@mote.thome0: ❗ ပျားဖွတ် ❗ သားတိုး ❗ မယားခိုး ❗ နွားသိုးတူရိုက် ❗ တောမီးတိုက် ❗ မုဆိုး ၊ တံငါ ပါယ်လေးရွာ အခုပြောတဲ့ ပျားဖွတ်၊ သားတိုး၊ မယားခိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။ 💥 (ပျားဖွတ်) လောကမှာ ကြောက်စရာအကောင်းဆုံးဓားပြဆိုတာ ပျားဖွတ်တဲ့သူတွေပါပဲ... ပျားကလေးတွေ သမ္မာအာဇီဝနဲ့ ရှာဖွေစုဆောင်းထားတဲ့ သူတို့ရဲ့ပျားရည်တွေကို အတင်းအဓမ္မ ဓားပြတိုက်ယူတယ်။ ဖယ်မပေးရင် ပျားတွေကို မီးရှို့သတ်တယ်။ သူ့တို့ရင်သွေး နုနုလေးတွေကို ဆုံထဲထည့်ထောင်း သတ်စားကြတယ်။ ဒီထက်ဆိုးတဲ့ဓားပြ လောကမှာ မရှိနိုင်ပါဘူး။ 💥 (သားတိုး) ကတော့ ကိုယ်မွေးထားတဲ့ နွား၊ ဝက်၊ ဆိတ် စတာတွေကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ ပေါ်လို့ရပြီနဲ့ တရိပ်ရိပ် အကုသိုလ် တက်နေတာမျိုးပါ။ 💥 (မယားခိုးလင်ခိုး) တာကတော့ ပြောစရာလိုမယ်မထင်ပါ။ ကာမပိုင်ရှိနေရက်နဲ့ ပစ်မှားတာလေ။ ပျော်ရတာခဏ၊ ခံရမှာက အနှစ်ပေါင်းသိန်းသန်း မကပဲနော်။ 💥 (နွားသိုးတူရိုက်) (နွားဝှေးထု)ဆိုတာလည်း ကိုယ့်ဝှေးစေ့ကိုယ် လက်ညိုး လက်မလေးနဲ့ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ အကုန်ကြေအောင် ပေါင်တူနဲ့ ထုရိုက်ချေတာမို့ မတွေးဝံ့စရာ အကုသိုလ်ပါ။ 💥 (တောမီးတိုက်) ဆိုတာကတော့ အသက်ပေါင်းများစွာ သေရတာမို့ တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြပါတယ်။ 💥 (မုဆိုးတံငါ) ဆိုတာကတော့.. သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်း သတ္တဝါတွေကို သတ်ပြီး ရောင်းချ စားသောက်နေကြတာဆိုတော့ သာမန်လူထက် အကုသိုလ်များပါတယ်။ သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ အချိန်အဓိကပေါ့။ 📌 ဒါပေမယ့် ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်း အကုသိုလ်လုပ်နေတာမဟုတ်ဘူးပေါ့။ ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့နော်။ ကုသိုလ်ကိုသတိရပြီး သေရင်လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။ နောက်ဘဝတွေ နောက်ဘဝတွေမှာတော့ အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပါ။ 📌 ပုထုဇဉ်လူသားတွေဟာ အကုသိုလ်နဲ့ မကင်းတော့ အကုသိုလ်မှန်းသိပြီဆိုတာနဲ့ အကုသိုလ်ကို မလုပ်တော့ဘူးဆိုရင် အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။ 📌 အကုသိုလ်ကတောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာမို့ တတ်နိုင်သမျှ အကုသိုလ်အလုပ်တွေနဲ့ အသက် မွေးဝမ်းကျောင်း ပြုရခြင်းမှ လွတ်ကင်းအောင် ကြိုးစားကြပါ။ #Credit ..M..Thome
ˢᵃʳᵗᵒ(★) မုတ်သုန်...စာတို (★)
Region: MM
Thursday 24 September 2026 08:36:33 GMT
Music
Download
Comments
Hcait Naing :
သားတိုးရဲ့အဓိပ္ါယ်မသိဘူး
2026-09-29 02:26:39
1
KO LIN Feeling📝✍️👨🏻💻စာတို :
ကော်ပီယူမယ်နော် ဆရာ🥰🥰🥰
2026-09-29 08:37:31
1
saikoko :
ဘယ်အရာမမလွပ်ဘူးလုပ်နေဆွဲဘာဝမ်းစာအတွက်ပေါ့🥺🥺🥺🥺🥺
2026-09-28 05:10:10
1
ဗလာစာအုပ်📘📚 :
ဒီခေတ်မှာ သိလဲကျူးလွင်နေကြတာပါပဲ ဝဋ်ကျွေးဆိုတာကိုလဲမကြောက်ကြတော့ပါဘူး လက်တွေ့မဟုတော့[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-09-24 13:24:24
4
🤝🤝ye. thawe. 😷😷😷😷 :
စမ္နနဲဘဝ မရှီဘူးဆိုရင်တော့ 4ရက်သားသမီးတွေရှောင်ကြမှာပါ🥺🥺🥺🥺🥺🥺🥺
2026-09-24 13:49:54
2
👦ttyt👦 :
လေစာပါတယ်
2026-09-24 13:02:54
2
Ko Sai Wai Lu :
ဇာတ်ပွဲသဘင်တွေ?
2026-09-24 15:41:25
1
ဘိုင့်ဘိုင် :
လူသည် လူပါ
အသိတရားသည် လူတိုင်း မရှိနိုင်ပါ
2026-09-27 12:18:04
2
Ko Nay{ချင်းတွင်းသား} :
မုဆိုးတစ်သက် တောင်ယာတစ်မနက် ဆိုတာလဲ ရှိသေးတယ်နော်😁
2026-09-25 04:36:40
1
သျှင်မင်းညို :
ကျေးဇူးပါအသိပညာမျှ ဝေပေးလို့🥰🥰🥰
2026-09-24 08:42:41
1
Naing Naing :
ဒါတွေဟာစကားပုံလားလို့
2026-09-28 03:37:55
1
🚛Myo Myint Kyaw &Myne Myne 🚃 :
အဲဒီအချက်တွေအကုန်လုံးလွတ်ကင်းနေလို့ပျော်နေတာ🥰🥰🥰🥰🥰
2026-09-26 06:38:49
2
အဖီတလိုင်🥺 :
အသိပညာဗဟုသုတာရလိုက်တယ်ဗျား
ဒီလိုစာမျာမျာလေးတွေတင်ပါ အာပေးနေပါတယ် ကျေဇူပါနော် rpလေလည်ပြန်ပေးပါနော်
2026-09-28 16:39:01
1
Bo Bo Hlaing :
good
2026-09-24 14:36:04
1
Thu Ya :
အသိပေမဲ့ဘဝကကြမ်တယ်ဗျာတံငါတော့လုပ်ရတယ်ဗျာ😳😳😳😳😳😳😳
2026-09-25 07:53:09
1
007 :
🙏🙏🙏🙏🙏🙏🙏
2026-09-25 17:36:29
1
Chunchun :
💞💞💞💞💞💞ဟုပ်ကဲ့ပါ💕💕💕💕💕💕💕💕💕💕
2026-09-24 10:26:53
1
သူရ :
မှတ် သားလောက် ပါတယ်🥰🥰🥰🥰🥰🥰
2026-09-25 15:23:07
1
ပုလဲမျက်ရည်းခါး :
ကောင်းလိုက်တာ
2026-09-24 14:58:26
1
👸Htay Htay🇲🇲🎋🎋🤝💫👑 :
🌷🌷🌷🌷🌷
2026-09-24 13:44:00
1
kyawthuya3739 :
တောမီးတကွက် မုဆိုးတသက်😁😁
2026-09-28 21:43:11
0
Zin Lin Tuno :
တောမီးတော့တိုက်ပါတယ်
2026-09-27 15:01:51
0
မောင်ငမဲ🌚 🏐🏐 :
copyပေးလို့ရမလားဗျ
2026-09-24 15:09:32
1
GooGoo :
ညာလို့လဲပြည့်
2026-09-25 15:01:09
1
꧁༺CᕼOᑌ ZOE LᗩY༻꧂ :
ဒါလုပ်မှစားရမဲ့သူတွေကြဘယ်လိုလုပ်ကြမယ်😅
2026-09-25 09:49:54
1
To see more videos from user @mote.thome0, please go to the Tikwm
homepage.