@minminmjn:

Cún iu
Cún iu
Open In TikTok:
Region: VN
Wednesday 23 September 2026 10:43:48 GMT
343
60
0
4

Music

Download

Comments

There are no more comments for this video.
To see more videos from user @minminmjn, please go to the Tikwm homepage.

Other Videos

ကျောင်းနဲ့ပက်သက်လို့ ကျွန်တော်အမှတ်တရ တော်တော်များခဲ့တယ်။ အခန်းတွေခွဲဖို့ မဲနှိုက်ရတဲ့ အချိန်ကစပြီး အာစီတူးထဲက ကျွန်တော့်ကျောင်းသားဘ၀အစပြုခဲ့တယ်။ သူငယ်တန်း စတက်တဲ့နေ့ က ကျွန်တော့်အတွက် အရမ်းစိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့တယ်။ ဘယ်အရပ်ကိုကြည့်ကြည့် သစ်ပင်တွေနဲ့အုပ်ဆိုင်းနေတဲ့ ကျောင်းကြီးဟာ ကလေးတစ်ယောက်အတွက် အကျယ်ကြီးဖြစ်နေခဲ့တယ်။ အဝါရောင်တွေပြည့်နေတဲ့ရပ်ဝန်းကိုရောက်တဲ့အခါ ကျွန်တော်သုံးတန်းအရွယ်ရောက်ပါပြီ။ ဟိုအရင်တုန်းက ကျွန်တော်တို့အခန်းမှာ အဖွဲ့တွေကွဲနေတယ်။ သုံးယောက်တစ်ဖွဲ့ ၊ လေးယောက်တစ်ဖွဲ့ စီနေကြတယ်။ မှတ်မှတ်ရရဘဲ လေးတန်းနှစ်မှာ အတန်းပိုင်ဆရာမ ဦးဆောင်မှုနဲ့ အတူ ယောက်ျားလေးကတစ်ဘက်၊ မိန်းကလေးကတစ်ဘက် အပြိုင်ဘောလုံးကန်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွန်းတိုက်ရင်း နောက်ဆုံးဘောလုံးကန်ပွဲမဟုတ်ဘဲ ဘောလုံးလုပွဲ ဖြစ်သွားတယ်။ အေးဆေးပြီး ငြိမ်ငြိမ်နေတတ်တဲ့ သူတွေတောင် ဘောလုံးပွဲမှာ အသံတွေထွက်လာတယ်။ ဆော့နေကျမဟုတ်တဲ့ သူတွေလည်း ထိပ်ဆုံးကဘောလုံး လုတယ်။ အားကစား စိတ်မဝင်စားတဲ့သူတွေလည်း ရှေ့ဆုံး ကပြေးတယ်။ ဘောလုံးတစ်လုံးထဲကို အယောက် ၆၀ လောက်ဝိုင်းလုကြတယ်။ အဲ့နေ့ ကဘယ်လောက်တောင်ဆော့ခဲ့လည်း အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံးပေကျံနေတာဘဲ။ ဘောလုံးပွဲပြီးနောက်ပိုင်း အခန်းထဲကသူတွေအကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ပိုခေါ်လာကြတယ်။ အချင်းချင်းပို စကားပြောလာကြတယ်။ ဘောလုံးပွဲကစကာ ကျွန်တော်တို့ I တန်းလေးအသက်ဝင်လာခဲ့တယ်။ အာစီတူးထဲကဟောခန်းတွေတော်တော်များများက ကျွန်တော်တို့ဆော့တဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။ အဲ့အခန်းတွေရှေ့ က အုတ်တံတိုင်းကြီးက ကျွန်တော်တို့ အက်ရှင်ကားရိုက်ခဲ့တဲ့ နေရာဖြစ်တယ်။ အုတ်တံတိုင်း ပိုမြင့်တဲ့နေရာကနေ ခုန်နိုင်တဲ့သူဟာ ပိုဆရာကျတယ်ဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ အရင်တုန်းက ခေါက်ဆွဲပြုတ်တစ်ဘူးမှ ၅၀၀၊ အအေးတစ်ဘူး ၃၀၀ ဘဲရှိတယ်။ အဲ့နှစ်ခုကို သူငယ်ချင်း ၄ ယောက်ဝိုင်းစားကြတယ်။ ဆော့လိုက်၊ စားလိုက်နဲ့ ဘယ်လောက်တောင် သောင်းကြမ်းခဲ့ကြလဲဆိုရင် မုန့်စားဆင်းချိန်ပြီး အခန်းထဲပြန်ရောက်တဲ့အခါ ချွေးတလုံးလုံးနဲ့ ပြန်ရောက်လာတတ်ကြပါတယ်။ အဲဒီ့လို အချိန်မျိုးဆို သူငယ်ချင်းတွေ တိုင်ပင်စရာမလိုဘဲ အပေါ်က ထပ်ဝတ်ရတဲ့ ဂါဝန်အစိမ်းရောင်ကြီးကို လွှားကနဲ ချွတ်ပစ်ပြီး အောက်ကကျောင်းအင်္ကျီ အဖြူ‌နဲ့ စာဆက်သင်ကြတယ်။ အာစီတူးထဲမှာ ကျွန်တော်တို့ သုံးနှစ်တိတိ နေခဲ့ရတယ်။ သုံးတန်း၊လေးတန်း၊ငါးတန်း စုစုပေါင်း သုံးနှစ်၊ အဲ့ဒီ့သုံးနှစ်ဆိုတဲ့ အချိန်ကို ကျွန်တော်တို့ တ‌မေ့တမောကြီး အဝါရောင်တွေကြားမှာ ဖြတ်သန်းခဲ့တယ်။ ငါးတန်းဆိုတဲ့ထဘီစ၀တ်တဲ့နှစ်ဟာ ကျွန်တော့်အတွက် အရေးပါခဲ့တဲ့ နှစ်ပါ။ ဘောင်းဘီနဲ့ ဂါဝန်ဝတ်ရာကနေ ထဘီပြောင်းဝတ်တော့ ကို့ယို့ကားယားနိုင်နေသလို ခံစားရပါတယ်။ ရင်ဖုံးနဲ့ ထဘီဝတ်တော့ စိတ်ကျဉ်းကြပ်ရတယ်။ မလွတ်လပ်တော့သလိုလည်း ခံစားရတယ်။ တဖန် အိမ်ကအမေမှ မိမိဟာ ထဘီတောင်ဝတ်ရတဲ့ အရွယ်ရောက်ပြီ ကလေးဆန်လို့ မရတော့ဘူး၊ ကလေးမဟုတ်တော့ဘူး၊ သိတတ်ရမယ့် အရွယ်ရောက်ပြီ ဆိုပြီးဟောတမ်းချွေရာ ကျွန်တော့် နားထဲတွင်တော့ ကလေးမဟုတ်တော့ဘူး ဆိုတာဘဲအဖန်ဖန်ကြားယောင်နေရဲ့။ ဒီလိုနဲ့ ငါဟာကလေးမဟုတ်တော့ဘူး ဆိုပြီး ခေါင်းမော့ရင်ကော့ကာ အတန်းထဲသို့ ငါကွ ဆိုပြီး မာန်အပြည့်နဲ့ဝင်လာတဲ့ ကျွန်တော်ဟာ မကြာပါ၊ အဲဒီ့မာန် လုံးပါးပါးသွားတယ်။ အဘယ့်ကြောင့်ဆိုသော်
ကျောင်းနဲ့ပက်သက်လို့ ကျွန်တော်အမှတ်တရ တော်တော်များခဲ့တယ်။ အခန်းတွေခွဲဖို့ မဲနှိုက်ရတဲ့ အချိန်ကစပြီး အာစီတူးထဲက ကျွန်တော့်ကျောင်းသားဘ၀အစပြုခဲ့တယ်။ သူငယ်တန်း စတက်တဲ့နေ့ က ကျွန်တော့်အတွက် အရမ်းစိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့တယ်။ ဘယ်အရပ်ကိုကြည့်ကြည့် သစ်ပင်တွေနဲ့အုပ်ဆိုင်းနေတဲ့ ကျောင်းကြီးဟာ ကလေးတစ်ယောက်အတွက် အကျယ်ကြီးဖြစ်နေခဲ့တယ်။ အဝါရောင်တွေပြည့်နေတဲ့ရပ်ဝန်းကိုရောက်တဲ့အခါ ကျွန်တော်သုံးတန်းအရွယ်ရောက်ပါပြီ။ ဟိုအရင်တုန်းက ကျွန်တော်တို့အခန်းမှာ အဖွဲ့တွေကွဲနေတယ်။ သုံးယောက်တစ်ဖွဲ့ ၊ လေးယောက်တစ်ဖွဲ့ စီနေကြတယ်။ မှတ်မှတ်ရရဘဲ လေးတန်းနှစ်မှာ အတန်းပိုင်ဆရာမ ဦးဆောင်မှုနဲ့ အတူ ယောက်ျားလေးကတစ်ဘက်၊ မိန်းကလေးကတစ်ဘက် အပြိုင်ဘောလုံးကန်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွန်းတိုက်ရင်း နောက်ဆုံးဘောလုံးကန်ပွဲမဟုတ်ဘဲ ဘောလုံးလုပွဲ ဖြစ်သွားတယ်။ အေးဆေးပြီး ငြိမ်ငြိမ်နေတတ်တဲ့ သူတွေတောင် ဘောလုံးပွဲမှာ အသံတွေထွက်လာတယ်။ ဆော့နေကျမဟုတ်တဲ့ သူတွေလည်း ထိပ်ဆုံးကဘောလုံး လုတယ်။ အားကစား စိတ်မဝင်စားတဲ့သူတွေလည်း ရှေ့ဆုံး ကပြေးတယ်။ ဘောလုံးတစ်လုံးထဲကို အယောက် ၆၀ လောက်ဝိုင်းလုကြတယ်။ အဲ့နေ့ ကဘယ်လောက်တောင်ဆော့ခဲ့လည်း အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံးပေကျံနေတာဘဲ။ ဘောလုံးပွဲပြီးနောက်ပိုင်း အခန်းထဲကသူတွေအကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ပိုခေါ်လာကြတယ်။ အချင်းချင်းပို စကားပြောလာကြတယ်။ ဘောလုံးပွဲကစကာ ကျွန်တော်တို့ I တန်းလေးအသက်ဝင်လာခဲ့တယ်။ အာစီတူးထဲကဟောခန်းတွေတော်တော်များများက ကျွန်တော်တို့ဆော့တဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။ အဲ့အခန်းတွေရှေ့ က အုတ်တံတိုင်းကြီးက ကျွန်တော်တို့ အက်ရှင်ကားရိုက်ခဲ့တဲ့ နေရာဖြစ်တယ်။ အုတ်တံတိုင်း ပိုမြင့်တဲ့နေရာကနေ ခုန်နိုင်တဲ့သူဟာ ပိုဆရာကျတယ်ဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ အရင်တုန်းက ခေါက်ဆွဲပြုတ်တစ်ဘူးမှ ၅၀၀၊ အအေးတစ်ဘူး ၃၀၀ ဘဲရှိတယ်။ အဲ့နှစ်ခုကို သူငယ်ချင်း ၄ ယောက်ဝိုင်းစားကြတယ်။ ဆော့လိုက်၊ စားလိုက်နဲ့ ဘယ်လောက်တောင် သောင်းကြမ်းခဲ့ကြလဲဆိုရင် မုန့်စားဆင်းချိန်ပြီး အခန်းထဲပြန်ရောက်တဲ့အခါ ချွေးတလုံးလုံးနဲ့ ပြန်ရောက်လာတတ်ကြပါတယ်။ အဲဒီ့လို အချိန်မျိုးဆို သူငယ်ချင်းတွေ တိုင်ပင်စရာမလိုဘဲ အပေါ်က ထပ်ဝတ်ရတဲ့ ဂါဝန်အစိမ်းရောင်ကြီးကို လွှားကနဲ ချွတ်ပစ်ပြီး အောက်ကကျောင်းအင်္ကျီ အဖြူ‌နဲ့ စာဆက်သင်ကြတယ်။ အာစီတူးထဲမှာ ကျွန်တော်တို့ သုံးနှစ်တိတိ နေခဲ့ရတယ်။ သုံးတန်း၊လေးတန်း၊ငါးတန်း စုစုပေါင်း သုံးနှစ်၊ အဲ့ဒီ့သုံးနှစ်ဆိုတဲ့ အချိန်ကို ကျွန်တော်တို့ တ‌မေ့တမောကြီး အဝါရောင်တွေကြားမှာ ဖြတ်သန်းခဲ့တယ်။ ငါးတန်းဆိုတဲ့ထဘီစ၀တ်တဲ့နှစ်ဟာ ကျွန်တော့်အတွက် အရေးပါခဲ့တဲ့ နှစ်ပါ။ ဘောင်းဘီနဲ့ ဂါဝန်ဝတ်ရာကနေ ထဘီပြောင်းဝတ်တော့ ကို့ယို့ကားယားနိုင်နေသလို ခံစားရပါတယ်။ ရင်ဖုံးနဲ့ ထဘီဝတ်တော့ စိတ်ကျဉ်းကြပ်ရတယ်။ မလွတ်လပ်တော့သလိုလည်း ခံစားရတယ်။ တဖန် အိမ်ကအမေမှ မိမိဟာ ထဘီတောင်ဝတ်ရတဲ့ အရွယ်ရောက်ပြီ ကလေးဆန်လို့ မရတော့ဘူး၊ ကလေးမဟုတ်တော့ဘူး၊ သိတတ်ရမယ့် အရွယ်ရောက်ပြီ ဆိုပြီးဟောတမ်းချွေရာ ကျွန်တော့် နားထဲတွင်တော့ ကလေးမဟုတ်တော့ဘူး ဆိုတာဘဲအဖန်ဖန်ကြားယောင်နေရဲ့။ ဒီလိုနဲ့ ငါဟာကလေးမဟုတ်တော့ဘူး ဆိုပြီး ခေါင်းမော့ရင်ကော့ကာ အတန်းထဲသို့ ငါကွ ဆိုပြီး မာန်အပြည့်နဲ့ဝင်လာတဲ့ ကျွန်တော်ဟာ မကြာပါ၊ အဲဒီ့မာန် လုံးပါးပါးသွားတယ်။ အဘယ့်ကြောင့်ဆိုသော် "ဟာ..ရှင်းသန့်ဝင်းက ဘာပုံကြီးတုန်း" ဆိုတဲ့စကားနောက်မှာ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ကြည့်ပြီး ဝိုင်းရယ်ကြလို့ဖြစ်တယ်။ ဂါဝန်တွေနဲ့ သူငယ်ချင်းတွေကို ထဘီနဲ့မြင်လိုက်ရတော့ ထူးလည်းထူးဆန်းသလို ရယ်လည်းရယ်ချင်မိပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း " နင်တို့လည်း ဘာထူးလည်း " ဆိုပြီးပြန်ပြောတော့ဟေးလားဟားလား ဖြစ်သွားကြပါလေရော။ ငါးတန်းနှစ်က အတွေ့အကြုံတွေလည်းများခဲ့တယ်၊ အပြောင်းအလဲတွေ ကြုံတွေ့ခဲ့ရတယ်၊ သူငယ်ချင်းအသစ်တွေလည်းရခဲ့တယ်၊ ကြီးကောင် စဝင်တဲ့ အချိန်ဆိုတော့ထူးဆန်းခဲ့တယ်။ ဒီလိုဘဲ အာစီတူးဟာ အမှတ်တရတွေပြည့်နေတဲ့နေရာပါ။ ဘယ်နေရာသွားသွား အရင်တုန်းက လှမ်းခဲ့တဲ့ခြေလှမ်းတွေရှိပါတယ်။ ပျော်ခဲ့တဲ့အချိန်တွေရှိပါတယ်။ စိတ်အားထက်သန်ခဲ့တဲ့ အချိန်တွေရှိပါတယ်။ ဟိုတုန်းက ကိုယ့်အတွက် ကြီးမားခဲ့တယ်လို့ ထင်ခဲ့မိတဲ့အရာတွေဟာ အခုဆိုရင်တော့ ဘာမှမပြောသာတော့ပါဘူး။ အရင်တုန်းက‌တော့ ကျောင်းတော်ကြီးကို ကြည့်မိရင် ကျောင်းတော်ကြီးသာရှိပေမယ့် အခုတော့ များပြားလှသော ပုံရိပ်ယောင်တွေပါ ပါဝင်နေတယ်။ သူငယ်ချင်းနဲ့ လက်ချင်းချိတ်ပြီး လျှောက်ခဲ့တဲ့လမ်းတွေ၊ ဘုံနေရာဖြစ်တဲ့ မုန့်ဈေးတန်း၊ တူတူပုန်းတိုင်းဆော့ခဲ့တဲ့ ဟောခန်းကြီး၊ စာသင်ပေးခဲ့တဲ့ဆရာမများ၊ ဖွံ့ဖြိုးရေးတက်ခဲ့တဲ့ အဆောင်၊ ခုန်ပေါက်ပြီးပြန်ခဲ့တဲ့ကျောင်းဆင်းချိန်။ ဒီနေရာအရပ်ဟာ ကျွန်တော့်အတွက်သာမက TTC ကျောင်းသား၊ကျောင်းသူတိုင်းအတွက် လွမ်းစရာတွေပြည့်နေတဲ့ နေရာတစ်ရပ် ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ P.S ပုံတွေပြန်တင်မယ်ဆို crd ပေးပါနော်၊ တန်ဖိုးထားရတဲ့ပုံလေးတွေမလို့ပါ။ #RC2 #TTC

About