@shweyoe111: ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရချိန်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ စီရော်နယ်လ်ဒို ပြောကြား ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ ပြောကြားခဲ့ပါတယ်။ အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် (၂၃၃)ပွဲကစားကာ (၁၄၆)ဂိုး သွင်းယူထားသူဖြစ်ပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ''ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ အနာဂတ်နဲ့ ပစ္စုပ္ပန်အကြောင်း ကျွန်တော် အမြဲတမ်း စဉ်းစားပါတယ်။ အသင်းဥက္ကဋ္ဌ၊ နည်းပြတွေနဲ့လည်း ဆွေးနွေးပါတယ်။ လက်ရွေးစင်အသင်း လိုချင်တဲ့နေရာကို ရောက်ရှိဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် ကျွန်တော် အနားယူမှာပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး(၉၇၉)ဂိုး သွင်းယူထားပြီး ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားတာကြောင့် လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးခြင်းဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပေမဲ့ အသင်းကို ကူညီပေးဖို့ ဆက်ရှိနေခြင်းဖြစ်ကြောင်း စီရော်နယ်လ်ဒိုက ပြောကြားခဲ့တာပါ။ ပေါ်တူဂီပရိသတ်အများစုကတော့ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ မသင့်တော်တော့ဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားသင့်တယ်လို့ ယူဆနေကြကြောင်း သိရပါတယ်။ #CristianoRonaldo #CR7 #Portugal #Selecao #Football яңылыҡтар
ShweYoe(FootballEntertainment)
Region: MM
Thursday 24 September 2026 02:30:28 GMT
Music
Download
Comments
Si Thu Aung :
ပေါ်တူဂီပွဲမကြည့်တော့ဘူးပေါ့ကွာ😏😏
2026-10-01 03:44:42
27
Mg win htwe :
No pot STOP
2026-10-01 09:12:24
1
BRUCE ⌛️ :
A legent🥰
2026-10-01 03:34:13
0
SMT :
ပေါ်တူဂီဆိုတာ ရော်နယ်ဒိုရဲ့ဖြစ်တည်မှု့နဲ့ အားပေးခဲ့တာ သူထွက်သွားရင် အားပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး
2026-10-01 03:36:00
6
အိမ့်ရွှေသုန့် :
အားမပေးတော့ဘူးပေါ်တူဂီ
2026-10-01 03:04:05
5
Thant Zin Nyein :
ပေါ်တူဂီ ရူံးနေရင်တောင် Ronaldoဂိုးသွင်းရင် ရပီကိုယ်ကတော့🥰
2026-10-01 04:41:09
3
😘😘😎😎😎😘😘 :
သူမနား တော့ အနား ပေးခံ ရတာ တကယ် စိတါမကောင်းဘူး
2026-10-01 07:50:11
1
🍁. K🍁. H🍁.....💲 :
cr7မပါရင်အားမပေးတော့ဘူး🖤
2026-10-01 02:00:25
3
Smile King :
idolမရှိရင် ဘောလုံးပွဲးတေးကြည့်ဖို ရက်နားမဃ်ဗျာ🥹🥹🥹🥹🥹🥹
2026-10-01 04:09:31
2
Ko Lwin :
ပေါ်တူဂီဖန်အဖြစ်ကအနားယူတယ်ကွာ
2026-10-01 02:53:45
2
Lay Min :
ငါတို့နိုင့်ငံကိုယ်စားပြုလာကန်ပါအသက်60အထိကန်လို့ရစေရမယ်ဦးဇော်ဇော်ကိုပြောပေးပါမယ်
2026-10-01 05:34:45
1
Smile 🥰တောင်ကြီးသား🌅🌄🍁🌲🌿 :
ရော်နယ်ဒိုနားပြီဆို ေတာ့ပေါ်တူဂီမကြည့်တော့ဘူး။နည်ပြကြောင့်နားသွားတာပါ
2026-10-01 03:59:07
1
Saw Tae Muee :
ငါပေါ်တူဂီပွဲကြည့်ဖြစ်တော့မယ်မထင်ဘူး🥺🥺🥺😌
2026-10-01 02:34:29
1
𝓜𝓸𝓮 𝓚𝓪𝓾𝓲𝓷𝓰 𝓚𝓲𝓷𝓷 :
ဒီမနက်ကြည့်မယ်လို့အားခဲထားတာလေကွာ ဘယ်လိုဖြစ်ရတာလဲ
2026-10-01 03:40:29
1
Dar bu :
goatကြီးနဲ့ပေါ်တူဂီနဲ့တွဲပြီးမြင်ရတာအကြိုက်ဆုံးဘဲ့ဗျ
2026-10-01 02:14:22
1
Aye Chann :
sad
2026-10-01 08:15:38
0
꧁༒ 𝓢𝔀𝓪𝓷 𝓗𝓽𝓮𝓽 𝓑𝓸 ༒꧂ :
😔
2026-10-01 10:39:25
0
Aamon 😎 :
2026-09-29 08:51:56
1
FCB🇦🇷🇪🇸❤️❤️ :
😅😅😅😅
2026-10-01 05:44:21
0
Ye Win :
စိတ်မကောင်းဘူးဗျ
2026-10-01 06:06:07
0
San San Aye :
cR7🥰🥰🥰
2026-10-01 12:05:25
1
Su & zin :
ငါလည်းမကြည့်တော့ဘူးကွာ[Teary eyed][Teary eyed][Teary eyed]
2026-10-01 12:27:56
0
Oo Naing❤ :
2026-10-01 06:08:23
0
Zaw Myo Hlaing :
No Ronaldo
No Portugal pr
bye Portugal
2026-10-01 06:07:40
0
Tint..Wai..ဆောက်လုပ်ရေး🏡🏡🏡 :
2026-10-01 00:40:00
0
To see more videos from user @shweyoe111, please go to the Tikwm
homepage.