@moemoekhaing44: ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲ သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့မရှင်သန်ချင်ဘူး ။ ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင် အရွယ်စားမတူညီနိုင်မှတော့ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်ဆိုတာ ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။ ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေကို ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင် ဘယ်သူမကောင်းဘူး၊ ဘယ်ဝါမကောင်းဘူးလို့ အပြစ်မပြောချင်ပါဘူး။ သူ့အပြစ်နဲ့သူ တူသောအကျိုးခံစားရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါတယ် ။ နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်နေသူ လူသားတွေတိုင်း ပြစ်ကင်းတဲ့သူ ဘယ်သူရှိမလည်း ကိုယ်လည်း အပြစ်ကင်းသူလို့ မခံယူထားပါဘူး။ အမှားဆိုတာရှိနိုင်သလို အပြစ်ဆိုတာလည်း လုပ်မိမှာပါ ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။ ဒါပေမယ့် လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲ ဖြူနေဖို့တော့ လိုအပ်တယ်။ အမှားနည်းသူဖြစ်အောင် နေတတ်ရပါမယ် ။ လူအချင်းချင်းဆက်ဆံရေးမှာ ငါ ဆိုတဲ့အတ္တနဲ့ ရှင်သန်နေမဲ့အစား သူ့ဖက်ကိုလည်းမြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူ ဖြစ်အောင် နေထိုင်လိုက်ရင် မုန်းသူလည်းကင်းမယ် ၊ ပြဿနာဆိုတာလည်း ရောက်မလာဘူး လူဖြစ်ရလာခြင်းအတွက်လည်း အဓ်ိပ္ပာယ် ပြည့်စုံစေပါတယ်။ တချို ့အရာတွေက ခွင့်မလွှတ်သင့်နေရင်တောင် ခွင့်လွှတ်ခြင်းနဲ့သာ အနိုင်ယူလိုက်ပါ ။ အစောင်းကြည့်ရင် အစောင်းမြင်မယ် အတည့်ကြည့်ရင် အတည့်မြင်မယ် ဒါကြောင့် အကောင်းမြင်တက်ဖို့ပဲ လိုပါတယ်။ #crdစာသား #fypシ゚viral🖤tiktok #tiktokmyanmar🇲🇲 #မျက်စိနောက်ရင်အိမ်ခေါ်ထားလေနော်🤭🤪 #ခင်ဗျတို့ရဲ့idolလေးဖစ်ချင်ယို့🤭💖
🍒µõ€🍒အသေးလေး🐭🍓
Region: MM
Wednesday 23 September 2026 14:15:08 GMT
Music
Download
Comments
𝓐𝐇 ๓𝓪ᑌŇģ :
ပုံက ချစ်စရာလေးဗျာ
စာကတော့ ဖတ်တော့ဘူးနော် စာကရှည်လို့
2026-09-23 15:01:25
0
To see more videos from user @moemoekhaing44, please go to the Tikwm
homepage.