမပြောချင်တော့ဘူးသူတို့စိတ်ဓတ်တွေမကောင်းဘူး
2026-09-21 17:09:08
7
သူတောင်းစားမကငါ🙂 :
ကော့သောင်းမြို့(2)မိုင်ပြည့်သူ့ဆေးရုံမှာရောရှိတယ်သန့်ရှင်းရေးအဆင့်ဘဲ့သေးတအားရန်လိုတာသန့်ရှင်းရေးအဆိုးဆုံး
2026-09-22 06:29:06
1
Noe Noe Ko (official) :
အာ့မျိုးရှယ်ပေးရမယ်
2026-09-22 02:31:31
2
malae :
လူတွေက အပေါက်ဆိုးတာပဲမြင်ကြတယ် သူ့နေရာမှာ ကိုယ်ဆိုတဲ့စိတ်နဲ့ ဝင်ပြီး အဲ့ဒိအလုပ်ကိုလုပ်ကြည့်လိုက်ပါ ကိုယ့်အိမ်မှာတောင် သန့်ရှင်းရေးလုပ်ပြီး ပြန်လာရှုပ်ထားရင် ကိုယ့်သားသမီးပဲဖြစ်နေပါစေ ရှင်တို့စိတ်တိုတတ်ကြတာပဲမဟုတ်လား အခုလိုလူအများနဲ့နေရာဆို ပိုဆိုးတာပေါ့ တစ်ချိုကြတော့ အသိစိတ်ကအောက်တန်းကျကြပါတယ် တချို့ကြတော့ အဆင့်အတန်းရှိကြပါတယ်လူသားချင်းစာနာပေးတတ်တယ်
2026-09-22 05:42:13
3
NiNi :
ကော့သောင်းဆေးရုံလည်းအတူတူပဲတစ်ပုံစံတည်း
2026-09-22 02:30:19
1
Rose :
ဆေးရုံတိုင်းအတူတူပဲ
2026-09-22 01:15:21
3
To see more videos from user @pyae.sone2721, please go to the Tikwm
homepage.