@ashin.kondanna.phd: နှစ် ၂ဝ ကျော်မှ ပြန်လည်တွေ့ဆုံရတဲ့ မယ်တော်ကြီးကို လိုလေသေး မရှိအောင် ထောက်ပံ့ခဲ့ပါတယ်။ မယ်တော်ကြီးကို စိတ်ချမ်းသာအောင် လည်း ထားပါတယ်။ ဒါပေမဲ့ မယ်တော်ကြီးမှာ သက်တမ်းမရှည်ခဲ့ပါ။ မိမိတို့ သားအမိ ပြန်တွေ့ပြီး နောက်တစ်နှစ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားရှာပါတော့တယ်။ မကွယ်လွန်ခင်မှာ မယ်တော်ကြီးကို ဆေးခန်းကောင်းကောင်းမှာ ပြသပြီး အထူးကုတွေနဲ့ ဆေးကုသခွင့်တော့ ရခဲ့ပါတယ်။ မယ်တော်ကြီး မကွယ်လွန်ခင် အလွန်အံ့ဩစရာ၊ သံဝေဂရစရာတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒါကတော့ မယ်တော်ကြီးဟာ ခမည်းတော်ကြီးကို အင်မတန် နိုင်ခဲ့ပါတယ်။ ခမည်းတော်ကြီးရဲ့ဖခင်(အဘိုး)မကွယ်လွန်ခင် အချိန်လေးမှာ သူ့သားလေး (မိမိအဖေ) ကို သိပ်ပြီးတွေ့ချင်တော့ စာတွေ ခဏခဏပို့ပါတယ်။ မယ်တော်ကြီးဟာ ပို့လိုက်တဲ့စာတွေကို ခမည်းတော်ကြီး မမြင်အောင် သိုသိပ်ထားခဲ့ပါတယ်။ အဘိုးကွယ်လွန် သာသွားပါတယ်၊ သူ့သားလေးဖြစ်တဲ့ ခမည်းတော်ကြီးကို နောက်ဆုံးအနေနဲ့ မမြင်လိုက်ရရှာပါဘူး။ ခမည်းတော်ကြီးမမြင်အောင်၊ သားအဖတွေ မတွေ့အောင် စာဝှက် ထားတဲ့ အကုသိုလ်ကံဟာ မယ်တော်ကြီး ကွယ်လွန်ခါနီးမှာ အကျိုးပေး ပါတော့တယ်။ ဘယ်လို အကျိုးပေးသလဲဆိုရင် မယ်တော်ကြီး မကွယ် လွန်ခင် အချိန်လေးမှာ စာရေးသူအပါအဝင် သူ့သားသမီးတွေ အားလုံး ကို တအားတွေ့ချင်နေပါတယ်။ ဒါပေမဲ့ ဘယ်သူ တစ်ဦးတစ်ယောက်မှ မယ်တော်ကြီးအနားမှာ မရှိကြပါဘူး။ အကုသိုလ်ကံ အကျိုးပေးပုံများ (မယ်တော်ကြီး ဝဋ်လိုက်ပုံများ) ကြောက်စရာ ကောင်းလှပါတယ်။ မိမိဟာ မယ်တော်ကြီး ကွယ်လွန်ခါနီးမှာ ဖုန်းထဲကနေ တရား ရေအေးတွေကို တိုက်ကျွေးနေပါတယ်။ ဘယ်သူ့ကိုမှ သံယောဇဉ် မထား မိဖို့ တရားဓမ္မတွေ ဟောပြောနေရင်း ညင်ညင်သာသာပဲ အသက်ထွက် သွားပါတော့တယ်။ မယ်တော်ကြီး ကွယ်လွန်သွားချိန်မှာ မိမိနောင်တမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မယ်တော်ကြီးကို ပြန်တွေ့တဲ့ နှစ်အတွင်းမှာ မယ်တော်ကြီးကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာအောင် ထားပါတယ်။ လိုအပ်တာတွေကို လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့ ပါတယ်။ ဆေးကုသပေးခွင့် ရခဲ့ပါတယ်။ မကွယ်လွန်ခင်မှာ မယ်တော်ကြီးရဲ့ ကျေးဇူးကို ဆပ်ခွင့်ရလိုက်လို့ပါပဲ။ ကွယ်လွန်သွားတော့လည်း မယ် တော်ကြီးရဲ့ နာရေးကို ကျကျနန လုပ်ပေးခဲ့ရပါတယ်။ အလောင်းကို အုတ်ဂူသွင်းပြီး ပြုလုပ်ပေးခွင့်ရပါတယ်။ မယ်တော်ကြီး အသက်ရှိနေစဉ် မှာ စိတ်ချမ်းသာအောင် ထားခဲ့တာမို့ မယ်တော်ကြီး ကွယ်လွန်သွားချိန် မှာ ဝမ်းနည်းမှုမရှိတာပဲ ဖြစ်ပါတယ်။ #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #foryou #fyp #ရောက်ချင်တဲ့နေရာရောက်👌 #CapCut
🇨🇭 Kon Lay🇨🇭
Region: MM
Tuesday 22 September 2026 01:44:47 GMT
Music
Download
Comments
Ohn Mar Hlaing :
စိတ်မကောင်းတာတော့ဦးဇင်းလေးနဲ့ထပ်တူပါဘုရားအပြုံးလေးနဲ့ဖြေသိမ့်နိူင်ပါစေဘုရားရှေ့ကသွားသူနဲ့နောက်ကလိုက်သူပဲကွာတာပါဘုရားတရားရိပ်မှာပဲအေးချမ်းစွာသာသနာပြုနိူင်ပါစေ🙏🙏🙏🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-22 05:27:14
17
မမာဦး :
🙏🙏🙏
ခန္ဓာကိုယ်ရဲ့တည်ဆောက်ထားတဲ့ဖွဲ့စည်းပုံအရဝမ်နည်းရင်-ပူဆွေးသောကဖြစ်ရင်အလိုအလျှောက်မျက်ရည်ဆိုတာကျရပေမဲ့ဘုရားသားတော်လည်းဖြစ်တယ်-မိခင်ကိုစိတ်တိုင်းကျပြုစုစောင့်ရှောက်လိုက်ရတယ်-ကံ ကံ၏အကျိုးနှင့်ဝဋ်များလည်ပုံပြတ်ပုံကိုသိထားတော့ ဝမ်းနည်းစွာမျက်ရည်ကျပြီးကျေနပ်ပြုံးကိုပြုံးနိုင်တာပေါ့ဘုရားရိုသေစွာရှိခိုးကန်တော့ပါတယ်ဘုရား🙏🙏🙏🙏🙏
2026-09-22 04:01:37
8
🍀🍀ငွေလမင်း🍀🍀 :
ဦးဇင်းဘုရား ထပ်တူဝမ်းနည်းမိပါတယ်
တပည့်တော်မတို့ မှာမောင်နှမ ၅ယောက်ရှိပ်တယ်ဘုရား မေမေဆုံးတဲ့နေ့ မေမေ့အနားတယောက်မှရှိမနေခဲ့ပါဘူး အတူနေတဲ့ဖေကြီးတောင် အလုပ်လုပ်နေတာမို့မေမေတယောက်ထဲသေဆုံးနေတာမသိလိုက်ကြပါဘူး သူမဆုံးခင် သားသမီးတွေကိုဖုန်းခေါ်ထားတဲ့ဖုန်းကောလေးတွေကိုသူဆုံးပြီဆိုမှ
သိခဲ့ကြတာမို့တွေးလေတိုင်းဖြေမဆာ်နိုင်ဖြစ်ရပါတယ်ဘုရား🙏🙏🙏🙏🙏
2026-09-22 04:37:32
10
ညလေးးငယ် :
မျက်ရည်တွေနဲ့ပြုံးရတယ်ဆိုတာ
အင်မတန်မှ နာကျင်ရပါတယ်
ရှိခိုးကန်တော့ပါတယ် 🙏🙏🙏
2026-09-22 03:57:00
4
Sun Flower :
🙏🙏🙏
အတိဇာတသားတော်ပါ ဘုရား
ကြည်ညိုရပါ၏ ဘုရား
2026-09-22 14:04:31
0
Aunt Aye :
🙏🙏🙏မြတ်ဗုဒ္ဓ၏ သားတော်မို့ဒီလိုရယ်မောနိုင်တာပါဘုရား.
2026-09-22 03:43:45
4
D Khin Moh Moh :
အရှင်ဘုရား
2026-09-22 04:04:41
1
Zero. two :
ဘာကြောင့်မှန်းမသိဘူး ဒီလို စာသားလေးတေွ မိဘနဲ့ပတ်သတ်တာတေွတေွ့ရင် အလိုလို မျက်ရည်ကျမိပါတယ်ဘုရား🙏
2026-09-22 06:41:13
2
Loyal :
ကြည်ညိုပါ၏ဘုရား
မျက်ရည်လည်းကျရပါတယ်ဘုရား
2026-09-22 10:36:39
1
တစ်ယောက်တည်းလည်း အေးချမ်းပါတယ် :
စိတ်ဓာတ်လေးထားတတ်သွားတာ လေးစားအိပါတယ်ဦးဇင်းရေ[Pray][Pray][Pray][Pray][Pray]
2026-09-22 05:37:35
3
Ashin Thuseikta :
2026-09-22 03:06:45
2
C.K :
[Big LOL][Big LOL][Big LOL]ငါမတွေ့မိပါဘူး
2026-09-22 02:03:27
1
Cho Pyone :
တင်ပါဘုရား ဗဟုသုတ ရပါ၏ဘုရား
2026-09-22 06:20:36
0
🎱Tay Za🧿 :
အခုကအမေလဲမရှိတော့လိုအကိုဉီးဇင်းလဲပြန်လွန်တော်မူသွားပါပြီဘုရားအခုဒီစာသားနဲ့ဒီဉီးဇင်းတင်ထားတာတွေ့တော့အမေနဲ့အကိုဉီးဇင်းကိုသတိရပီးဝမ်းနည်းမြတ်ရေကြမိပါတယ်အရှင်ဘုရား
2026-09-22 09:17:50
1
Chal Chal 711 :
တင်ပါ့။ဗဟုသုတရပါတယ်ဘုရား။
2026-09-22 07:19:04
0
Shwe Pachi :
မိဘအပေါ်သိတတ်သောသားမောင်ပဥ္ဇင်းကိုသာဓုအကြိမ်ကြိမ်ခေါ်ပါသည်ဘုရား🙏🙏🙏
2026-09-22 06:00:41
1
Catherine :
သာဓု သာဓု သာဓုပါဘုရား မယ်တော်ကြီးအကြောင်းဖတ်ရတာ သံဝေဂလည်းရမိပါတယ်🙏🙏🙏
2026-09-22 04:26:01
1
dy0diksy8815 :
@သာဓုပါဘုရားသားတယောက်ရဲတာဝန်ကျေပြွန်ခဲ့ပါတယ်ဘုရား
2026-09-22 04:28:53
1
Aye thidar Lwin :
[Heartwarming][Heartwarming]တရားအသိလေးရခြေတော်စုံရှစ်ခိုးကန်တော့ပါတယ်ဘုရား[Heartwarming][Heartwarming]
2026-09-22 11:40:54
1
Soe :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-22 14:28:39
0
Pyae Sone :
သာဓု သာဓု သာဓု ပါဘုရား ဦးဇင်းလေး သက်ရှည်ကျန်းမာပါစေ🙏🙏🙏
2026-09-22 14:48:54
0
Thet Mar Myint :
🙏🙏🙏🙏🙏🙏
2026-09-22 14:34:39
0
Pann Nu :
🙏🙏🙏🙏🙏
2026-09-22 14:38:28
0
Phyulay Phyulay :
တပည့်တော်လဲအဖေဆုံးတာ၁၀ရက်ကြာမှသိခွင့်ရတာမယုံနိုင်ခဲ့ဘူးအဖေကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးအဝေးမှာရောက်နေတာအခုဆိုအဖေဆုံးတာ၁၈နှစ်ကြာခဲ့ပြီတကယ်ဆိုအဖေရဲ့နောက်ဆုံးအချိန်မှာအနားမှာရှိနေရမှာတပည့်တော်ရဲ့အဖေကလဲသားသမီးတွေအနားမှာရှိစေချင်ခဲ့မှာပါဘုရား
2026-09-22 10:30:37
1
Daw Khin Htay Myint :
သာဓုသာဓုသာဓုပါသားတော်
2026-09-22 04:01:36
0
To see more videos from user @ashin.kondanna.phd, please go to the Tikwm
homepage.