@jackcarelli3: @Ana paula Moura @Eloah @𝕭𝖊𝖙𝖎𝖓𝖆. 𝖊𝖉𝖎𝖙𝖎𝖘 @Taty Souza988 @🩷ᥲᥒᥲ ᥲmᥲ ᥱmіᥣᥣᥡ🩷 @Taty Souza988 @꧁𝐄my ! 𝐊at n 𝐍𝐨𝐭𝐨𝐮!💜🚀 @Eloah @💌

Csgfsvhs
Csgfsvhs
Open In TikTok:
Region: BR
Wednesday 23 September 2026 02:23:01 GMT
230
11
1
1

Music

Download

Comments

ana.paula.moura830
Ana paula Moura :
[Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho][Coração vermelho]
2026-09-23 21:14:14
2
To see more videos from user @jackcarelli3, please go to the Tikwm homepage.

Other Videos

အခါတစ်ပါး ရွာတစ်ရွာတွင် မောင်ပညာဆိုသော သူတစ်ဦးရှိ၏ ။ မောင်ပညာသည် သူတတ်ကျွမ်းထားပြီးဖြစ်သော ဗေဒင်ပညာနှင့် ရွာစဉ်လျှောက်၍ သဒ္ဓါကြေးနှင့် ဗေဒင်ဟောပြီး ဝမ်းကျောင်းနေသူ ဖြစ်လေသည် ။ ညဉ့်အချိန် နားနေသောအခါများ၌ သူသည် ရွာဦးရှိ ဘုန်းကြီးကျောင်းများ၌ ဝင်ရောက် တည်းခိုလေ့ရှိသည် ။ သူ၏ ဇာတိဒေသဖြစ်သော ရွာရင်းသို့ကား ၄ - ၅ လကြာမှ တစ်ကြိမ်တစ်ခေါက် ပြန်လည်၍ ရောက်ရှိတတ်သည် ။ သူ၏ဇာတိရွာ၌ တစ်လခန့် နေပြီးသောအခါ မောင်ပညာသည် သူမရောက်ရလေသေးသော ရွာများဆီသို့ ခရီးတစ်ဖန် လှည့်ပြန်သည် ။ ရွာတစ်ရွာနှင့်တစ်ရွာအကူး ခရီးကွာလှမ်းပြီး မုန့်ပဲသရေစာသည်များကို  မတွေ့ရသောအခါများ၌ မောင်ပညာသည်  ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို  ခံရလေသည် ။ ယနေ့လည်း မောင်ပညာသည် မည်သည့် အစားအစာကိုမှ မစားခဲ့ရသေး သဖြင့် ဆာလောင်မွတ်သိပ်ခြင်းပြင်းစွာနှင့် ခရီးနှင်၍ လာခဲ့ရသည် ။ အတန်ငယ်သွားမိသော် ဗျောသံစည်သံများကို ကြားရ၍••
အခါတစ်ပါး ရွာတစ်ရွာတွင် မောင်ပညာဆိုသော သူတစ်ဦးရှိ၏ ။ မောင်ပညာသည် သူတတ်ကျွမ်းထားပြီးဖြစ်သော ဗေဒင်ပညာနှင့် ရွာစဉ်လျှောက်၍ သဒ္ဓါကြေးနှင့် ဗေဒင်ဟောပြီး ဝမ်းကျောင်းနေသူ ဖြစ်လေသည် ။ ညဉ့်အချိန် နားနေသောအခါများ၌ သူသည် ရွာဦးရှိ ဘုန်းကြီးကျောင်းများ၌ ဝင်ရောက် တည်းခိုလေ့ရှိသည် ။ သူ၏ ဇာတိဒေသဖြစ်သော ရွာရင်းသို့ကား ၄ - ၅ လကြာမှ တစ်ကြိမ်တစ်ခေါက် ပြန်လည်၍ ရောက်ရှိတတ်သည် ။ သူ၏ဇာတိရွာ၌ တစ်လခန့် နေပြီးသောအခါ မောင်ပညာသည် သူမရောက်ရလေသေးသော ရွာများဆီသို့ ခရီးတစ်ဖန် လှည့်ပြန်သည် ။ ရွာတစ်ရွာနှင့်တစ်ရွာအကူး ခရီးကွာလှမ်းပြီး မုန့်ပဲသရေစာသည်များကို မတွေ့ရသောအခါများ၌ မောင်ပညာသည် ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို ခံရလေသည် ။ ယနေ့လည်း မောင်ပညာသည် မည်သည့် အစားအစာကိုမှ မစားခဲ့ရသေး သဖြင့် ဆာလောင်မွတ်သိပ်ခြင်းပြင်းစွာနှင့် ခရီးနှင်၍ လာခဲ့ရသည် ။ အတန်ငယ်သွားမိသော် ဗျောသံစည်သံများကို ကြားရ၍•• " ရှေ့ကရွာ၌ကား အလှူကြီးပေးနေမည် အမှန်ဖြစ်သည် ။ အလှူအိမ်သို့ ရောက်လျှင်ကား ထမင်းအဝစားရတော့မည် " ဟု ကြံစည်လျှက် ခြေလှမ်းသွက်သွက်နှင့် ရွာထဲသို့ ဝင်လာခဲ့သည်။ ရွာတံခါးဝသို့ ရောက်သည်ဆိုလျှင်ပင် သူ ယခင် ၅ နှစ်ကျော်အခါက တစ်ခေါက် ရောက်ဖူးပြီးဖြစ်သော " ပိတ္တော " ဆိုသော ရွာကြီး ဖြစ်နေမှန်း သိလေတော့သည် ။ ရွာလယ်သို့ ရောက်သောအခါ သူထင်သည့်အတိုင်းပင် အလှူပွဲနှင့် ပက်ပင်းပါ တိုးမိသည်။ စည်ကားသိုက်မြိုက်စွာ လှူဒါန်းကျွေးမွေးနေသော မဏ္ဍပ်အတွင်းသို့ ဝင်၍ သူ့အား ထမင်းတစ်နပ် ကျွေးကြရန် ပြောကြားသောအခါ •• " ဧည့်ကောင်း၊ ဧည့်မွန်များကို ကျွေးမွေးနေရာ၌ လာ၍ မရှုပ်ပါနှင့် " ဟု ပြောဆိုကာ ရွာသားအပေါင်းက သူ့အား ဝိုင်းဝန်း မောင်းနှင်လိုက်ကြသည်။ အစားအစာများကို မြင်နေရပါလျှက်နှင့် မစားရဖြစ်‌နေသော မောင်ပညာက•• " ဟေ့ ငါ့ကို ထမင်း မကျွေးချင်ကြတဲ့လူတွေ၊ မင်းတို့ရဲ့ ရွာကြီးကို •• " သဝေထိုး ဖျက်ပစ်လိုက်မယ်ကွနော် " ဟု စိတ်ထိခိုက်လှစွာနှင့် လက်သီးလက်မောင်းတန်း၍ ကြုံးဝါးလိုက်ပြီး ရွာပြင်သို့ ထွက်လာခဲ့သည်။ သူထွက်သွား၍ မကြာမီမှာပင် ရွာသားအချင်းချင်း ခေါင်းချင်း ရိုက်ကြတော့သည် ။ " တို့ရွာကို သဝေထိုးဖျက်မယ်တဲ့၊ တစ်ရွာလုံး သဝေထိုး ဖျက်နိုင်လောက်အောင် သူ့မှာ နောက်လိုက်တွေနဲ့များ‌လေ,လား၊ သို့တည်း မဟုတ် ဆင်းရဲသားဟန်ဆောင်၍ လာသော မင်းစိုးရာဇာများလေ,လား၊ ငါတို့တစ်တွေ အမြန်လိုက်ပြီး တောင်းပန်လေမှ တော်မည်ထင်သည် " ဟု တိုင်ပင်ကြလေသည် ။ အ‌ပြေးအလွား လိုက်၍လာကြသော ရွာသားများက မောင်ပညာကို မှီလာသောအခါ•• " အို••အရှင်သား ပွဲတော်တည်ရန် ကြွတော်မူပါ " ဟု အယောင်ယောင် အမှားမှားနှင့် တိုးလျှိုး တောင်းပန်ကြတော့သည်။ အင်မတန် ဆာလောင်နေပြီးဖြစ်သော မောင်ပညာသည် မငြင်းဆန် ဟန်မလုပ်နိုင်ဘဲ ရွာဆီသို့ လိုက်၍လာခဲ့သည် ။ အလှူအိမ်အရောက်တွင် မောင်ပညာအား အဝအလင် ကျွေးမွေးကြသည် ။ ထိုနောက်‌ မောင်ပညာက အေးဆေးစွာနှင့် လက်ဖက်ရည်ကြမ်း သောက်နေသောအခါ ••• " ကျေနပ်ပါလေတော့ အရှင်သား ကျွန်တော်မျိုးကြီးများ၏ ရွာကို••• သဝေထိုး မဖျက်ပါလေနှင့်၊ ကလေးရော လူကြီးပါ အားလုံး••• သေကြေ ပျက်ပြုန်း၍ ရွာကြီးကောမည်ကို ကျွန်တော်မျိုးများ ကြောက်ရွံ့လှပါသည် " ဟု ထပ်မံ၍ တောင်းပန်ကြပြန်သည် ။ ထိုအခါ မောင်ပညာက " ကျွန်ပ်ပြောခဲ့သည့် သဝေထိုး ဖျက်မည်ဆိုသည်ကို ကြောက်နေ ကြဟန်တူသည် •• လူစုလူဝေးနင့် လာရောက်၍ ရွာကိုများ ဖျက်ဆီး ချေမှုန်းပစ် လေမည်လားဟု တွေနေကြသည် ထင်ပါသည် ။ စိုးရိမ်ကြောင့်ကြ မဖြစ်ကြပါနှင့်၊ ကျွန်ပ်ဆိုလိုသည်မှာ လောလောဆယ် အတွက်မဟုတ်ပါ တမလွန် အတွက်သာလျှင် ဖြစ်ပါသည် ။ အဆွေတို့သည့် အလှူကြီးကို ပေးနေသူများ ဖြစ်ကြသည်၊ အလှူခံပုဂ္ဂိုလ် ဟူဟူသမျှအား မကျွေးမမွေးပါဘဲနှင့် မောင်းနှင်၍သာ ထုတ်နေကြမည် ဆိုပါက••• အဆွေတော်တို့ ရွာ၏အမည်ဖြစ်သော ပိတ္တောကို စာလုံးပေါင်း သတ်ပုံနှင့် မြေကြီးထက်၌ ရေးစမ်း၍ ကြည့်ကြပါလေ၊ ထို့နောက် ရေးသာထားသည့် စာအနက်မှ သဝေထိုးကို ဖျက်၍ ဖတ်သော်••• " ပိတ္တာ " ဟူ၍ ဖြစ်သွားမည် အမှန်ပင် ဖြစ်သည် ။ ကျွန်ပ်ဆိုလိုသည်မှာ စေတနာ မမှန်လျှင် တမလွန်၌ ပိတ္တာ ဖြစ်ကုန်ကြလိမ့်မည်ဟုသာ သတိပေးစကား ပြောကြားခြင်းမျှသာ ဖြစ်ပါသည် " ဟု ရှင်း၍ ပြလိုက်လေသည် ။ ထိုအခါကျမှပင် ရွာသားအပေါင်းသည်••• " ပိတ္တောကို သဝေထိုးဖျက်တော့ ပိတ္တာဖြစ်တယ်ဆိုတာ ဟုတ်ပေတာပဲ••• ဒီသဝေထိုး ဖျက်ကာမျှနှင့် သံသရာတွင် နှစ်မွန်းရမည် အမှန်ပါတကား " ဟု ခေါင်းညိတ်လည်ညိတ်နှင့် တရားသံဝေ ရကြလေတော့သည် ။ #Ukokomg

About