@eieimon536: လူတွေဆီကနေ အထာကျကျ ထွက်ခွါပါ ။ ဘာကို ဆိုလိုသလဲဆိုရင် လူတွေ ကိုယ့်အပေါ်ထားတဲ့ မေတ္တာ စေတနာ အတိုင်းတာကို စောကဒတက်ပြီး ငါ့ကို ဘယ်လိုဆက်ဆံလို့ ဘယ်လို လုပ်ရက်လို့ … ငါက ဒီလို ခံစားရတာပါ ငါက ဘယ်လို ပြောဆို ပြုမူစေချင်တာပါဆိုပြီး စိတ်အလိုမကျမှုတွေကို ဝမ်းနည်းစိတ် ၊ ဒေါသစိတ်တွေနဲ့ သိလာဖို့ ပြောဆိုမနေပဲ ၊ ကိုယ့်စိတ် ၊ ကိုယ့်အသိနဲ့သာ လုံလောက်ဖို့ ဖြစ်တယ် ။ ဘယ်စကားပြောရင် ဘယ်လို နာကျင်မယ်ဆိုတာ သိပါတယ် ။ ဘယ်လုပ်ရပ်ကတော့ ဘယ်သူ့ကို ထိခိုက်မယ်ဆိုတာ နားလည်ပါတယ် ။ ဘယ်စကားမျိုး ၊ ဘယ်အပြုမူမျိုးနဲ့ ပြန်ဖာထေးရင် အဆင်ပြေမလဲ သိပါတယ် ။ လူတိုင်း သိတဲ့အရာတွေကို … မေ့နေမလား ၊ မသိသလားအထင်နဲ့ သတိပေးစရာမလိုပါဘူး ။ အိပ်ချင်ယောင်ဆောင်သူကို နိုးဖို့ ကြိုးစားတဲ့အခါ … ကိုယ်ကပဲ toxic လို ၊ အကဲပိုနေသလို ပုံစံနဲ့ gaslight သာ ပြန်လုပ်လိမ့်မယ် ။ အဲဒီအခါမျိုးတွေမှာ … ကိုယ်မို့လို့ မေတ္တာမထားတာ ။ ကိုယ့်အပေါ် စေတနာ မရှိတာလို့ပဲ မှတ်ယူပြီး ကိုယ့်ကိုယ်ကို အနေထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။ သူ့စိတ်ကို သွားထိန်းချုပ်ချင်မိတဲ့ ကိုယ်တိုင်ကိုသာ ပြန်ဆုံးမရမှာပါ ။ စေတနာ ၊ မေတ္တာကြောင့်ပဲ ချစ်ခင်ကြတာ ၊ ကာကွယ်တာ ၊ လုံခြုံစေတာ .. ဒီအရာတွေ ကိုယ့်အပေါ်မရှိတဲ့သူက ဆန့်ကျင့်ဘက်တွေ လုပ်နေမှာပဲ ။ ဒီလိုလူဆီက ဘယ်အရာကိုမှ ကြီးကြီးမားမား မျှော်လင့်လို့ မရနိုင်ဘူး ။ ဒါကို သိနားလည်ပြီး .. ဆင်ခြေတွေ ဖြေရှင်းချက်တွေ ကြားရဖို့ ရန်ဖြစ် စကားများ စိတ်ပင်ပန်းခံပြီး ပြဿနာ မရှာပါနဲ့ ။ စကားတွေထက် လုပ်ရပ်တွေကိုသာ ကြည့်ပြီး … သူ့အတွက်အကျိုးမရှိ … ကိုယ့်အတွက်လည်း ပူလောင်စေမဲ့ နာလုံးပေါက်စရာစကားတွေကို မြိုသိပ်ပြီး … ကိုယ်တိုင်သာ တဖြည်းဖြည်း ကွယ်ပျောက်တတ်ဖို့ ကြိုးစားပါ ။ အဲလိုလူတွေက အထာကျဆုံးပဲ ။ ထစ်ခနဲရှိ စကားများရန်ဖြစ်ပြီး … ဖြေရှင်းစရာမလိုအပ်ဘူး ။ လုပ်ရပ်တွေက ပြောပြထားပြီးသားပဲ ။ ကိုယ့်နှလုံးသား နှင့် ဦးနှောက်ကိုသာ သဘောတူနိုင်ဖို့ သတိကပ်ရင်း … စိတ်ဒဏ်ရာပေးတဲ့ အရပ်ဒေသ ၊ ပတ်ဝန်းကျင် ၊ လူတွေဆီကနေ တိတ်တဆိတ် ထွက်ခဲ့ပါ ။ ဒီအရာဟာ သိက္ခာအရှိဆုံး နှင့် အကောင်းဆုံး လက်တုန့်ပြန်နည်းသာ ဖြစ်တယ် ။ တိတ်ဆိတ်တဲ့ ထွက်ခွါခြင်းဟာ … တစ်ဖက်လူရဲ့ မာန နှင့် အတ္တကို ကျိုးကြေစေတယ် ။ #crdစာသား #ရောက်ချင်ရာရောက်စမ်းကွာ
eieimon536 Single mom
Region: MM
Tuesday 22 September 2026 12:15:31 GMT
Music
Download
Comments
M.S.G :
2026-09-22 17:07:01
1
Than Than :
[Heartwarming][Kiss drop]
2026-09-22 14:02:09
1
ko phyo lay :
🥰🥰🥰
2026-09-23 02:53:30
1
Aung Phyo :
😘😘😘
2026-09-22 23:39:20
1
💚 U Thet💚 :
🥰🥰🥰
2026-09-22 22:52:38
1
ဝမ်းတွင်းစနေ :
👍👍👍
2026-09-22 21:50:24
1
HTOO HTOO :
[Heartwarming][Heartwarming][Heartwarming]
2026-09-22 23:39:59
1
အရိပ်ရဲအမုန်းမျာ :
[Shy][Shy][Shy][Shy][Shy]
2026-09-23 14:54:01
1
Arkar Moe :
[Heartwarming][Heartwarming][Heartwarming]
2026-09-22 16:12:12
1
ခိုလုံခွင့်ပေးမယ် ကိုကြီးပါ :
[Heartwarming][Heartwarming][Heartwarming]
2026-09-22 13:17:38
1
Alice :
😍😍😍
2026-09-22 14:50:50
1
myintkyawkyaw70 :
💙💙💙
2026-09-22 12:24:22
1
Myo. Thank. Htwe. :
💛💛💛
2026-09-22 14:00:30
1
Myat Thu :
🥰🥰🥰
2026-09-22 12:22:49
1
kyawkyaw :
🥰🥰🥰
2026-09-23 05:15:25
1
To see more videos from user @eieimon536, please go to the Tikwm
homepage.