@ssd14194: အရင်တုန်းကတော့... တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်အောင်လုပ်ရင် ပြန်ပြီး ရှင်းပြချင်တယ်၊ ကိုယ့်ဘက်က မှန်ကြောင်း သက်သေပြချင်ခဲ့ဖူးတယ်။ အခုတော့လည်း အဲ့ဒီလို ရုန်းကန်ရတာတွေကို တကယ်ပဲ ငြီးငွေ့သွားပါပြီ။ လူဆိုတာ ကိုယ်ယုံချင်တာကိုပဲ ယုံကြတာမျိုးမို့လို့၊ ကိုယ့်ရဲ့ အမှန်တရားကို တန်ဖိုးမထားတဲ့သူတွေရှေ့မှာ စကားလုံးတွေ အကုန်ခံပြီး ရှင်းပြမနေတော့တာဟာ အကောင်းဆုံးသော အေးချမ်းမှုပဲ။ ရင့်ကျက်လာတယ်ဆိုတာ... ဒဏ်ရာတွေ မရတော့တာကို ပြောတာမဟုတ်ဘူး၊ ဒဏ်ရာတွေရရင်တောင် အရင်လို မအော်ဟစ်တော့တာကို ပြောတာပါ။ ကိုယ့်ကို ထားခဲ့တဲ့သူကိုလည်း ခွင့်လွှတ်တယ်၊ ကိုယ့်ကို မုန်းတဲ့သူကိုလည်း ပြုံးပြနိုင်တယ်၊ ကိုယ့်ကို လှည့်စားခဲ့တဲ့သူကိုလည်း ဘာမှမဖြစ်သလိုမျိုး ကျောခိုင်းထွက်ခွာနိုင်လာတယ်။ ဘာလို့လဲဆိုတော့... ငါ့ရဲ့ အချိန်နဲ့ ငါ့ရဲ့ စိတ်အေးချမ်းမှုဟာ အဲ့ဒီလို လူတွေထက် အများကြီး ပိုပြီး တန်ဖိုးရှိတာကို သိသွားလို့ပါပဲ။ အခုတော့လည်း... ဘဝကို အရှိအတိုင်းပဲ လက်ခံလိုက်ပြီ။ လောကကြီးက ငါ့ကို အောင်မြင်အောင် လုပ်ပေးရင်လည်း ကျေးဇူးတင်တယ်၊ ကျရှုံးအောင် လုပ်ရင်လည်း သင်ခန်းစာအဖြစ် သိမ်းဆည်းလိုက်တယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်သလို၊ ဘယ်သူ့ဆီကမှလည်း မျှော်လင့်ချက်တွေ မထားတော့ဘူး။ မျှော်လင့်ချက် မရှိတဲ့အခါ နာကျင်မှုဆိုတာလည်း တဖြည်းဖြည်းနဲ့ အငွေ့ပျံ ပျောက်ကွယ်သွားတာပဲ မဟုတ်လား။ ဒီနေ့လည်း ထုံးစံအတိုင်း အေးအေးဆေးဆေးပါပဲ။ ဘယ်သူတွေ ဘာတွေပြောနေပါစေ... ကိုယ့်ရဲ့ လမ်းကြောင်းပေါ်မှာပဲ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနေရတာကိုက စိတ်ကျေနပ်စရာပါ။ နာကျင်မှုတွေကတော့ ရံဖန်ရံခါ လာနှုတ်ဆက်ဦးမှာပေါ့၊ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင်လည်း လက်ဖက်ရည်တစ်ခွက် သောက်လိုက်သလိုမျိုး အေးအေးဆေးဆေးပဲ ဖြတ်သန်းပစ်လိုက်မယ်။ ငါဟာ အရင်ကထက် ပိုပြီးတော့ အေးစက်သွားနိုင်ပေမယ့်၊ ဒီအေးစက်မှုကပဲ ငါ့ကို အလုံခြုံဆုံး ကာကွယ်ပေးထားတာပါ။ crd

💦🌻🦋𝓢𝓐𝓝𝓓𝓐𝓡🦋🌻💦
💦🌻🦋𝓢𝓐𝓝𝓓𝓐𝓡🦋🌻💦
Open In TikTok:
Region: MM
Wednesday 23 September 2026 15:19:55 GMT
369
107
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @ssd14194, please go to the Tikwm homepage.

Other Videos


About