@tarot.by.angel: လွမ်း လွမ်းတယ်။ ဒီတိုင်းလေးပါပဲ။ ဘာဆက်ပြောရမှန်းလည်း မသိဘူး။ နင်ရော အဆင်ပြေရဲ့လား။ နေကောင်းကျန်းမာရဲ့လား။ တစ်ခါတလေ အဲဒီလောက်လေး မေးချင်ရုံနဲ့ နင့်ကို လွမ်းတယ်။ တိမ်တွေမြင်ရင် လွမ်းတယ်။ ဒါကြောင့်လည်း နင့်ကို လွမ်းမိမှာစိုးလို့ ကောင်းကင်ကို မကြည့်ဖြစ်တာ ကြာလှပြီ။ နွေရာသီရောက်ရင် အတူတူမှာသောက်ခဲ့တဲ့ ကြံရည်ကို လွမ်းတယ်။ မိုးရွာရင် မိုးရေတွေကြားထဲ ငါ့ကို နင် ကုန်းပိုးခဲ့တဲ့နေ့ကို လွမ်းတယ်။ ဆောင်းဝင်လာရင် အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပူပူ မုန့်ဟင်းခါးတစ်ပွဲရှေ့မှာ နှစ်ယောက်သား အတူထိုင်ခဲ့ဖူးတာကို လွမ်းတယ်။ အခုထိလည်း လူအုပ်ထဲမှာ နင့်အရပ်နဲ့ဆင်တဲ့သူ၊ နင့်ကိုယ်ဟန်နဲ့ တူတဲ့သူတစ်ယောက် ဖြတ်သွားတိုင်း နင်များလားလို့ ငါ လှမ်းကြည့်မိတုန်းပဲ။ မဟုတ်မှန်းသိရင်လည်း ခဏလောက် ဝမ်းနည်းမိတုန်းပဲ။ လွမ်းတယ်။ ဒါပေမယ့် တစ်ချိန်က သိပ်ရင်းနှီးခဲ့တဲ့ နင့်အငွေ့အသက်တွေ၊ နင့်အနံ့တွေကတော့ တဖြည်းဖြည်း မှိန်လာပြီ။ မှတ်ဉာဏ်ဆိုတာလည်း ထူးဆန်းတယ်။ မမေ့ချင်တဲ့အရာတွေကိုမှ တဖြည်းဖြည်း ယူသွားတတ်တယ်။ တစ်နေ့ကျရင် နင့်မျက်နှာကို ငါ သေသေချာချာ ပြန်မမှတ်မိတော့တာမျိုး၊ နင့်အသံ ဘယ်လိုရှိခဲ့လဲဆိုတာ ပြန်စဉ်းစားလို့ မရတော့တာမျိုး၊ နောက်ဆုံးမှာ နင့်နာမည်ကိုတောင် ငါ့ဦးနှောက်က မေ့သွားတာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့်— နင် ဘယ်သူလဲဆိုတာ မေ့သွားရင်တောင် နင်နဲ့ ဘာတွေဖြစ်ခဲ့လဲ မမှတ်မိတော့ရင်တောင်၊ ငါ့နှလုံးသားရဲ့ တစ်နေရာရာမှာတော့ တစ်ခုခု ပျောက်ဆုံးနေသလို ဟာနေဦးမယ် ထင်တယ်။ အဲဒီအခါ ငါက ဘယ်သူ့ကို လွမ်းနေတာလဲ မသိဘူး။ ဘာကို လွမ်းနေတာလဲလည်း မသိဘူး။ သိတာတစ်ခုပဲရှိမယ်— တစ်ယောက်ယောက်ကို အရမ်းချစ်ခဲ့ဖူးသလို၊ တစ်ခုခုကို အရမ်းဆုံးရှုံးခဲ့ဖူးသလို၊ ဘာကိုလွမ်းမှန်း မသိတော့တဲ့အထိ ငါ လွမ်းနေဦးမယ်။ လွမ်း Angel ❤️🌹

Tarot by Angel
Tarot by Angel
Open In TikTok:
Region: GB
Monday 21 September 2026 21:22:37 GMT
14192
2105
180
35

Music

Download

Comments

tarot.by.angel
Tarot by Angel :
ရင်တွင်းဖြစ် ရေးသားထားသော စာ ဖြစ်ပါသည် မည်သူမဆို လွတ်လပ်စွာ ရှယ်ပါ Copy & credit ခွင့်မပြုပါ လူကြီးမင်း၏ လေးစားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင် ❤️
2026-09-21 21:22:59
38
waiwai1622017gmail.com
y🤍Libra♎ :
ဘယ်အရာမှ မမြဲတဲ့လောကကြီးမှာ လွမ်းနေခွင့်လေးတော့ရှိတယ်ဟုတ် နက်နက်ရှိုင်းရှိုင်း လွမ်းပါတယ်😔
2026-09-22 05:11:49
2
khinchotint2
Khinchotint :
နှလုံးသားကိုလေးစားပါတယ်။တခါတလေမဖြစ်နိုင်တော့လို့ကန့်သတ်တားမြစ်နေတာဆက်သွားနေချင်ခဲ့မိတာဖြူစင်တဲ့မေတ္တာကအရင်းခံသက်သေပြချက်တွေပါ။ခံစားရပါတယ် နှလုံးသားရှိသူတိုင်းအတွက်ထပ်တူထပ်မျှခံစားရပါတယ်
2026-09-22 06:11:40
1
naing251292
🌼သင်္ခါရ🌼 :
စာသားလေးတွေက လွမ်းတဲ့ခံစားချက်လေး ခံစားရမိပါတယ် မရေ🥰🥰🥰
2026-09-22 10:12:47
1
gsujevk3
အချစ်ရိပ်🌹🌈 :
ဟုတ်ပါတယ်ခုထိလွမ်းနေတုန်းပါဘဲလေ🥺🥺🥺🥺🥺🥰🥰🥰🥰🥰
2026-09-22 07:40:02
2
ace28747
Ace :
❤️
2026-09-22 23:38:31
2
user9941350327824
မြတ်နိုး(တပြည်သူ) :
အလွမ်းကလူတိုင်းနဲ့မကင်းနိုင်တာမျိူးပါလား
2026-09-22 15:48:47
1
lmo0194
စျာန် 🌧☕♋🤍 :
စာအရေးအသားက ရသမြောက်ပါတယ် အဲ့တော့ ငါလဲလွမ်းပြီပေါ့ ဟာတာတာနဲ့ ဘာလွမ်းမိပါလိမ့်🙂🥰
2026-09-22 05:25:09
1
aooo874
^* :
🥰🥰🥰🥰🥰ဆရာရယ်အလွမ်းတွေက😢
2026-09-22 04:50:36
1
c44keww
Hey it's ariaa! ☃️ :
စာသားလေးရယ် သီချင်းလေးရယ် တခုခုကို ပြင်းပြင်းရှရှလေး ခံစားလိုက်ရတာ နင့်ကနဲပဲရှင်
2026-09-22 09:18:48
1
k3at7
k3at :
🥰
2026-09-22 03:45:04
1
bokyaxllfg0
💔💔💔..ငါ အညတရ💔💔💔🎸 :
မမရာယ်
2026-09-22 14:14:26
1
user1703226183106
user1703226183106 :
ချစ်တယ်အိမ်ဂျယ် 528
2026-09-22 13:34:48
1
moonlight30721
Moonlight307 :
လှလိုက်တာ
2026-09-22 12:26:03
1
24680sky
🇲🇲 Minn Co Co 🇰🇷 Sky :
💞
2026-09-22 00:01:28
2
dawmaozoo0t
May Zin Win Shwe :
မဂ်လာပါ
2026-09-22 02:53:09
1
susan.winn18196
Susan :
လွမ်းပေမယ့်လည်း သူ့ကိုစာသွားပို့နေရင် သူစိတ်ညစ်တာကို ဖိအားပေးရာဖြစ်နေတယ် အတတ်နိုင်ဆုံးတော့ စကားသွားမပြောမိအောင်နေနေရတာ ပင်ပန်းလိုက်တာ ဆရာမရယ်
2026-09-22 06:03:17
2
koko313955
🎸🎸 Ko Ko 🎸🎸 :
🙄🙄🙄🥺🥺🥺🥺🥺
2026-09-21 22:28:58
1
thandar0730
Dar Dar :
တိုက်ဆိုင်မှုကထပ်တူကျနေရော🥺ဆရာမလေး ရယ်
2026-09-22 02:42:51
1
ma.chit.su708
ma chit su :
Wow! နတ်သမီးလေးရေ 🥰🥰🥰🥰🥰🥰🥰
2026-09-22 01:04:32
1
user2188470686129
ကြည် :
[Sticker] 😍😘
2026-09-22 00:41:56
1
user8231781788723
ရဲထွဋ် :
ချယ်လေး❤️ကိုယ်ပါရောပြီးလွမ်းသလိုလို ဘာလိုလိုတွေဖြစ်ကုန်ပြီ ၊ရေးချလိုက်တာ နုနေရောပဲ 🥰
2026-09-22 00:53:54
1
myint8271
myint :
ချစ်လိုက်တာ
2026-09-22 00:18:27
1
To see more videos from user @tarot.by.angel, please go to the Tikwm homepage.

Other Videos


About