@zayartbz7news: ကုလသမဂ္ဂ၏ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံကြီးစတင်ချိန်အထိ မြန်မာနိုင်ငံတော်အကြီး အကဲအဖြစ် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေ ရန်ကုန်၊ စက်တင်ဘာ ၂၄ ကုလသမဂ္ဂ၏ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံကြီး စတင်ချိန်အထိ ကုလသမဂ္ဂ၏ မှတ်တမ်းများတွင် မြန်မာနိုင်ငံတော်အကြီးအကဲအဖြစ် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖော်ပြထားပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုထားကြောင်း သိရသည်။ ကုလသမဂ္ဂ၏ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာ ၈ ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ထားသည့် ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများမှ အကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံခေါင်းဆောင်များအဖြစ် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖော်ပြထားသည်။ ထို့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ဖော်ပြထားသည်။ အဆိုပါအခြေအနေသည် ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို ဆက်လက်ထင်ဟပ်နေခြင်းဖြစ်သည်။ The New York Times သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် သတင်းအရ ဦးကျော်မိုးထွန်းက အထွေထွေညီလာခံကျင်းပနေသည့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအစည်းအဝေးခန်းမတွင် မြန်မာ နိုင်ငံ အတွက် သတ်မှတ်ထားသည့် ထိုင်ခုံနေရာ၌ ကိုယ်တိုင်ရှိနေမည်ဖြစ်သော်လည်း အထွေထွေညီလာခံတွင် မြန်မာနိုင်ငံကိုယ်စား မိန့်ခွန်းပြောမည်မဟုတ်ကြောင်း ပြောဆိုထားသည်။ အထွေထွေညီလာခံတွင် မိန့်ခွန်းမပြောခြင်းသည် ဦးကျော်မိုးထွန်းအနေဖြင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း ၎င်း၏ ရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည့် သဘောတူညီချက်တစ်ရပ်နှင့် ဆက်စပ်နေခြင်းဖြစ်သည်။ ထိုအစီအစဉ်ကြောင့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ၎င်းအား ရာထူးမှ ဖယ်ရှားရန် ကြိုး ပမ်းခဲ့သော်လည်း ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဦးကျော်မိုးထွန်းကို နယူးယောက်သို့ စေလွှတ်ခဲ့သည့် ရွေးကောက်ခံအစိုးရသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး ဖြုတ်ချခံခဲ့ရသည်။ အာဏာသိမ်းပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာ၏ အကူအညီကို တောင်းဆိုခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက ၎င်းအား ရာထူးမှ ထုတ်ပယ်ကြောင်း စစ်တပ်က ကြေညာခဲ့သည်။ သို့သော် ကုလသမဂ္ဂဘက်တွင် အာဏာသိမ်းခံခဲ့ရသည့် အစိုးရကိုသာ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုအဖြစ် ဆက်လက်ထားရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိုအစိုးရ၏ ကိုယ်စားလှယ်များကိုလည်း ဆက်လက်အသိအမှတ်ပြုထားသည်။ တစ်ဖက်တွင် စစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးအတွက် ကြိုးပမ်းခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပကာ ရွေးကောက်ခံအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ကြိုးပမ်းခဲ့သော် လည်း အဆိုပါရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုခြင်းမရှိသေးပေ။ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးမှ ဖယ်ရှားပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့သည့်အပြင် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုလအတွင်း ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်ရုံး၏ နေအိမ်တွင် နေထိုင်ပြီး အစိုးရဘဏ္ဍာငွေများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသည်ဟု စွပ်စွဲထားသည်။ ဦးကျော်မိုးထွန်းက အခြားကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်များနည်းတူ ယခုတစ်ပတ်အတွင်း အထွေထွေညီလာခံ၏ ကော်မတီ ၆ ခုတွင် ဆွေးနွေးမည့် အကြောင်းအရာများအတွက် ပြင်ဆင်နေကြောင်း၊ အဆိုပါကော်မတီများတွင် လက်နက်ဖျက်သိမ်းရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ သို့သော် ဦးကျော်မိုးထွန်း၏ နေ့စဉ်လုပ်ငန်းတာဝန်များတွင် အခြားသံအမတ်များ ပုံမှန်လုပ်ဆောင်ရခြင်းမရှိသည့် အလုပ်များလည်း ပါဝင်နေပြီး ၎င်းနေထိုင်သည့် နယူးယောက်အထက်ပိုင်းရှိ နေအိမ်တွင် မြက်ရိတ်ခြင်း၊ ကိုယ်တိုင်ကားမောင်း၍ ကုလသမဂ္ဂရုံးသို့ သွားခြင်းနှင့် ကုလသမဂ္ဂမန်ဟက်တန်တွင် ကားရပ်ရန်နေရာ ကိုယ်တိုင်ရှာဖွေခြင်းများ ပြုလုပ်နေရသည်။ ဦးကျော်မိုးထွန်းက The New York Times သို့ ပြောဆိုချက်အရ ကုန်ကျစရိတ်လျှော့ချရန်အတွက် ၎င်း၏ရုံးမှ ဝန်ထမ်းအများအပြားကို အလုပ်မှ ထုတ်ပယ်ထားပြီး ၎င်းကိုယ်တိုင်လည်း ယမန်နှစ်မှစ၍ လစာမရရှိတော့ကြောင်း ပြောဆိုသည်။ လက်ရှိတွင် ကုလသမ

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Thursday 24 September 2026 11:19:17 GMT
40509
2855
60
58

Music

Download

Comments

lu.pyogyi72
LPG :
[Like][Like][Like][Like][Tears of joy][Like][Tears of joy][Tears of joy][Tears of joy][Tears of joy][Heartwarming][Tears of joy][Like]
2026-09-24 14:23:02
0
thansoe9799
thansoe9799 :
Read aloud .
2026-09-24 13:16:13
1
soewin1110
KyaeKyaw :
ကောင်းတယ်ဗျို့🥰🥰🥰🥰🥰🥰🥰🥰
2026-09-24 12:07:41
8
ayeaye24769309126
ayeaye24769309126Thoon :
ဝမ်းသာလိုက်တာ
2026-09-24 12:37:30
6
user590780371
Lin Lin :
လေးစားလျှက်ပါခင်ဗျား
2026-09-24 14:27:17
2
u.khin.zaw1676
U Khin Zaw :
အာဏာလက်မဲ့ဖြစ်နေတာဘာမျအကေးမပါဘူး
2026-09-24 13:17:21
1
mg.min2069
maung min :
👍👍👍👍👍👍👍👍👍
2026-09-24 14:58:21
1
thida1389
Thida :
🥰🥰🥰🥰🥰🥰🥰
2026-09-24 14:55:17
1
ya86757
Ya :
သမတလဲမတွေ့မိဘူးနော်
2026-09-24 15:22:53
0
userzdpfs1inpo
user95256394196 :
2026-09-24 13:20:30
1
user3431815811530
Aung Aung :
2026-09-24 15:57:55
0
hnin.nwe2138
Ko Sein Gyi :
👍👍👍👍
2026-09-24 12:39:18
0
seintseintaye74
seintseintaye :
❤️❤️❤️❤️❤️❤️❤️ဝမ်းသာလိုက်တာ
2026-09-24 13:43:42
1
htet876445
anime fan :
👍👍👍🥰🥰🥰🌹🌹🌹
2026-09-24 13:12:18
0
yangoon7
သုည :
good❤
2026-09-24 12:46:13
0
doekalay1979
သားထွေး :
💜
2026-09-24 14:14:51
0
kohan071
ko han (မအူပင်သား) :
2026-09-24 16:39:53
0
useriv730w93zg
user42244600792 :
❤️👍👍👍👍👍
2026-09-24 13:04:45
0
user8802286404842
user8802286404842 :
2026-09-24 12:45:09
0
user8802286404842
user8802286404842 :
2026-09-24 12:44:56
0
mayhnin4813
May Hnin :
🥰🥰🥰🥰🥰🥰🥰
2026-09-24 13:05:35
0
user8802286404842
user8802286404842 :
2026-09-24 12:45:16
0
user8802286404842
user8802286404842 :
2026-09-24 12:44:58
0
user8802286404842
user8802286404842 :
2026-09-24 12:45:02
0
khun.thar.hla
Khun Thar Hla :
ဝမ်းသာပါတယ်
2026-09-24 13:53:20
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About