@bon.sai396: "သူ စိတ်မကောင်းဖြစ်မှာစိုးလို့..." "သူနဲ့ ပြဿနာမဖြစ်ချင်လို့..." "သူ့ဘက်က အခက်အခဲလေးတွေကို နားလည်ပေးချင်လို့..." ဆိုတဲ့ ဆင်ခြေတွေနဲ့တင် ကိုယ့်ရဲ့ ခံစားချက်တွေကို အမှိုက်ပုံးထဲ ခဏခဏ ပစ်ထည့်ခဲ့ဖူးတယ် မဟုတ်လား။ အစပိုင်းမှာတော့ ဒါဟာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်နဲ့ အလိုက်သိခြင်းလို့ ကိုယ် ထင်ခဲ့တာပါ။ ဒါပေမဲ့ ကြာလာတော့မှ သိလိုက်ရတယ်... ကိုယ်က နားလည်ပေးလေလေ၊ ဟိုဘက်က ပိုပြီး အနိုင်ယူလာလေလေပါပဲ။ ကိုယ်က အဆင်ပြေပါတယ်လို့ ဟန်ဆောင်ပြလေလေ၊ ကိုယ့်ရဲ့ နာကျင်မှုတွေကို သူတို့ ဘယ်တော့မှ မမြင်နိုင်တော့လေလေပဲ။ အမြဲတမ်း 'နားလည်ပေးရတဲ့သူ' နေရာမှာပဲ စွဲစွဲမြဲမြဲ ရပ်တည်ပေးနေရင်... တစ်ဖက်လူအတွက်တော့ သင်ဟာ 'သဘောကောင်းတဲ့သူ' မဟုတ်တော့ဘိုင်း 'ဘာလုပ်လုပ် ရတဲ့သူ' ဖြစ်သွားတတ်တယ်။ သင့်ရဲ့ အလိုက်သိမှုကို တန်ဖိုးမထားတော့ဘဲ ဒါဟာ သင့်ရဲ့ တာဝန်တစ်ခုလို၊ သင့်ရဲ့ ပုံမှန်ခံယူချက်တစ်ခုလို သဘောထားသွားကြလိမ့်မယ်။ စာရေးဆရာမ ဂျူး ရေးခဲ့သလိုပါပဲ... "လူတစ်ယောက်အတွက် ကိုယ်ဟာ အမြဲ 'နားလည်ပေးရတဲ့သူ' ပဲ ဖြစ်နေရင်... အဲ့ဒီဆက်ဆံရေးမှာ ကိုယ့်ကို တန်ဖိုးထားမှု မရှိတော့ဘူးဆိုတာ သတိထားပါတဲ့။" ကိုယ်ကိုယ်တိုင်ကို ပျောက်ကွယ်သွားရလောက်အောင်၊ ကိုယ့်သိက္ခာနဲ့ တန်ဖိုးတွေကို ပေးဆပ်ရလောက်အောင် ဘယ်ဆက်ဆံရေးမှ မထိုက်တန်ပါဘူး။ အတ္တကြီးတဲ့သူတွေကြားမှာ အမြဲ အလိုက်သိပေးရတာ မောလှပါပြီ... ဒီနေ့ကစပြီး သူများကို နားလည်မပေးခင် 'ကိုယ့်ကိုယ်ကိုယ် မပင်ပန်းစေနဲ့တော့' နော်။ #Crd #foryou #Bonsai #LGBT #knowledge

Bon Sai
Bon Sai
Open In TikTok:
Region: MM
Monday 21 September 2026 16:13:23 GMT
321
12
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @bon.sai396, please go to the Tikwm homepage.

Other Videos


About