@sitisuhaibah287: #Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲအဖြစ် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဆက်လက်အသိအမှတ်ပြုလိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ထပ်မံအသိအမှတ်ပြုလိုက်ပါတယ်။ -တရုတ်နိုင်ငံက အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်စျေးရောင်းသူ Live Streamer အမျိုးသမီး Wang Ran ဆိုသူဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရပြီး အမေရိကန်ဒေါ်လာ ကိုးသောင်းနဲ့ ပြန်ရွေးဖို့ မိသားစုဆီ ငွေညှစ်ခံနေရတယ်လို့ တရုတ်အစိုးရမီဒီယာတွေကပါ အကြီးအကျယ်ဖော်ပြနေကြပါတယ်။ -စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့်ဟာ အရေးပေါ် ပြင်ပဆေးရုံတက် ကုသဖို့ လိုအပ်နေပေမယ့် လက်ရှိအချိန်အထိ ၉ ဦးသာ တက်ရောက်ခွင့်ရထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM က ပြောလာပါတယ်။ -ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Region: MY
Thursday 24 September 2026 11:40:42 GMT
Music
Download
Comments
Thumingl :
[Embarrassed][Embarrassed][Embarrassed]
2026-09-24 12:10:40
0
To see more videos from user @sitisuhaibah287, please go to the Tikwm
homepage.