@midnite.aka.darkk: 1. အသံကျယ်ပြီး bpm တင်လိုက်ရင် လူတွေ ပိုက ကြလိမ့်မယ်လို့ ထင်ခြင်း မလိုအပ်ပဲနဲ့ အသံကို လိုတာထက်ပိုကျယ်လိုက်ခြင်းက လူတွေကို ပျော်ရွှင်စေခြင်းထက် ကိုယ် သီချင်းဖွင့်နေတဲ့ Venue ရဲ့ Speaker တွေကို ပျက်စီး စေမှုက ပိုများစေပါတယ် .. သီချင်းတစ်ပုဒ်ရဲ့ BPM ကို မူလ BPM ထက် များစွာ တင်ဖွင့်တာကလဲ သီချင်းရဲ့ Vibes တွေ Mood တွေကို ပျက်စီးစေတတ်ပါတယ် 2. တစ်နာရီ Set တစ်ခုလုံးကို Drop to Roll တွေပဲ ဖွင့်မှ မိုက်တယ်လို့ ထင်ခြင်း Breakdown မပါဘဲ တစ် Set လုံး Drop to Roll တွေချည်းပဲ Mixing လုပ်နေရင် က နေတဲ့ Crowd ရဲ့ Energy က အစောကြီး ကုန်ခမ်းသွားစေနိုင်သလို ကိုယ့်နောက်မှာ ဖွင့်မယ့် DJ အတွက်လဲ လူပါအောင် ပြန်ခေါ်ဖို့ အခက်အခဲ ဖြစ်စေတတ်ပါတယ် .. ဒါကြောင့် အပုဒ်တိုင်းကို Drop to Roll Mix တာထက် ကြားထဲမှာ Breakdown လေးတွေ ညှပ်ပြီး ဖွင့်ခြင်းက Crowd ကိုရော နောက် DJ အတွက်ပါ အဆင်ပြေစေပါတယ် 3. Festival Set တွေ အချိန်ကုန်ခံပြီး နားထောင်ဖို့ မလိုဘူး ထင်ခြင်း Festival မှာ ဖွင့်ခွင့်ရဖို့ဆိုတာ DJ တိုင်းရဲ့ အိပ်မက်ဖြစ်တာမို့ Festival တွေတိုင်းမှာ DJ တွေက သူတို့ရဲ့ အကောင်းဆုံး သီချင်းတွေ Performance တွေကို ပဲ ချပြကြပါတယ် .. Festival Set တစ်ခုကို အစအဆုံး နားထောင်လိုက်ရင် ကမ္ဘာကျော် DJ တွေ Mixing တွေ ဘယ်လိုလုပ်သွားလဲ International မှာ ဘယ်လိုသီချင်းတွေက Trend ဖြစ်နေလဲ Crowd Control ကို ဘယ်လိုလုပ်သွားလဲ မထုတ်ရသေးတဲ့ ဘယ်သီချင်းအသစ်တွေ ချပြသွားလဲ စတဲ့ အချက်တွေ ကို လေ့လာလို့ရနိုင်တာမို့ Festival Set တွေကို မဖြစ်မနေ နားထောင်သင့်ပါတယ်.. DJ သင်တန်း တက်ချင်သူများအနေနဲ့ ကျနော့်ရဲ့ Chat box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ဗျ ..
midnite_darkk
Region: MY
Tuesday 22 September 2026 12:06:28 GMT
Music
Download
Comments
19YoLo Couple93 ❤️ :
one of my favourite tech house club dj 🥰🥰🥰🥰
2026-09-23 02:51:43
1
JAXX :
playlist တွေက drop to buildup တွေဆိုရင် ရော အဆင် ပြေနိုင်လားဗျ
2026-10-07 04:44:43
0
澄芓 ❤️ :
အောက်က ပရိတ်သတ်ကို ဘာလဲ သိဖို့ အဓိက ပါရှင်၊ ဆေး သမား ပရိတ်သတ် နဲ့ အရက် ဘီယာ ပရိတ်သတ် မတူပါဘူး
2026-09-23 00:19:10
4
To see more videos from user @midnite.aka.darkk, please go to the Tikwm
homepage.