@mgpanthu3: မရူးတာဆိုလို့ ငါတစ်ပါးပဲကျန် " ======+++====== တခါက ရွာတရွာမှာ သဒ်ဓါတရား အလွန်ကောင်းတဲ့ ဒကာမကြီးတယောက် ရှိသတဲ့။ သူက နေ့စဉ်ဆွမ်းဝတ်ပြုလှူဒါန်းလေ့ရှိတာ။ တောရပ်ရွာဆိုတော့လဲ ဟင်းအမယ် အကောင်းကြီး မဟုတ်ပေမဲ့ တောဓလေ့ ရတဲ့ အသား ငါး နဲ့ အသီးအရွက် တမျိုးမျိုးနဲ့ ဘုဉ်းပေးချင်စဖွယ် ချက်ပြုတ် လှူဒါန်းလေ့ရှိတယ်။ တနေ့တော့ ဟင်းငုတ်ပွင့်လေး (သခွပ်ပွင့်လို့လဲ ခေါ်ကြသလားပဲ) ရေနွေးဖျောပီး အရန်ဟင်း အဖြစ် လက်သုပ်သုပ်ပြီး ဆွမ်းချိုင့် ပို့ရော။ ဆေးဆရာ ဖြစ်ဟန်တူတဲ့ ယောကျာ်းက တောထဲက ပြန်အလာ၊ အချိန်ကလဲ ဆွမ်းစားချိန်လောက်ဖြစ်မယ်။ သူပြန်လာတော့ ဆေးဖော်စပ်ဖို့ သူစုဆောင်းထားတဲ့ ပဒိုင်းပွင့်တွေ နေလှမ်းထားတာ မမြင်တော့ မိန်းမကို မေးတယ်။ "ငါ ဆေးဖော်ဖို့ နေလှန်းထားတဲ့ ပဒိုင်းပွင့်တွေ ဘယ်ရောက်ကုန်တုန်းဟ " "အယ်တော့်😆 ပဒိုင်းပွင့်တွေလား၊ ကျုပ်က ဟင်းငုတ်ပွင့် ထင်လို့ အသုပ်သုပ်ပြီး ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့လိုက်သတော့ " "တယ်😂 ဒီမိန်းမ ခက်တော့တာဘဲ, အဲဒီ ပဒိုင်းပွင့်သုပ်တွေ စားမိရင်တော့ အကုန် ဒုက္ခရောက်ကုန်တော့မယ်၊ သွား မြန်မြန် ၊ မစားဖို့ သွားတားချေ " ပဒိုင်းပွင့်ကို ဟင်းငုတ် အမှတ်နဲ့ သုပ် ကပ်မိတဲ့ ဒကာမလဲ ကျောင်းကို ခြေသုတ်တင် ပြေးရရော။ ကျောင်းရောက်တော့ ဆရာတော်ကို လှေခါးထိတ်မှာ အရိပ်ယောင်လှမ်းတွေ့ရတာနဲ့ အပေါ်ထိ မတက်အားတော့ပဲ လှေခါးရင်းကနေပဲ အမောတကောနဲ့ လှမ်းလျှောက်တယ် "တပည့်တော်မပို့တဲ့ ဆွမ်းအုပ်ထဲက ပဒိုင်း ......." စကားဆုံးအောင် မပြောရသေး ဆရာတော်က ပြန်မိန့်တယ်။ "ဒကာမ ပို့တာ ပဒိုင်းပွင့်တွေမှန်း စားပြီးမှ သိကြသဗျား၊ အခု တစ်ကျောင်းလုံးတော့ ရူးကုန်ပြီ၊ မရူးတာ ဆိုလို့ ဘုန်းကြီး တစ်ပါးပဲ ကျန်တာ" ဒကာမက မျက်လုံးပြူး မျက်ဆံပြူးဖြစ်၊ ဆရာတော်က လှေခါးကနေ ဆင်းလာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ဆင်းတုတော်ကြီး ကျောပိုး၊ ခါးတောင်းကျိုက်နဲ့ ပါးစပ် ကလဲ ဆင်းတုတော်ကို နောက်ပြန်ပုတ်ပြီး .. (ကလေးအဖေက ကလေးချော့သလို) "အေး အေ့ အို ဖေ့သားကြီးရဲ့ အိပ်ပါဆို " နဲ့ ပြောနေရရှာသတဲ့။ အထူးဆန်းတွေ ကပ်တိုင်း သိပ်စားလို့ မဖြစ်၊ တော်ကြာ မရူးတာ ကျုပ်တစ်ပါးကျန်တယ်၊ "အေး အေ့ အို" ဖြစ်နေမယ်။ 😂😂😂#foryoupage #foryou

🍂𝓜𝓰 𝓹𝓪𝓷 𝓽𝓱𝓾🍂
🍂𝓜𝓰 𝓹𝓪𝓷 𝓽𝓱𝓾🍂
Open In TikTok:
Region: MM
Wednesday 23 September 2026 12:54:19 GMT
107700
2484
156
407

Music

Download

Comments

yeyintsoe455
yeyintsoe :
ငါ့ထက်ဆိုးနေပါလား ဦးဇင်းကြွလာလို့ ရေခဲသေတ္တာထဲက m150အချိုရေကပ်လိုက်တာ ဦးဇင်းက သောက်ပီးအော်ပါလေရော ဒကာကြီး ဒါ မုန့်ညင်းဆီတွေတဲ့😂😂
2026-09-24 09:35:19
13
a.shin.zar.gaya
A Shin Zar Gaya :
[Tears of joy]
2026-09-24 10:40:16
0
10000000000001psp
🇲🇲 𝑷𝒀𝑨𝑬 𝑷𝑯𝒀𝑶𝑬 💚 :
😅😅😅ရယ်မိရင် ငရဲကြီးလားဘုရား
2026-09-24 04:42:39
3
kay.zin695
🇲🇲🦚Kay Zin🦚🇦🇪 :
🥰🥰🥰
2026-09-24 10:53:40
2
alexjaza
Alex Valentina :
တပည်တော်လဲ မရူးရတေးဘူးလို့ ထင်တာပဲ ဘုန်းး😁
2026-09-24 04:19:36
2
user942004026
myo min :
ဘာသီချင်းတီးလုံးလဲ
2026-09-24 08:40:04
1
moe.oo4467
Moe Oo(မိုးမင်းဦး) :
အရှင်ဘုရားပဒိုင်ပွင့်သုတ်များစောင့်နေတာလားဘုရား(လက်စုံမိုးဦးညွန့်လျှက်မေးလျှောက်မိပါသည်။)
2026-09-24 02:51:24
2
user11922104
Ko Tun :
😂😂😂😂
2026-09-24 07:27:31
1
userm2u6xuggzq
ဘဝ ခဏတာ :
တောက် တကယ့်အဖြစ်ပျက်ဆိုရင်တော့ကွာ 🥰🥰🥰🥰🥰🥰🥰😂😂😅😅😁😁
2026-09-24 05:58:11
1
user9000116022071
user9000116022071 :
ဥဇင်းရယ်ထမင်းစားရင်းတွေ့လို့စာဖတ်ကြည့်လိုက်တာကိုယ်တောင်စားနေရင်းမေ့သွားတယ်ဘာဟင်းနဲ့စားမိလိုက်မှန်းကိုမသိလိုက်ဘူး🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣
2026-09-24 12:50:43
2
mhawsayar31
mhawsayar :
2026-09-24 03:49:11
1
ako.soemin
🇲🇲♡ℋ. 🇲🇾 :
2026-09-24 07:33:42
1
user7513478149217
မီးခဲ :
apk
2026-09-24 06:19:46
1
mama.yadanar8
ရွှေရှမ်းကြီး :
😂😂
2026-09-24 05:00:07
1
kyaw.zay.win36
kyaw zay win :
😂😂🥰
2026-09-24 10:59:44
1
zaw.moe.htwe62
Lover of Nature :
ဟားဟားဟား
2026-09-24 05:47:33
1
botheinswe263
botheinswe263 :
@
2026-09-24 04:08:15
1
pk45gmail
pk45gmail :
😂😂😂
2026-09-24 06:02:23
1
user777931511
ဟန်တင့်ဝေ :
ခ်ခ်
2026-09-24 03:54:50
1
www096611
သားချောလေးနှစ်ရောက်ရဲ့မေမေ :
😂😏
2026-09-24 16:41:32
1
mee.cho31
Mee Cho :
😂😂😂😂😂😂😂😂😂😂😂😂😂
2026-09-24 15:43:34
1
kyawlin6455
Kyaw Gyi❤️❤️❤️ :
😅😅😅
2026-09-24 15:10:15
0
user09976205872
ရာဇာ ကွမ်းရောင်းဝယ်ရေး :
ကိုယ်တွေလည်း ဘာရားပွဲကအပြန် မုန့်ဆီကြော်တွေကိုဘုရား ကပ်လို့ပြောတာကို မျက်နှာတော်တွေကပ်တော့ ဆီ တွေနဲ့ကပ်မရဘူးဗျာ့လို့ရှောက်တော့ဒုတ်စာမိဘူးတယ်
2026-09-24 11:49:09
2
thurazawmay
Thura Zaw :
ရွာမှာ ဘုန်ကြီး ကျောင်းသားတွေ ရူးတယ် မရူးဘူး ညင်းကြရင် ပဒိုင်စားတာ ဘုန်ကြီးကျောင်းပေါ် ငတားဆည်ဆောက် ချောင်းလုပ် ငါးဖမ်းနေလို ကြိုးတုတ် ထန်းလျက်တွေ ကျွေးရတယ် အဆိပ်ပြေပါတယ် တရက်ကျော်လောက်ရူးပီး ကောင်းသွားပါတယ်
2026-09-24 09:01:19
2
To see more videos from user @mgpanthu3, please go to the Tikwm homepage.

Other Videos


About