@myat_thein_htun: ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုရင် ... ဘယ်တတ်နိုင်မလဲဆိုတဲ့ စကားကို သုံးပြီး သူ မလိုအပ်တော့ဘူးဆိုတဲ့ အရှိတရားကို လက်သင့်ခံလိုက်ရုံပေါ့ ။ လက်သင့်မခံလို့လဲ မရဘူးလေ လက်မခံချင်လို့လဲ မရဘူးလေ ... လက်မခံဘူးဆိုလဲ လက်မခံဘူးပဲ ရှိမှာ မလိုအပ်တော့တာ မလိုအပ်တော့တာပါပဲ ပြီးတော့ သူ မလိုချင်တော့တာက မလိုတော့တာပါပဲ ။ အတင်းတွယ်ကပ်ပြီး ရပ်နေလဲ ပိုနေရုံပဲ ရှိမှာ ။ ကွက်လပ်လေးတစ်ခုခုကို ဖြည့်ဖို့လောက်တောင် အရေးပါမနေတော့တဲ့ လူပိုလေ ။ ရှိနေချင်တယ်ဆိုရုံပဲ ရှိနေလို့လဲထူးမနေတော့တဲ့ အရပ်မှာ ကိုယ်က ရပ်နေတယ်ဆိုရုံပဲ ရှိတာပါ ။ ဘာမှ ထူးမလာဘူး ပြီးတော့ ဘာမှ ထပ်ထူးလာဖို့လဲ ရှိမနေတော့ဘူး ။ သူ ... မလိုအပ်တော့ဘူးပေါ့ ... ပြီးတော့ သူ မလိုချင်တော့ဘူးပေါ့ အဲ့ဒီအရာကို လက်သင့်ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့မှာ ပျောက်ကွယ်ပေးလိုက်ရတာလေးတစ်ခုကပဲ အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာပါ ။ ပျောက်ကွယ်ပေးလိုက်တယ်ဆိုတာကလေ ရှိမနေချင်တော့ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ဘူးနော် ကလေး ။ ရှိနေချင်သေးတယ် ... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အနှောင့်အယှက်တွေ ပေးနေမိတာထက်စာရင် တိတ်ဆိတ်ပေးနေတာက ပိုအဆင်ပြေမယ်ထင်လို့ပေါ့ ။ ဖုန်းတွေဆက်နေရင် မကိုင်ချင်ပဲ ကိုင်နေရဦးမယ် ။ စာတွေပို့နေရင် မဖတ်ချင်ပဲ ဖတ်နေရဦးမယ် ။ လွမ်းလို့ဆိုတဲ့ စကားတွေ ချစ်လို့ဆိုတဲ့ စကားတွေဟာ အပိုပဲ မဟုတ်လား ။ ရပါတယ် ... မလိုအပ်တော့ဘူးဆိုတဲ့အခါ အားနာမနေပါနဲ့ ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုတဲ့ စကားလေးတစ်ခွန်းပဲ ပြောပါ ။ ကျွန်တော် တိတ်ဆိတ်ပေးမှာပေါ့ ပြီးရင် ကျွန်တော် ပျောက်ကွယ်ပေးလိုက်မှာပေါ့ ။ #ကျေးကို #fyp #foryou #myat_thein_htun
𝓜💔
Region: MM
Wednesday 23 September 2026 23:52:29 GMT
Music
Download
Comments
Zwe lay :
ဟူး ဒီတစ်ယောက်လည်းမနိုင်တော့ဘူး
2026-09-24 04:13:30
1
Mon Lay :
🥺
2026-09-27 00:31:11
1
☘️H Sapal🍀(နန့်စီးအောင်သူလေး) :
စာသားယူသုံးခွင့်ပြုပါရှင့်
2026-09-29 04:37:11
1
KO PHYO :
စာသားလေး copyပေးပါလား လုပ်မရလို့
2026-09-24 18:05:26
1
Thu Zar Khaing :
💔
2026-10-12 09:28:39
0
လူပျော် :
👍👍👍
2026-09-26 14:28:01
1
Nage Lay :
😌😌😌🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-24 01:26:13
1
sky soe :
🥺🥺🥺🥺
2026-10-19 13:03:17
0
To see more videos from user @myat_thein_htun, please go to the Tikwm
homepage.