@bz_665: လူတိုင်းမှာကတော့ ချစ်ရတဲ့သူ ကိုယ်ဆီရှိကြတာပါပဲ ကျွန်မလွဲမှားခဲ့ဖူး သလို လူတိုင်းကိုမဖြစ်စေချင်လို့ပါ လူအများစုက ချစ်တာကို မဖွင့်ဟရဲကြဘူး အဓိက ပြဿနာဟာ ငြင်းပယ်ခံရမှာစိုးရိမ်တဲ့စိတ်ကြောင့်ပဲ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ်ချစ်ရသူကို ချစ်ကြောင်းဝင်ခံခြင်းဟာ ရှက်စရာမဟုတ်ပါဘူး ငါကမိန်းကလေးမလို့ ငါကဘယ်သူဖြစ်နေလို့ အသက်ကြီး” ငယ်” ဒါတွေဟာ ရှက်စရာမဟုတ်ပါဘူး လူတိုင်းချစ်ပိုင်ခွင့်ရှိသလို လူတိုင်းချစ်ကြောင်းထုတ်ဖော်နိုင်ခွင့်ရှိပါတယ် တကယ့်နောင်တက ကိုယ်အဲ့လူကိုချစ်ရဲ့သားနဲ့ ထုတ်ဖော်ပြခွင့်မရလိုက်ခြင်းဘဲ ငြင်းတာမငြင်းတာ အသာထား ကိုယ်ချစ်တာကို ပြောပြလိုက်လို့ သူသိသွားရင်တင် ကျေနပ်နိုင်ပါပြီ အနည်းဆုံးတော့ ချစ်တဲ့သူကို ချစ်ကြောင်းပြောခဲ့ရတယ် ဆိုတဲ့ စိတ်နဲ့ ကျွန်မတို့ ဘဝတစ်လျှောက်မှာ သူငါချစ်တာကို မသိခဲ့ဘူးဆိုတဲ့ နောင်တကင်းသွားပြီ ချစ်တယ်ဆိုတဲ့ စကားဟာ လူတိုင်းကို ပြောလို့ရပါတယ် ချစ်ရတဲ့သူမှမဟုတ်ဘူး မိဘတွေရော သူငယ်ချင်းတွေပါ ဒါကြောင့် ချစ်တယ်လို့ပြောရမှာကို မရှက်ကြပါနဲ့ ဒီဘဝဟာ လွဲပြီးရင် ပြန်ဆုံနိုင်မယ်လို့ မသေချာပါဘူး မာနကြောင့်ဆို အဲ့မာနကိုဘေးချပြီး စကားစပြောကြပါ သူခေါ်မှကိုယ်ခေါ်မယ်ဆိုတဲ့ စိတ်ကိုလဲဘေးဖယ်ပြီး ကိုယ့်နှလုံးသားထဲမှာ ရှိတဲ့အတိုင်းပြောချလိုက်ပါ “လူတိုင်းချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ကြပါစေ” #fyp #foryou #crd
⋆。𖦹 𝓑 𖦹°⋆ ౨ৎ
Region: MM
Wednesday 23 September 2026 09:29:52 GMT
Music
Download
Comments
T :
ဖွင့်ပြောခဲ့ပါတယ်ချစ်နေကြောင်းလဲဖွင့်ဟခဲ့ပါတယ် ဒါပင်မဲ့တစ်ဖက်လူက ငြင်းလိုက်တဲ့အခါ မိန်းကလေးဖြစ်တဲ့ကျွန်မကဘဲ အလှောင်ခံရအပြောင်ခံရတာပါ အဲ့ကြောင့်ကျွန်မက အဲ့trumaတွေကြောင့်ကျွန်မလူတစ်ယောက်ကိုချစ်ရင်ဘယ်တော့မှဖွင့်မပြောပါဘူး
2026-09-23 16:45:42
25
M :
ကိုယ်လဲချစ်ကြောင်းဝန်ခံခဲ့ဖူးပါတယ်ကိုယ့်ရဲ့အချစ်ဦးကိုအရွေးချယ်တော့မခံရဘူးပေါ့သူနဲ့လပေါင်းများစွာစာတွေရေးခဲ့တယ် situationshipထဲမှာဒီလောက်တောင်ကြာနေတာသူလဲငါ့သဘောကျနေတယ်ထင်ပီးဖွင့်ပြောခဲ့တယ်သူ့ဘက်ကငြင်းလိုက်တယ် အ့တာကိုအပြစ်မမြင်ပါဘူးသူ့မှာငြင်းပိုင်ခွင့်ရှိတယ်လေ ကိုယ့်ဘက်ကခြေလှမ်း၉၉လှမ်း လှမ်းခဲ့ပီးမှသူ့ဘက်က ၁လှမ်းတောင်ပြန်မလှမ်းဘူးဆိုတော့ကိုယ်လက်လျှော့လိုက်တာ အ့တာထက်ဆိုးတာကသူကကိုယ်သူ့ကိုသဘောကျနေတဲ့အကြောင်းကိုလျှောက်ဖွပြစ်တာပဲအ့ထဲကကိုယ်သူ့ကိုအရမ်းနဲ့မုန်းသွားတယ် ရွံလဲရွံတယ် အ့တော့မေ့ပြစ်ဖို့ကြိုးစားလိုက်တယ် တိုက်ဆိုင်မှုတွေတွေ့ရင်အမှတ်တရတွေကိုပြန်သတိရတုန်းပဲ သူ့ဘက်ကနောက်တစ်ခေါက်စာလာပြန်ရေးမယ်ဆိုရင်တော့ကိုယ်လဲပြန်ရေးမှာပါဒါပေမဲ့အရင်လိုခံစားချက်နဲ့တော့မဖြစ်နိုင်တော့ဘူး အဲ့ဒါကြောင့်မို့ မေတ္တာတွေစစ်ခဲ့ပါတယ် ကိုယ်သဘောကျကြောင်းလဲဝန်ခံခဲ့တယ် လူမှားပေးခဲ့မိယုံပါ
2026-09-23 15:34:34
12
ကံကောင်း :
ဝန်ခံလိုက်လို့ ဝေးသွားရင်ရော😞
2026-09-23 10:09:55
4
R :
ငြင်းတယ်တဲ့လေ☹️
2026-09-23 13:20:56
1
ki :
ဝန်ခံလိုက်လို့ သူ့ကြိုက်တာ ကိုယ့်သူငယ်ချင်းဆိုရင်ရော
2026-10-01 12:39:55
0
𝗣𐙚 :
ဝန်ခံပြီးတွဲဖြစ်သွားတယ်ရက်ပိုင်းလောက်မှာပဲသူကကိုယ့်ကိုမချစ်ဘူးဆိုပြီးထားသွားခဲ့တယ်
2026-09-23 10:24:45
0
Chan Rexz :
မ" လိုချင်တယ်
2026-09-24 10:36:54
0
To see more videos from user @bz_665, please go to the Tikwm
homepage.