@shwephyokhing0: လမ်းခွဲခဲ့တာ အတော့်ကို ကြာပြီ မင်းအသံမကြားရတော့တာလဲ အတော်ကိုကြာပြီ ငါသာ မင်းကို ငေးပြီး အဆင်ပြေရဲ့လားဆိုတဲ့အတွေးတွေနဲ့ အတိတ်မှာ ပိတ်မိနေခဲ့တာ ။ မင်းက လွတ်လပ်သွားပြီဖြစ်သလို ငါ့ကိုငါလဲ လွတ်ပေးလိုက်ချင်ပြီ ။ ကိုယ်သိပ်ချစ်တဲ့လူတစ်ယောက်ကို မေ့လိုက်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူးပေါ့ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေမယ့် နည်းတွေနဲ့ပဲ မင်းကို သတိရနေတော့မယ် ။ စက္ကန့်တိုင်း နေ့ရက်တွေတိုင်းမှာ မင်းကို နှလုံးသားထဲထည့်ပြီး ဘယ်တော့မှ ပြန်ဖြစ်မလာတော့မယ့် တစ်နေ့ကို ထပ်ပြီး မစောင့်တော့ဘူးပေါ့ ။ မင်းချန်ထားခဲ့တဲ့နေရာမှာပဲ ရပ်နေမိတာ အချိန်အတော်ကို ကြာပြီလေ ပြန်လှည့်ကြည့်နိုး ပြန်လှည့်ကြည့်နိုးနဲ့ ငါမျှော်နေခဲ့မိတာ ။ မကိုင်တဲ့ဖုန်းကို လွမ်းလို့ဆိုပြီး တစ်ရက်မပြတ်ဆက်နေမိတာ ပြီးတော့ မင်းမြင်ပါစေတော့ဆိုတဲ့အတွေးနဲ့ ငါ့အလွမ်းတွေကို စာစီနေခဲ့မိတာ တကယ်တမ်းကျတော့ နည်းနည်းလေးတောင် လှည့်ကြည့်ဖော်မရခဲ့ဘူး ။ ဒီနေ့တစ်ရက်ပဲ မင်းကို လွမ်းတော့မယ် ။ ပြီးရင် အတိတ်ဆိုတာ အတိတ်မှာပဲ ပြီးသွားပြီဆိုတဲ့ အမှန်တရားကို လက်သင့်ခံပြီး ဆက်လျှောက်ဖို့ကြိုးစားမယ် ပြီးရင် ခွေးလေးတစ်ကောင်မွေးမယ် အပင်လေးတွေစိုက်မယ် မင်းကို မျှော်ရင်း မောသွားတဲ့လူတစ်ယောက် အဖြစ်ကနေ လွတ်လွတ်လပ်လပ်ရှင်သန်မယ် မေ့သွားဖို့တော့ မလွယ်ဘူးပေါ့ ... ၁၀စုနှစ်တစ်ခုလောက် နှစ်နှစ်ကာကာချစ်ခဲ့တဲ့မင်းကို ဘယ်တော့မှတော့ မေ့သွားမှာ မဟုတ်ပါဘူး ဒါပေမယ့် ဒီနေ့တစ်ရက်ပဲ မင်းကို လွမ်းတော့မယ် ပြီးရင် မင်းဘ၀နဲ့မင်း ရှင်သန်နေသလို မင်းမပါတဲ့ ဘ၀မှာ ငါရှင်သန်နိုင်ဖို့ ကြိုးစားရတော့မယ်လေ ။#fypシ゚viral🖤tiktokfpyシ❥tikt
🥀🎀phyoe lay🎀🥀
Region: MM
Wednesday 23 September 2026 04:47:59 GMT
Music
Download
Comments
💫Julie💫(ဂျူလီ)🌟💥 :
😳😳😳
2026-09-23 10:42:08
0
🌻Mya Thet🌻🇰🇷🇲🇲 :
🥹🥹🥹🥹
2026-09-23 09:17:24
0
Kyi lae lae Khaing :
🥺🥺🥺
2026-09-23 13:15:48
0
To see more videos from user @shwephyokhing0, please go to the Tikwm
homepage.