@quynh.nhi202: Túi xách gọn vừa dễ ứng dụng #tuixach #tuixinh #coolidee #tuideovai #tuisangchanh

Quỳnh Nhi
Quỳnh Nhi
Open In TikTok:
Region: VN
Thursday 24 September 2026 03:37:01 GMT
3071
16
0
5

Music

Download

Comments

There are no more comments for this video.
To see more videos from user @quynh.nhi202, please go to the Tikwm homepage.

Other Videos

ယောက်ျားတွေအများစုက တကယ်တော့ 'မိန်းမကောင်း တွေကို မကြိုက်ကြပါဘူး။ သူတို့မှာ 'ကောင်းတဲ့မိန်းမ' တွေအပေါ် ဘာခံစားချက်မှ မရှိကြဘူး။ မင်း ယုံချင်မှ ယုံလိမ့်မယ်၊ ယောက်ျားတွေ သဘောကျတဲ့ မိန်းမတွေထဲမှာ ဘယ်နှစ်ယောက်ကတော့ အမှန်တကယ်ကို စည်းကမ်းရှိပြီး ရိုးသားနေလို့လဲ။ သူတို့က သမားရိုးကျအဓိပ္ပာယ်နဲ့ 'ကောင်းတဲ့မိန်းမ' တွေ မဟုတ်ကြပေမဲ့ ယောက်ျားတွေရဲ့စိတ်ကို ဘယ်လိုရအောင်လုပ် မလဲဆိုတာကို ကောင်းကောင်းသိကြတဲ့ မိန်းမတွေ ဖြစ်ကြပါတယ်။ ယောက်ျားတွေကို ဘယ်လိုပျော်ရွှင်အောင်လုပ်ပေးရမလဲ၊ ဘယ်လိုအောင်မြင်မှုခံစားချက်မျိုး ပေးရမလဲ၊ ဘယ်လိုအလိုလိုက်ပြီး ပျော်မြူးအောင်လုပ်ရမလဲဆိုတာ သူတို့သိကြတယ်။   ဒါကြောင့်မို့လို့ ယောက်ျားတွေ သဘောကျတာက အဲဒီ 'ဆိုးတဲ့မိန်းမ' တွေကိုပဲ ဖြစ်နေတတ်တယ်။ သူတို့က ယောက်ျားတွေကို တာဝန်တွေ၊ ဖိအားတွေအကြောင်း မပြောဘူး၊ လေးလံ လေးပင်တဲ့ အကြောင်းအရာတွေကိုလည်း မပြောဘဲ ယောက်ျားတွေကို စားဖို့သောက်ဖို့၊ ပျော်ပျော်ရွှင်ရွှင်နေဖို့နဲ့ အမျိုးစုံတဲ့ စိတ်လှုပ်ရှားမှုအသစ်အဆန်းတွေကိုပဲ ဖန်တီးပေးပြီး ပျော်အောင်လုပ်ပေးတတ်ကြတယ်။ အဲဒီတော့ ယောက်ျားတွေက အဲဒီလိုမိန်းမမျိုးနဲ့ပဲ ပိုပြီးတွဲချင်နေကြတာပေါ့။   ကောင်းတဲ့မိန်းမ' တစ်ယောက်ကတော့ ကိုယ်တွဲနေတဲ့ယောက်ျားကို တရားပြ၊ အနာဂတ်အတွက် ငွေရှာဖို့တိုက်တွန်း၊ အနက်ရှိုင်းဆုံးထိ ဆွေးနွေးတိုင်ပင်ချင်၊ သူ့ကို ပိုပြီးကောင်းမွန်လာအောင်လုပ်ပေးချင်၊ ဘဝကို စီစဉ်ရေးဆွဲပေးချင်နေတတ်တယ်။ ဒါပေမဲ့ တစ်ချက်လောက် စဉ်းစားကြည့်ပါ မင်းပြောနေတဲ့ ဒီစကားတွေက သူ့အတွက် မင်းအပေါ်ထားတဲ့ စိတ်ဝင်စားမှုကို လျော့ကျစေတယ်ဆိုတာကို။ မင်းပြောသမျှ စကားတိုင်းက သူ့ရဲ့ မင်းအပေါ်ထားတဲ့ အလိုဆန္ဒတွေကို လျော့ပါးစေတယ်။ မင်းက သူ့အတွက် ပိုပြီးတွေးပေးလေလေ၊ သူက မင်းကို ပိုပြီးစိတ်ညစ်စရာလို့ ထင်လာလေလေပဲ။ မင်းက သူ့ကို ကူညီပေးနေတယ်လို့ ထင်နေပေမဲ့ တကယ်တမ်းကျတော့ သူ့ကို ဖိအားတွေပေးနေတာ ဖြစ်နေတယ်။ ဒါကြောင့် ယောက်ျားတွေအများစုက အဲဒီလို 'ကောင်းတဲ့မိန်းမ' တွေကို မကြိုက်ကြတာပါ။   တာဝန်ယူမှုပဲရှိပြီး ဆွဲဆောင်မှုမရှိတဲ့ ဆက်ဆံရေးမျိုးကို သူတို့ မနှစ်သက်ကြဘူး။ မိသားစုအတွက် ယဉ်ကျေးစွာနေလို့ရတယ်၊ မိသားစုတာဝန်တွေကို ယူလို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ ဆွဲဆောင်မှု၊ အလှတရားအားလုံးကို သူ့ကို သတိပေးဖို့၊ ကူညီဆုံးမဖို့ဆိုတဲ့ ကိစ္စတွေမှာပဲ အကုန်အစင် သုံးထုတ်ပစ်လိုက်တာမျိုးတော့ လုံးဝမလုပ်သင့်ဘူး။ သူ့ရဲ့ တိုးတက်ကြီးထွားလာမှုမှာ တွဲဖက်ပါဝင်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ မင်းနဲ့အတူရှိနေရတာက ဖိအားတွေနဲ့ ပင်ပန်းမှုကြီးတစ်ခုတည်းဖြစ်နေပြီး ပျော်စရာဆိုတာ မရှိတော့ဘူးလို့ သူခံစားလာရအောင်တော့ မလုပ်မိပါစေနဲ့။  ဒီအချက်ကိုသာ မင်းနားမလည်ဘူးဆိုရင်တော့ မင်းတို့ရဲ့ဆက်ဆံရေးက တစ်နေ့နေ့ တစ်ချိန်ချိန််မှာ ပြသနာရှိလာနိုင်ပါတယ်။  #အတွေးအခေါ်စာစုများ #မိန်းမသားတို့အတွက် #fypage #crdစာသားfypシ  #crd

About