@kyawyewin123: ဟုတ်ကဲ့ လက်ရှိမှာတော့ ကျွန်တော် အရင်postတွေမှာ တင်ပြထားတဲ့အတိုင်း ကားစျေးကွက်က အတက်ဘက်ကိုပဲ ခုန်တက်နေပါတယ် ဘယ်လောက်တောင် အတက်ဘက်ကို ရောက်နေလဲဆိုရင် ဒီနေ့ကိုယ်ရောင်းလိုက်တဲ့ကားစျေးနဲ့ နောက်နေ့မှာ အဲ့ကားကိုပြန်လိုချင်ရင်တောင် အဲ့စျေးနဲ့မရတော့တဲ့ အနေအထားတွေထိကို ခုန်တက်နေပါတယ် အဓိက အကြောင်းအရင်းကတော့ အိမ်ခြံမြေဘက်က လူတွေနဲ့ ရွှေကိုင်ထားတဲ့သူတွေ ကားလောကထဲက်ို ခြေစုံပစ်ဝင်လာကြလို့ဖြစ်ပြီး အသေးစိတ်ကိုတော့ အချိန်ရရင် နောက်ပိုစ့်တွေမှာ တင်ပေးပါ့မယ် ထားပါဗျာ ဘာကြောင့်ပဲ တက်တက် အရေးတော့မကြီးပါဘူး အဓိက ပြောချင်တာက အောက်ပါအချက်တွေဖြစ်ပါတယ် (1)မိတ်ဆွေကားဝယ်မယ်စဉ်းစားထားရင် အခုပဲ ဝယ်လိုက်ပါ။(တက်နိုင်ရင်တော့ 2010 Modelအထက် Japan ကားတွေပဲဝယ်ပါ နိုင်ငံတော် Brand Suzuki ကတော့ စျေးအတက်ဆုံး Resale Value အကောင်းဆုံးပေါ့ဗျာ ကားတွေကတော့ သံသားပျော့ပြီး Driving feeling က JDMတွေလောက်တော့ အဆင်မပြေပါဘူး တစ်ခုတော့ရှိတယ် Swift GLXကိုတော့ တော်တော်သဘောကျတယ် SUZUKI ထဲက ဝယ်ရင်တော့ GLXလောက်ပဲ အဆင်ပြေတယ် Resale Value မှာလည်း သူကအစွာဆုံးပဲ ) (2)မိတ်ဆွေလက်ရှိ ကိုယ်စီးနေတဲ့ကားကို စျေးဘယ်လောက်လာပေးပေး မရောင်းလိုက်ပါနဲ့ လက်ရှိကနေ လက်မဲ့ဖြစ်သွားဖို့ 100%သေချာပါတယ် ဗေဒင်သွားမေးရင် ပိုက်ဆံကုန်ပါတယ် (Model မြင့်ရင် ပိုဆိုးပါတယ်) (3)မိတ်ဆွေက ကားရောင်းပြီး ကားထပ်မဝယ်တော့ဘူးဆိုရင်တော့ ရောင်းချင်ရောင်းလို့ရပါတယ် ပြန်ဝယ်မယ်ဆိုရင်တော့ နောင်တပဲရပါလိမ့်မယ် ကားတော့ရမှာမဟုတ်ပါဘူး လက်ရှိအချိန်မှာ ဝယ်လိုအားက ရောင်းလိုအားထက် အဆမတန်မြင့်တက်နေတဲ့အတွက် 2026ကုန်ထိ ကျဖို့လမ်းမမြင်ပါကြောင်း တင်ပြရင်း လူသားအားလုံး အဆင်ပြေကြပါစေဗျာ

Car Market Myanmar
Car Market Myanmar
Open In TikTok:
Region: MM
Tuesday 22 September 2026 15:50:06 GMT
488636
10652
293
1424

Music

Download

Comments

user1815721437848
ချစ်သူသိစေ :
artiga type 4 2020 2200 နဲ့ဝယ်ထားတယ် အနောက်မှာစက်ဘီးထိထားတဲ့ဒဏ်ရာအသေးလေးပါတယ် ဝယ်တာ ဈေးများသွားလားဗျ
2026-09-22 17:59:24
11
lay.lay3381
Lay Lay :
ကျားဖြန့်သာစံနစ်တကျနှိမ်နင်းခံရလျင်ကားစျေး အိမ်ခြံမြေတိုက်ခန်းစျေးတွေထိုးကျသွားနိုင်ပါတယ်
2026-09-25 08:14:11
7
user853206119123417
ကောက်ရိုးနွယ် :
ဘာများမှတ်တယ်။ ကားဈေး ဆက်ပြီးတက်စေချင် ၊ မကျစေ ချင် တဲ့ လူကိုး။
2026-09-22 23:47:35
219
u.kyaw.swar.u.kya
u kyaw swar :
ကားကိုရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပါနဲ့ အသုံးပြုစရာ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ပါ။ မိမိလိုရာခရီးရောက်ရင်တော်ပြီ
2026-09-22 23:43:23
131
kkh3000
Kaung :
ဘာလို့ဇွတ်တွေဝယ်ခိုင်းနေတာလဲ🤣🤣🤣 သုံးပြီးသားစက်ပစ္စည်းကို အမြတ်တင်အောင်ရောင်းတယ်ဆို ကတည်းက လွန်နေပြီ🤣
2026-09-23 10:31:49
57
myanmarjadetitejade
Starfish Jade :
ပါမစ်တင်သွင်းခွင့်တွေကနေ ကားတွေဝင်လာတဲ့အချိန် အခုလိုပြောနိုင်ပါစေ
2026-09-23 02:52:23
33
balar1983
DOOM :
Ratic 2009 push start Digital Aircon(ခဲရောင်) 1H/....လေး ရောင်းချင်တာ.. ဘယ်စျေးလောက်ရနိုင်လဲဗျ
2026-09-22 23:30:08
20
haeinchit4434
haeinchit4434 :
လူကြားလို့တောင် မကောင်းဘူး ကားဈေးက အခြေခံလူတန်းစားက ဘယ်လို ဝယ်မလဲ
2026-09-23 02:49:37
10
zm79481
ZM :
ကားပိုရှိသူတွေကိုပြည်သူပိုင်သိမ်းလိုက်[Snicker]ကားပိုရှိသူတွေကိုအခွန်သုံးဆဆောင်ခိုင်းလိုက်
2026-09-23 03:01:43
9
tsty85
သန့်စင် သူရ :
Toyota Vios လေးစီးနေတာ စီးကောင်းမောင်းကောင်းလေး မာရေကြောရေလည်းရှိပါတယ် ရောင်းပြီး zero kilo တရုပ်စီးရင် အဆင်ပြေနိုင်လား
2026-09-23 05:12:29
5
user8133192667013
ပြည့်လျှံ :
ကားစျေးတက်ခြင်းကို အားမကျပါဘူး ကားစျေးတက်တာက အဓိပါယ်ကိုမရှိလို့ပါ အချိန်တန်ရင် ကျကိုကျရမယ့်စျေးကွက်တခုပါ
2026-09-26 18:13:11
1
myo.nilar.win.11
Myo Nilar Win7 :
ကားဝယိအောငိ Marketing post
2026-09-27 09:13:52
3
vo.vo.tun
Vo Vo Tun :
ကားက မရှိမဖြစ်မဟုတ်ပါဘူး ဗျ မလိုအပ်ရင်မဝယ်တော့တာ အကောင်းဆုံးပါပဲ
2026-09-25 01:02:20
7
jonny.htet2
𝕳𝖙𝖔𝖔 𝕹𝖆𝖎𝖓𝖌 𝕬𝖚𝖓𝖌 :
ဝယ်လိုအားပါ လိုက်မဝယ်နိုင်ကျတော့ဘူး ခုဈေးက ပိုက်ဆံထားစရာနေရာမရှိတဲ့သူတွေလောက်ပဲတက်နိုင်တဲ့ဈေးဆိုတော့ အဝယ်ပျောက်တာပေါ့ဗျာ ရောင်းလည်းမရောင်းရဲ ပုံမှန်လူက 😁
2026-09-23 04:08:12
16
watch21802180
Yan :
Pajero 99 ရောင်းပြီး GLX လေးဝယ်ထားလိုက်တယ် 😁 တစ်လပြည့်တော့မယ်
2026-09-22 17:36:21
5
ztoa89
A to Z :
2006 မန်နူရယ် နယ်လိုင်စင် ဟိုက်ဂျက် ဟွန်တာ 2027/10 လပိုင်းထိ လိုင်စင်ကျန် ပြန်ရောင်းခြင်တယ်ဗျာ ဘယ်လောက်ရနိုင်မလည်းခန့်မှန်းချေ❤️❤️❤️
2026-09-23 13:27:37
4
myothura138
Myo Thura138 :
စစ်ဘေးသင့်ဒေသတွေနဲ့ လွတ်မြောက်နယ်မြေကလူတွေက လိုင်စင်ကားစီးတာအရမ်းရှားသွားပါပြီ အောက်ပြည်အောက်ရွာဘက်မှာအိမ်ရှိတဲ့သူတွေကလွဲလို့ တော်တော်များများကလိုင်စင်ကားတွေရောင်းပစ်ကျတာများပါတယ် Show Room တွေမှာဆိုလဲကားတွေက အများကြီးပါပဲအိမ်ခြံမြေနဲ့ ရွှေထက်စာရင် ကားဆိုတာ စျေးအကျပဲရှိပါတယ် အတက်မရှိပါဘူး တက်လဲခနပါပဲ ပြန်ကျမှာပါ
2026-09-23 15:03:39
7
htin.kyaw9228
Htin Kyaw :
Nissan March 2011 ရောင်းချင်တယ် how much
2026-09-26 18:43:28
0
nayalinnyaung007
နေအလင်းရောင် :
ပေါက်တော့မဲ့ ဘူဘောင်းပါ🤭
2026-09-23 02:28:58
15
shmy_ridah
Aether-bound :
Saveထားပြီးနှစ်စဉ်ဒီအချိန်ဆိုတင်လို့ရတဲ့post
2026-09-22 17:57:44
10
asterbobo
aster bobo :
မော်ဒယ်အမြင့်မဝယ်နိုင်လို့ CRV RD1 1999အသန့်ပဲစီးနေရပါတယ်
2026-09-22 18:50:43
7
az.hast
AZ {အာလာဒင် Gas တောင်ငူမြို့} :
Fit 2011 Lတန်းကား အတော်သန့်ရင် ဘယ်စျေးရနိုင်လဲးဗျ
2026-09-27 02:19:40
0
zawnaing9546
Zaw Naing :
ကားတန်ဖိုးကဘာရှိလို့တုန်းသိန်း200ဆိုပြန်လန်နေအောင်ရတယ်
2026-09-25 00:14:20
1
johny_kaspa
Kaspa :
mark 2 ကားတွေကစီးလို့တော့ကောင်းတယ် ဆီအတော်ကြိတ်တယ်ဆို ဟုတ်လားဗျ
2026-09-23 07:05:05
4
mct19170
MMS :
တချိန်ချိန်တော့ပြုတ်ကျမှာပါ
2026-09-23 02:52:09
4
To see more videos from user @kyawyewin123, please go to the Tikwm homepage.

Other Videos


About