@koe2256: လက်လျှော့ချင်လာရင်တောင် မင်းနဲ့ မဝေးရဲပါဘူးအချစ်ရယ်.... တဖြေးဖြေး ကိုယ့်ဘက်က လက်လျှော့ချင်နေခဲ့ရင်တောင် ဒါဟာအကြောင်းမဲ့သက်သက် ဖြစ်လာတာတော့မဟုတ်ဘူး။ အများကြီးငိုခဲ့ပြီးနောက်၊အများကြီးဖြည့်တွေးခဲ့၊နားလည်ခဲ့ပြီးနောက်မှာ စတင်ပေါ်လာတဲ့အတွေးတွေပဲ။ ဘေးလူတွေလဲပြောတယ်၊ကိုယ်တိုင်လဲ သိခဲ့တယ်။ ဒီအချစ်ရေးဟာ မှားယွင်းနေပြီဆိုတာ... ကိစ္စသေးသေးလေးကိုအကြောင်းပြုပြီး ရက်တွေ အကြာကြီး အဆက်သွယ်ဖြတ်ခံရဝာာတွေ၊ ရန်သူတွေမဟုတ်ပါပဲ အနိုင်အရှုံးနဲ့မာနကို အလေးပေးခဲ့ဝာာတွေ၊ ကိုယ့်ဘက်က မပျက်မကွက်ချစ်ပေးနေခဲ့ပါလျက် သူ့ဘက်က ပြောင်းလဲလာတဲ့ အေးစက်မှုတွေကြောင့်။ တခါဝေးတိုင်း တခါတွေးတယ်။ ငါဘယ်လောက်ထိ သည်းခံနိုင်မလဲပေါ့။ တခါဝေးတိုင်း ထပ်ပြီးတွေးတယ်။ ထပ်ဖြစ်ပြန်ပြီ ဆိုပြီး ၀မ်းနည်းရပြန်တယ်။ တခါလာချော့တိုင်း တခါတွေးတယ်။ ဘယ်အချိန်မှာ ဒီသံသရာထဲကရုန်းထွက်နိုင်ပါ့မလဲပေါ့။ ကိုယ့်ဘက်ကဝောာ့ အချစ်မလျော့ခဲ့ပါဘူး။ သို့ပေမဲ့ ဦးနှောက်ရဲ့ပြောစကားကိုတော့ လျစ်လျူ မရှုဖြစ်ဝောာ့ဘူး။နှလုံးသားက နာပေမဲ့ အရင်လို စာတွေတောက်လျှောက်မပို့ဖြစ်တော့ဘူး။ ဦးနှောက်က တဖြည်းဖြည်း လက်ခံချင်လာတယ် သူငါနဲ့ဝေးဖို့ဘဲ အမြဲရွေးချယ်နေခဲ့တာပဲလို့။ ဒါကြောင့်ပဲ တဖြေးဖြေးလက်လျှော့ချင်လာတယ်။ ဒီလိုလက်လျှော့လိုက်ဝာာဟာ အန္တရာယ်တော့ရှိတယ်။ လုံးဝလက်လျှော့နိုင်ရင် လုံးဝဝေးသွားမှာပဲ။ ရင်နာပေမဲ့ ဒီသံသရာထဲမှာတော့ ဆက်ကျင်လည်နေချင်သေးတယ်။ မင်းနဲ့မဝေးရဲဘူး အချစ်ရယ်.... #crdစာသား💖 #crd_to_owner_with_respect #flypシーforyou #trend #tiktokmyanmar

𝓔𝓚2256
𝓔𝓚2256
Open In TikTok:
Region: MM
Thursday 24 September 2026 04:42:30 GMT
18049
992
0
167

Music

Download

Comments

There are no more comments for this video.
To see more videos from user @koe2256, please go to the Tikwm homepage.

Other Videos


About