@easternthanlwin: တာချီလိတ်မြို့မှာ ညဘက်ရပ်ထားတဲ့ ကားတစ်စီး အခိုးခံလိုက်ရပြီး သူခိုးတွေသောင်းကြမ်းနေ ၂၄ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin) ကိုဇက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း ညဘက်ရပ်နားထားတဲ့ Crown 2005 အဖြူရောင်တစ်စီး စက်တင်ဘာ(၂၃)ရက် ည (၁၁)နာရီအချိန်ခန့်က ခိုးယူခံလိုက်ရတယ်လို့ သိရှိရပါတယ်။ “ကားသော့ ကားထဲမှာကျန်နေတာ သူခိုးက ကားတံခါးဖွင့်လို့ရတာနဲ့ မောင်းပြီးယူသွားတာ။ ည(၁၁)နာရီကျော်အချိန်လောက်ကပါ”လို့ ခိုးခံလိုက်ရသူ တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။ အခုရက်ပိုင်း တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးခံရတာနဲ့ ကားခိုးရတာတွေအပြင် နေအိမ်ဖေါက်ထွင်းမှုတွေပါ ဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟောင်လိတ် ဆေခန်းရပ်ကွက်အတွင်းက နေအိမ်တစ်လုံးအတွင်း လိုင်စင်ပါ ဆိုင်ကယ်တစ်စီး၊ ကွန်ပျူတာ Latop တစ်လုံးနဲ့ ဆောင်းဘောက်တစ်ခုတို့ အိမ်ဖောက်ထွင်းခိုးယူခံခဲ့ရပြီး နေ့စဉ်နီးပါး ခိုးမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ “ဟစ်တိုင်က တင်ထားတာ မှားနေတယ်။ ခရိုင် USDP ဥက္ကဋ္ဌအိမ်က ခိုးခံရတာမဟုတ်ဘူး။ သူက ဥက္ကဋ္ဌနဲ့ရင်းနှီးလို့ သူပျောက်ခံရတဲ့ ကိစ္စလှမ်းပြောပြီး CCTV ဖိုင်ပေးလိုက်တာ”လို့ သူခိုးခိုးခံရသူ အိမ်နီးချင်းက ပြောပါတယ်။ အခုရက်ပိုင်း တာချီလိတ်မြို့တွင်း သူခိုးခိုးခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကားဘတ်မှတ်ဖြုတ်ခိုးခံရမှု၊ ဆိုင်ကယ်ခိုးခံရမှုနဲ့ နေအိမ်ဖောက်ထွင်းခံရမှုတွေ နေစဉ်နီးပါး ဖြစ်ပွားနေတာဖြစ်ပါတယ်။ #သူခိုး #ဒုစရိုက်မှု #နေအိမ်ဖေါက်ထွင်း #ကားခိုးခံရမှု #တာချီလိတ် https://t.me/+13Tc7H7JT802NjA1 https://tiktok.com/@easternthanlwin https://youtube.com/@easternthanlwinmedia... TCL Thies#
EasternThanlwin
Region: TH
Thursday 24 September 2026 05:35:59 GMT
Music
Download
Comments
🎬Si Thu Myint Moe🎟🎫 :
ဆိုင်ကယ်ကတော့ထားပါအုန်း
ကားကို ၁မိနစ်လောက်ပဲထင်တယ် လုပ်သွားတာက
သူခိုးတေးက ဘွဲ့ရပညာတက် သိပ္ပံပညာရှင့်လား
စူးပါပါးဝါများရှိတာလားပဲ
2026-09-24 05:57:38
73
Myint Naing Pin :
ကြည့်ရတာကားရောင်းပီးကားသော့အပိုပွားထားတာထင်တယ်ပြီးမှပြန်လာခိုးတာ
2026-09-24 06:26:07
34
王志轩 :
CCTV ဆိုတာ။ ကြည့်ဖို့သက်"ပါ
2026-09-24 06:55:10
20
Ma khin Nyunt :
Wow afraid of
2026-09-24 07:35:58
0
Ri Ton :
Level up 🤣
2026-09-24 06:01:55
2
🎱 :
ဆိုင်ကယ်ကိုကို့ယ့်အိပ်ယာဘေးမှာထားပီးအိပ်တာတောင်တက်ခိုးမဲ့ခေတ်ဖြစ်နေ
2026-09-24 06:34:03
7
အညာသူလေး :
သူခိုကကြွမ်လှကြည်လာဟ😳😳😳😳😳
2026-09-24 07:24:11
4
𝓐𝓹𝓾 :
ကားက ဇက်သော့မခပ်ထားဘူးလား
2026-09-24 07:05:39
0
Thorfinn. :
GTA Burmese
2026-09-24 07:29:04
2
Kham Kham :
ဘာပြောရမှန်းမသိတော့ဘူးကိုယ့်အိမ်မှာလည်းနှစ်စီးပါသွားတယ်တိုင်တိုင်မတိုင်တိုင်မထူးပါဘူးလေဘယ်သူ့အားကိုးရမလဲပြည်သူတွေအားကိုးရာမဲ့
2026-09-24 06:29:43
2
Ýãŵ Ňathäň :
သူခိုးကကားသော့ပါတာလား
2026-09-24 06:10:10
3
Nyi :
မင်းစိုးမင်းညစ်တွေတက်လာရင်တိုင်းပြည်ကအလိုလိုမြောင်းထဲရောက်သွားရော
2026-09-24 07:03:58
1
Mee Di :
crown ကအဲ့လောက်ခိုးရမလွယ်ဘူးနော်😳
2026-09-24 08:27:02
1
KhunSatt (Lashio) :
လားရှိုးမှာပိုဆိုတယ် ဆိုင်ကယ်ပျောက်သွားလို့တဲ့ မေးကျိတော့ သူကရဲတစ်ယောက်ပါ ပျောက်တဲ့နေရာက အကျဥ်းထောင်မှာရပ်ထားတာ ဝင်ခိုးသွားတယ်တဲ့ သြာအေးပါကွာ🥴🥴🥴 ခိုးသွားတဲ့နေရာကအကျဥ်းထောင် အခိုးခံရသူက ရဲ တဲ့လေ😒😒
2026-09-24 06:45:20
9
khant :
ရက်စက်လာပီ
2026-09-24 06:12:45
1
Moe Yan Aung :
မဟုတ်တဲ့ဟာတွေကြဖမ်းတယ် ဒါမျိုးတွေက မဖမ်းတတ်
2026-09-24 09:24:37
0
PĦŶO ♉️13/ :
ရှက်ဖို့ကောင်းနေပီ
2026-09-24 06:23:21
0
ကြိမ်စာဆူးကနုတ်မရပါ :
အမယ်ကားတံခါးကိုအရင်မပိတ်ဖူးဟ..စက်အရင်နိူးကြည့်သေးတာ..စက်နိူးမှကားတံခါးပိတ်တာ...ပုံမှန်က..ကားထဲဝ်မယ်ပိတ်မယ်.ကားစက်နိူးမယ်ထွက်မယ်.....
2026-09-24 07:49:38
0
T.O.P⚡ :
ကားတစ်စီးခိုးဖို့အဲ့ထိလွယ်တာပေါ့
2026-09-24 07:17:25
0
Aung Aung :
cctvလေးကကြည်လင်နေတာပဲအလွမ်းပြေကြည့်လို့ကောင်းမှာပဲ
2026-09-24 07:36:18
0
H💗 :
ကားတွေပါလိုက်ခိုးတာလာဟာ🤦🏼♀️🤦🏼♀️
2026-09-24 11:14:15
0
Thaw Tar Lin :
ကားက ခိုးတာ ေြာ့ဟုတ်လိုလာ အလောက်လွယ်တာ ခိုးအယ်သူကလဲ စက်နိုးတာနဲ့သခါတဲ့မောင်းထွက်မာပေါ့ ခုက နိုးပြီခနကြာမှမောင်းထွက်သွားတာ
2026-09-24 07:27:41
0
myo ko :
car တော့မဖြစ်နိင်
2026-09-24 08:01:59
0
maylitun :
စမကျကီး ကိုအာ့လိုခိုးလို့ရလား
သော့အပွားရှိလို့နေမယ်
2026-09-24 07:48:12
0
To see more videos from user @easternthanlwin, please go to the Tikwm
homepage.