@mr.smartphonecollections: အမိုက်စား Privacy Display, Transparent ဒီဇိုင်းတို့နဲ့ အတူ ပွဲထွက် လာခဲ့တဲ့ Xiaomi 18 Pro Red Edition ========================== Xiaomi ရဲ့  Old model flagship တွေဖြစ်တဲ့ Mi8 နဲ့ Mi9 တို့မှာ မြင်တွေ့ခဲ့ရတဲ့ Transparent ဒီဇိုင်းကို ပြန်ပြီး ဆန်းသစ်ထားတဲ့ ဖုန်း Model အသစ်ကို Xiaomi 18 Pro မှာ Red Edition အနေနဲ့ Official မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ပိုမိုက်သွားတာက ဖုန်းရဲ့ ကျောဘက်ကို Transparent ဒီဇိုင်းနဲ့ လုပ်ပေးရုံတင် မကပဲ ဘူးထဲမှာပါတဲ့ အားသွင်းခေါင်းကိုပါ Transparent ဒီဇိုင်းနဲ့ လုပ်ပေးလိုက်တာက လုံးဝကို Perfect ပါပဲ။ Xiaomi 18 Pro ရဲ့ Display ကို Pixel တစ်ခုချင်းစီကို အဖွင့် အပိတ်လုပ်လို့ရတဲ့ Super Pixel 2.0 လို့ အမည်ပေးထားတဲ့ Privacy Display နည်းပညာပါဝင်လာမယ့် Samsung ရဲ့ M11 Display ကို သုံးပေးထားမှာ ဖြစ်ပြီး Screen ရဲ့ ဘေးဘောင် Bezel လေးတွေက 0.99mm အထိ Ultra Narrow ဖြစ်အောင် ဖန်တီးပေးထားတယ် လို့ ဆိုထားပါတယ်။ Privacy က နည်းပညာပါလို့ Display က အလင်းရောင် အားနည်းမှာ စိတ်ပူ နေတဲ့ သူတွေ အတွက် peak brightness က 4000 nits အထိ ရနိုင်မှာ ဖြစ်ပြီး light efficiency 20% ရှိမယ်လို သိထားရပါတယ်။ Xiaomi 17 Pro လိုပဲ ကျောဘက်မှာ Rear Display အသေးလေး ပါဝင်လာမှာ ဖြစ်ပြီး အနီးရောင် Transparent ဒီဇိုင်းနဲ့ ပေါင်းပြီး ထုတ်လ်ုက်တာ တစ်မျိုးလေး အမြင်ဆန်းသွားစေပါတယ်။ CPU အနေနဲ့ လက်ရှိမှာ Performance အကြမ်းဆုံး ဖြစ်တဲ့ Snapdragon 8 Elite Gen 6 ကို သုံးပေးထားပါတယ်။ ကင်မရာ ပိုင်းအနေနဲ့ 1/1.28 Sensor Size ရှိတဲ့ 200MP Leica Main Camera ကို သုံးပေးထားပြီး၊ 1/1.56 Sensor Size နဲ့ f2.4 ရှိတဲ့ 200MP Periscope Telephoto Lens ကို သုံးပေးထားပြီး 3.2x Optical Zoom နဲ့ 100x Digital Zoom အထိ ဆွဲရိုက်နိုင်မယ်လို့ သိရပါတယ်။ Xiaomi 18 Pro မှာ သုံးပေးထားတဲ့ Periscope Telephoto Lens ဟာ Xiaomi 17 Pro မှာ သုံးထားတဲ့ Telephoto Lens ထက် 280% အထိ အလင်းကို ဖမ်းယူပေးနိုင်မူ့ ပိုအားကောင်းပြီး iPhone 17 Pro Max ရဲ့ Telephoto Lens ထက် 83% အထိ ပိုအားကောင်းတယ် လို့ဆိုထားပါတယ်။ Battery အနေနဲ့ 7000mAh အထိ ထည့်ပေးထားမှာ ဖြစ်ပြီး 100W Fast Charging ကိုသုံးပေးထားမှာ ဖြစ်ပါတယ်။ #MrSmartPhoneAndGadgetStore #xiaomi18pro #xiaomi #fyp #xiaomi18prorededition

Mr.Smart Phone And GadgetStore
Mr.Smart Phone And GadgetStore
Open In TikTok:
Region: MM
Wednesday 23 September 2026 14:29:00 GMT
301159
17871
146
2763

Music

Download

Comments

rankygizz.mtotowa
rankygizz mtotowaki Bantu💥 :
i love xiaomi ❤️❤️phones
2026-09-25 13:10:12
0
htaung007
ရှောင်ဟွေး's :
Price ကသိရပြီလား
2026-09-24 13:31:49
0
eren.yeager5827
kaung khant :
nothing copy
2026-09-24 10:20:30
0
pen.guin48
Pen Guin :
copy from nothing phone design! [Tears of joy]
2026-09-24 02:01:00
1
thakpioo
Thak Pi Oo (Buddhaland) :
ရုတ်တရက်ကြီးပေါ်လာတော့ red label လားလို့ 😁😁😁
2026-09-24 02:21:23
32
taipyiyy548
tai pyi :
အဲ့ဈေးနဲ့ဆို iphone ပဲကိုင်တော့မယ် Android တွေက ဝဲစွဲလွန်းတယ်
2026-09-24 05:06:12
8
bawmzong4
Bawm Zong 🇲🇲🇲🇨🇺🇲 :
Red labelထင်သွားတာ🥲🥲🥲
2026-09-25 13:52:01
1
enoph1
𝑹𝒂𝒗𝒆𝒏 :
ဖြည်းဖြည်း စားကြပါဟ i phone စျေးနဲ့တန်းတူဖြစ်နေပြီမင်းတို့ဟာက
2026-09-24 02:03:32
5
zaaitwo27
Simon Liu905 :
ဖုန်းစိမ်တာလက်ခံလို့ရတယ် အားသွင်းခေါင်းအားသွင်းကြိုးပါစိမ်တော့စားသွားပြီ 🤔🤦
2026-09-24 00:36:58
8
myatkgsan1997
Myat Kaung San :
မိမိမုာ 17 pro max ၀ယ်မိသော နောင်တ
2026-09-23 16:26:00
4
wka9734
@wka :
copy ကြီးက လွန်တာပေါ့ကွာ အရောင်က အစ[Snicker]
2026-09-24 06:24:45
0
mzzaw2
Michael :
ကိုင်ချင်လိုက်တာ ပိုက်ပိုက်မပေးရဘူးဆိုရင်ပေါ့
2026-09-24 08:38:59
1
thanzawhtay1611
thanzawhtay1611 :
E sim ရပီလား 18မှာ
2026-09-24 14:44:02
1
d_waynes.collection1996
D_Wayne's Collection :
body ratio ကိုလဲ mi note 2 တုန်းကလိုမျိုးလေးသာပြောင်းလိုက်ရင် ခိုးတယ်လို့အပြောမခံရတြောပဲရှယ်ဖစ်သွားမှာ
2026-09-24 02:51:38
0
aow7652
Aow :
Logo ကြီးမြင်တာနဲ့တင် မကိုင်ချင်တော့တာ
2026-09-24 12:39:08
0
lighter97jhon
𝟙 𝟡 𝟡 𝟡 🅨 𝕆 🅄 🆃 Ⓗ★ :
စျေးနှုန်းလေး ပြီးတော့ ကာလာကအနီရောင်ကြီးဘဲထွက်ထားတာလား🥰
2026-09-24 05:27:57
1
vivo16862
Dark Heart Empire :
broထွက်လာတာကြမ်းတယ်နော် 🥰🥰🥰🥰
2026-09-24 14:58:20
1
kkk78686
Oliver Giroud319 :
ပြောပြစ်လိုက်စမ်း အဲ့ဒါXiaomiလို့
2026-09-24 19:18:32
1
zwp062
安 :
တရုတ် စက် တရက် ?
2026-09-24 06:35:58
0
amadoamado123gmail.com
Monkey D luffy :
xiaomi 18pro maxနဲ့17pro maxမဝယ်နဲ့🙏🙏🙏🙏အဲ့တာတွေဝယ်မဲ့အစားoppo findx9pro and vivo x10proပဲဝယ်ပါ xiaomiက စက်ပူတာပဲအဖက်တင်တယ်ကိုင်ဖူးလို့ပြောတာပါsingaporeမှာဆိုglobalမရ ရင်မကိုင်ရstableကိုင်ချင်လို့တရုတ်ကိုသွားဝယ်ရတယ်
2026-09-24 15:56:03
0
nyeinchan.nyeinch83
Sa Nyein Chan©®®¡¿¡¿~~ :
ဝယ်ပီးရင်သေခြာသိမ်းထားနော်ငါတို့ကမဝယ်နိူင်ဘူးခိုးမှာ😂😂😂😂🤧🤧🤧
2026-09-24 11:02:55
4
ninjastar276
Ninja :
ဈေး
2026-09-23 15:38:43
2
k.11.9.05
𝓡𝓔 𝓚𝓐 :
၁၈သိန်းကျော်တာလား??
2026-09-24 01:37:22
3
kyitharoo198
Kyi Thar :
ထွက်ပြီးလားဗျ
2026-09-24 00:52:47
1
To see more videos from user @mr.smartphonecollections, please go to the Tikwm homepage.

Other Videos


About