@namgdidi521998pan777081g: မိတ္ထီလာမြို့မှာ အိုးဝေမောင်းတဲ့ အမျိုးသားတစ်ဦးကို လူငယ် ၃ ဦးက သံချွန်နဲ့ထိုးပြီး လုယက်သွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်က စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်တာပါ။ ဘူတာဟောင်းအနီးမှာ ခရီးသည်စောင့်နေတဲ့ မီနီအိုးဝေကို အသက် ၁၈ နှစ်ဝန်းကျင် လူငယ် ၃ ဦးက ငှားပြီး အမေကြီးအိုကွေ့အနီးအထိ လိုက်ပို့ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေရာရောက်တဲ့အခါ အိုးဝေကို ရပ်ခိုင်းပြီး လူငယ် ၃ ဦးက အိုးဝေသမားကို စကေဘာလို့ခေါ်တဲ့ သုံးမြှောင့်သံချွန်နဲ့ ထိုးနှက်ကာ လုယက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အိုးဝေသမားကလည်း ပြန်လည်ခုခံခဲ့ပြီး အနီးအနားက လူတွေ ရောက်လာတာကြောင့် လုယက်သူ လူငယ် ၃ ဦး ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အိုးဝေသမားမှာ လည်ပင်း၊ လက်မောင်းနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတစ်လုံး၊ ငွေကျပ် ၈ သောင်းနဲ့ လိုင်စင်စာရွက်စာတမ်းအချို့လည်း ပါသွားတယ်လို့ သိရပါတယ်။ ခရီးသည်တင်ပို့ပြီး အလုပ်လုပ်စားနေတဲ့ အိုးဝေသမားတစ်ဦးအနေနဲ့ ကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာရပြီး ပစ္စည်းနဲ့ ငွေကြေးတွေပါ ဆုံးရှုံးခဲ့ရတာပါ။ လုယက်သူတွေကတော့ အခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။ News Trends MM

𝗡𝗮𝗺𝗴 𝗗𝗶 𝗗i (တောင်ကြီး)
𝗡𝗮𝗺𝗴 𝗗𝗶 𝗗i (တောင်ကြီး)
Open In TikTok:
Region: US
Tuesday 22 September 2026 13:31:20 GMT
174038
2480
51
548

Music

Download

Comments

ydnkemgjira2925
Misaki💜🍓🌸 :
ခေတ်ပျက်နေတဲ့အထဲ ဒီလောက်တစ်နေ့နေ့စားဖို့အနိုင်နိုင်ရှာနေရတာ လူလူချင်းကူညီစည်းလုံးဖို့မတွေးဘူး လုယက်ခိုးဖို့ချောင်းနေတယ် သူများဆီကမတရားစားတော့ချမ်းသာလား အချင်းချင်းမကာကွယ်ဘဲသတ်နေကြတယ် ဘာသာမတူတွေကစည်းလုံးတယ် အဲ့ဒီခိုးယုယက်သတ်နေတဲ့သူတွေကြ ေပါ်တာမဆွဲဘူးနော် မပြောချင်ဘူး
2026-09-22 15:36:06
2
ohnmar9314
ohnmar :
ငါလည်းထီလာသူပါအမေအိုကြီးကွေ့ဆိုတာဘယ်နေရာလည်းမသိလို့
2026-09-22 14:56:23
2
titiphyo12
.....♋👑..... :
အာ့ကွေ့ကနာမည်ကြီးပီး နည်းနည်းတော့ကြက်သီးထတယ် အရင်က ကားတေခနခနမှောက်လို့ ဘုရားလေးတည်ထားတယ် လူပျက်တယ်
2026-09-22 15:11:58
1
snowrain30
Nandar :
ကိုယ်လည်းညောင်ကိုင်းနားမှာ ည7နာရီလောက်ကဖုန်းနဲ့ပိုက်ဆံအလုခံလိုက်ရတယ်
2026-09-22 15:01:51
2
a.thi71
🥰𝒜&𝒜🥰 :
ထီလာသူပါအမေကြီးအိုကွေ့မသိဘူးကွယ်🤔
2026-09-22 15:17:11
0
userjfheol5zfq
ဒီပ :
တာဝန် ယူပေးပါ ရှင်းလင်းပေးပါ
2026-09-22 14:58:00
1
hannadi105
cherry 🌸 :
ညီမအကိုဆိုအသေသက်သွားကြတာမဒရာမှာ လူတွေကလူစိတ်မရှိကြတော့ဘူး😭💔
2026-09-22 14:59:47
0
lwin.lwin67780
Lwin Lwin :
အမေအိုကြီးကွေကြားဖူးဘူးကိုယ်လဲထီလာသူဘဲ
2026-09-22 15:46:11
0
user944401973
🐘 Ko Pyae 🐘 :
ခက်ပျက်နေပြီးဗျ ယောက်ကျားမိန်မး ဘယ်သူကိုယ်မှာမယုံရတောဘူး လူတွေလူတွေ 🥺🥺
2026-09-22 15:29:06
0
noe_noe1230
💞💜Nway Nway Aung💜💞 :
ဟယ် လုပ်ရက်လိုက်ကျတာလူတွေရယ်
2026-09-22 15:26:49
0
ma.yamin.hlaing.16
Ma Yamin Hlaing 16383@ :
လုပ်ရက်လိုက်တာ
2026-09-22 15:07:52
0
use09265599474
#ရဲရင့်အောင်#ဆုမြတ် :
ယုတ်မာလိုက်ကြတာလုပ်မစားချင်ကြဘူး
2026-09-22 14:43:51
0
user756359926
su su :
လုပ်ရက်ကြတာ
2026-09-22 14:41:27
0
mee.nge.lay804
ကောက်စိန်မလေး😛 :
လူတွေရယ်🥹🥹🥹
2026-09-22 15:20:45
0
nan301674
🥰အရူးမလေး🥰💞 :
🥺လုပ်ရက်လ်ိုက်ကြတာ🥺သနားပါတယ်🥺
2026-09-22 14:47:46
0
kyawklwl014
💤🍺🍺🍺💤💤💤 :
အမေအိုကြီး ကွေ့ မကြားဘူးဘူးဟ
2026-09-22 14:39:54
0
nayminkhine21
Nayminkhine :
ပြတ်သားတဲ့အမိန့်ချဖိုတော့လိုနေpကြာရင်မလွယ်တော့ဘူး
2026-09-22 15:11:53
0
daw18838
Daw :
😳😳😳😳😳
2026-09-22 14:39:17
1
user6422165207775
user6422165207775 :
🥰🥰🥰🥰🥰🥰🥰
2026-09-22 14:40:40
1
mee.lay5934
Mee Lay :
[Crying]
2026-09-22 14:16:33
1
hsu.hsu20424
🧁 :
😔
2026-09-22 14:57:39
0
naw.lay876
Ngwe Lay :
🥺🥺🥺
2026-09-22 14:34:34
0
ni.lar.shwe61
Ni Lar Shwe :
😩😩😩😩😩😩
2026-09-22 14:42:37
0
user8186820504427e
😘😘😘a chit lay😘😘😘 :
🥺🥺🥺🥺
2026-09-22 15:41:11
0
win.min.htwe55
Win Min Htwe :
[Crying][Crying][Crying]
2026-09-22 13:54:53
0
To see more videos from user @namgdidi521998pan777081g, please go to the Tikwm homepage.

Other Videos


About