@zin.mar.hlaing6507: ပြီးအောင်ဖတ်ကြည့်ပါ🛑မပေါ့ဆသင့်တဲ့ AI နှင့် အီမားန်🛑 ▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ 🌈ဒဂျ်ဂျားလ်ရဲ့ ရှေ့ပြေး AI တွေမှာတောင် လူတွေ ယုံစားမှု အားကိုးမှု တွယ်တာမှု အထင်ကြီးမှု လွန်ကဲနေတာ တစ်ကယ့် ဒဂျ်ဂျားလ်အစစ်ရဲ့ လှည့်ကွက်တွေမှာ ဖတ်ကနဲ ကန်းသွားနိုင်တဲ့ ကိုယ့်ရဲ့ အခြေနေဆိုးနေတဲ့ အီမားန်ရဲ့ ဟားလ်ကို ကောင်းကောင်းသိသင့်တယ် ။ 🌈ခင်ဗျားကျနော်မစုံရရင်တောင် သားမြေးထဲက ကြုံရမယ် မုချ စုံရမယ်။ ဒါကြောင့် နောင်မျိုးဆက်ကို စုံလုံကန်းယုံကြည်မှုတွေ ကနေ ကာကွယ်ရမယ်။ 🌈တစ်ခုခုဆို အေအိုင်ခေါက်လိုက်ဆိုတဲ့ အရာတွေက ပညာတွေ နှလုံးသားတွေ ယုံကြည်ထားမှုတွေ အားကိုး ထားမှုတွေရဲ့ ဖြာနေတဲ့အီမာန်ရဲ့ ကိုင်းအားလုံးကို အညွန့်တုံးစေဖို့ ရန်သူထဲက ရန်သူတစ်ဦးပဲ။ 🌈နည်းပညာဆန်းသစ်မှုတွေ အားလုံးက နိအ်မဟ် ဖြစ်သလို တိုးတက်လာမှုတွေအားလုံးက တစ်ဖက်မှာ ပျက်စီးမှုတွေရဲ့ ရေသောက်မြစ်တွေပဲ ။ လူတွေရဲ့ တုံးတိနေတဲ့ အရင်ကတည်းက အလုပ်မလုပ်နေတဲ့ ခေါင်းတွေ ဂျိုးပိတ်နေတဲ့ နှလုံးသားတွေကို အခုလို နည်းပညာသစ်တွေက အရည်ဖျော် သောက်သွားမယ်။ 🌈ပေါ့တိပေါ့ပျက် ခင်ဗျားကျနော် နေထိုင်မှုတွေနဲ့ ဒီလောကီရဲ့ အဖျက် ဝိဇ္ဇာ တိုင်းကို ကျော်လွှားနိုင်မယ်လို့ ထင်နေတုံးလား ...အီမာန်လက်မဲ့ဘဝတွေကို တွန်းပို့နေတဲ့ ယဟူးဒ်ရဲ့ ဂျင်းတွေ နစွာရာဟ်တို့ရဲ့ ကြက်ဟင်းခါးသီး တွေကို မြိန်နေတုံးပဲလား။ 🌈ဒီစာဖတ်ရလို့ ဟာ ဒီလူတွေကွာ ဘာမှကိုမနေရပါလားလို့ တွေးနေရင်လဲ စကားလက်ဆောင် ထပ်ယူသွားလိုက်။ ခင်ဗျားတို့ အထင်ကြီးလှတဲ့ ဒီအရာတွေကနေပဲ 🌈ခင်ဗျားတို့ နစလ်မှာ မွရ်ဒသ်ရဲ့ မီးတွေတဟုန်ထိုးမြင်ရလိမ့်မယ်။ အသျှင်ထိန်းသိမ်းသနားဂရုဏာပြုပါစေ။ 🌈ကိယာမဟ်ဆိုတာလဲ ဗေအီမားန်ရဲ့ လက်ဝယ်မှာပဲ အရည် ဖျော်မှာ ... များစွာတဲ့ အိစ်လာမီ နစလ်လ် မျိုးရိုးစဥ်ဆက်ကို အပေါ့ယိက နေထိုင်မှု ဖြစ်သလိုသွန်သင်မှုတွေ အဆင်ပြေသလို နေထိုင်မှုတွေနဲ့ ဒဂျ်ဂျားလ်ရဲ့ ပရိသတ်အစစ်မလုပ်လိုက်ကြဖို့ အသိပေး မေတ္တာရပ်ခံပါတယ်။ #ပညာမဲ့ငတုံးတွေကိုခေါင်းဆောင်တင်ပီး ပညာမဲ့များအပေါ် ပညာမဲ့ ထပ်ဆင့်ပီး လောကီကြီးကို ဖျက်စီးကြမယ့် သူတွေ အတွက် #Ai ဆိုတဲ့ အရာက ပထမဆုံး #ပညာမဲ့ခြင်း၏ အကြီးမားဆုံး အထောက်ထားပဲ....မယုံကြည့်နေပါ။ #အိဂျ်သိဟားဒ်မပါတဲ့ ငတုံးတွေ နဲ့ အတူ ဆိုးရွားတဲ့ရက်တွေ ပိုလို့ လွှမ်းလာလိမ့်မယ်။ #အကောင်းဆုံးရက်သစ်တွေနဲ့ အလှဆုံးသာယာဝပြောတဲ့ အချိန်တွေရက်တွေကိုတော့ 👉🌺မဟ်ဒီအလိုင်းဟိစ်စလားမ်နဲ့ 👉🌺(အီစာ) အလိုင်းဟိစ်စလာမ် တို့ရဲ့ ဟုကူမသ်မှာ ယူဆောင်လာခြင်းခံရမယ်။ ဂျူး တွေ ကြွေးကြော်နေတဲ့ ... အီစာအလိုင်းဟိစ်စလာမ် ကလဲ နောက်ဆုံး နဗီချုပ် မုဟမ်မဒ် စွလ်လလ်လာဟုအလိုင်းဟိဝစလ်လမ် ရဲ့ အသင်းသားအွမ်မဟ်အဖြစ်နဲ့ လောကီက အညစ်ပတ် အစုတ်ပြတ်တွေအားလုံးကို အသန့်ဆုံး အဖြစ် အသျှင့်၏ အမိန့်အောက်မှ ပုန်ကန်သူ / အိစ်လာမ်ကို ဖျက်စီးသူအားလုံးကို တိတိကျကျ ပြတ်ပြတ်သားသား နဖူးတွေ့ ဒူးတွေ့ ရင်ချင်းအပ်ပြီး ဖူးတွေ့ရပေအုံးမယ်။ ထိုအရာများကား အိစ်လာမ် ၏ ကတိ သစ္စာသာဖြစ်တယ်။ မုစ်လင်မ်များမကျန် ကာဖိရ်များပါ မှတ်သားနာယူ နှလုံးသွင်းလော့။ ဒင်းတို့ကြည့်မရဆုံးသော 👉အိစ်လာမ်သာ ဒင်းတို့မဝင် ရောက်ရသော 👉🌺ဂျန်နဟ်🌺သုခဘုံထိ ရှိနေမည့် တစ်ခုတည်းသော သာသနာဆိုတာ ကောင်းစွာ သတိဝင်လော့။😊 ဒါဟာ ..شرك ..ရဲ မသိမသာနဲ့ အကြီးမားဆုံး အဆိပ်ငွေ့ပဲ။ ✍️Sheik Sarfaraaz Huzaifah Khan Deen For Muslimeen
RKY
Region: MM
Thursday 24 September 2026 11:59:02 GMT
Music
Download
Comments
Nyein Chan Maung :
ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင်လဲ အားသာချက်တွေအများကြီးရှိပါတယ်။
သာမန်အာဝမ်တွေ အာလင်မ်တွေနဲ့အဆက်အသွယ်မရှိသူတွေ၊တစ်ချို့ကိစ္စတွေကိုလူချင်းတွေ့ပြီးမေးရမှာရှက်တဲ့သူတွေအတွက် ကိုယ်သိချင်တဲ့အကြောင်းအရာ၊ဒိုအာတွေကိုမေးရင် အာယသ်၊ဟဒီးဆ်၊ဘယ်စာအုပ်မှာ ပါတယ်ဆိုတာမျိူး အထောက်ထား အတိအကျနဲ့ပြန်ဖြေပေးပါတယ်။
2026-09-25 14:01:40
3
niqab girl🥰🥰🥰 :
အီမာန်ရှင်တိုင်းကိုအလ္လာဟ်ရှင်ထိန်းသိမ်းတော်မူပါစေ
2026-09-25 11:21:33
8
Ei Lait Phyu :
ဘာသာရေးနဲ့ ပတ်သက်ပြီး မမေးတာ အကောင်းဆုံးပါ
အမှားတွေ ပါနိုင်ပါတယ်
2026-09-26 02:54:02
3
sawmicle1 :
လူဖြစ်ခဲမယ်ဆိူရင် အီမာန်ယူမယ်တဲ
ပြည်စုံတဲသာသနာတဲ့♥️♥️♥️
2026-09-25 08:55:23
5
بنده محمد نعمآن :
Ai ရ အရာရာရာမှန်မနေပါဘူး တချို့ ဘာသာရေးနဲ့ပတ်သက်တာဆိုရင် မမှန်တဲ့အဖြေရများတယ်ဗျ
2026-09-26 08:28:42
3
💖💖Suwaibarlay🌺🌺 :
jazakallahပါတင်ဆက်ပေးတဲ့အတွက် ယာအလ္လာဟ်ကျွန်တော်မျိုးမပါအပါအ၀င်အိမာန်ရှင်တိုင်းကိုAiနှင့်လုပ်နေတဲ့လုပ်ရက်တွေကိုရှောင်ရှားနိုင်တဲ့သောင်ဖီးသ်ချီးမြင့်ပေးသနားတော်မူပါယာအလ္လာဟ် အာမီန်း
2026-09-26 06:55:22
2
luffy sea king :
အဲ့ကိတ်စကaiနဲ့ဘယ်တော့မှအမေးအဖြေမလုပ်ဘူးနှလုံးသားထဲမှာသိမ်းထားလို့
2026-09-26 03:12:22
2
Honey Soe933 :
အမှန်ပဲ
နောက်ဆုံထွက်ငက်ထိအိမန်နဲ့အဆုံသတ်ခွင်ခိုင်မြဲခွင်ပေးဖို့အရှင်မာဆုတောင်းတယ်
2026-09-26 05:44:52
2
Moe Myint San :
တရားတော်နဲ့ပါတ်သက်တာ ဘာမှ
မမေးပါ
2026-09-26 01:49:37
2
💜Sofia💜 :
aameen
2026-09-25 13:50:12
1
Jãsminē💐 :
မာရှားအလ္လာဟ်
2026-09-25 08:55:15
1
Phyu Pyar :
အမှန်ပဲ
2026-09-25 23:34:46
1
Vampire :
ဘာမှ မဆိုင်ဘူး ယုံကြည်မှုနဲ့ ပညာပေးသင်ယူမှုချင် ကျောင်းမတက်နဲ့ အီမားန် ပျက်လိုဆိုလိုမရဘူး ai ဆိုတာ ဘုရားလို့ ai ကိုပြန်မေးကြည့်ကြရင်
2026-09-26 18:31:46
2
TwrhayRar :
2026-09-25 11:05:02
1
user2488365142735 :
2026-09-25 18:45:33
1
Oli Ver :
AI ကို မျက်စိမှိတ်ယုံကြည်ပြီး ကိုယ့်ရဲ့ စဉ်းစားနိုင်စွမ်းနဲ့ ဘာသာရေးဆုံးဖြတ်ချက်တွေကို AI လက်ထဲ အပ်ထားတာ မသင့်တော်တာ မှန်ပါတယ်။ ဒါပေမယ့် AI ပေါ်လာတာနဲ့ ဒဂျ်ဂျားလ်ရဲ့ ရှေ့ပြေးလို့ သတ်မှတ်တာ၊ AI သုံးသူတိုင်း အီမာန်ပျက်စီးမယ်လို့ ပြောတာတွေကတော့ အစ္စလာမ့်အထောက်အထားနဲ့ ခွဲခြားပြောဖို့လိုပါတယ်။ ဒဂျ်ဂျားလ်အကြောင်း ယုံကြည်ရတာက ကုရ်အာန်နဲ့ စဟီးဟ်ဟဒီးစ်တွေအပေါ် အခြေခံရမှာဖြစ်ပြီး ခေတ်သစ်နည်းပညာတစ်ခုကို ကိုယ့်အမြင်နဲ့ ဒဂျ်ဂျားလ်နဲ့ တိုက်ရိုက်ဆက်စပ်သတ်မှတ်တာ မသင့်တော်ပါဘူး။ AI က ကိရိယာတစ်ခုသာဖြစ်ပြီး မှားနိုင်သလို မှန်ကန်တဲ့အချက်အလက်ရှာဖွေရာမှာလည်း အသုံးဝင်နိုင်ပါတယ်။ အရေးကြီးတာက AI ကို အမှန်တရားရဲ့ အဆုံးစွန်အာဏာပိုင်မထားဘဲ ဘာသာရေးကိစ္စတွေမှာ ကုရ်အာန်၊ စဟီးဟ်ဟဒီးစ်နဲ့ ယုံကြည်ရတဲ့ အာလင်မ်တွေဆီ ပြန်လည်စစ်ဆေးဖို့ပါ။ အီမာန်ကို ကာကွယ်တာဟာ နည်းပညာတိုင်းကို ရန်သူလို့မြင်တာမဟုတ်ဘဲ ပညာ၊ တက္ကဝါ၊ အထောက်အထားနဲ့ အမှန်အမှားခွဲခြားနိုင်စွမ်းရှိအောင် ကိုယ့်ကိုယ်ကိုနဲ့ နောင်မျိုးဆက်ကို သင်ကြားပေးတာပါ။ အစ္စလာမ်ကို ကာကွယ်မယ်ဆိုရင်လည်း လူတစ်စုကို အထွေထွေစော်ကားခြင်းထက် အထောက်အထားနဲ့ ယဉ်ကျေးစွာ ဆွေးနွေးခြင်းက ပိုတန်ဖိုးရှိပါတယ်။
2026-09-27 23:59:27
0
Shar he dar :
2026-09-25 16:37:54
1
နီနီအောင် 🌸 :
2026-10-04 06:31:33
1
𝐊𝐇𝐈𝐍𝐌𝐆𝐋𝐖𝐈𝐍 𝐌𝐮𝐬𝐞 :
စာပိုဒ်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာကတော့ AI နည်းပညာကို အလွန်အမင်း အားကိုး ယုံကြည်တာ၊ စိစစ်မှုမရှိဘဲ လက်ခံတာတွေက သာသနာရေးနဲ့ စာရိတ္တပိုင်းဆိုင်ရာ ယုံကြည်မှု (အီမာန်) ကို ထိခိုက်စေနိုင်တယ်ဆိုပြီး သတိပေးထားတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ သုံးသပ်ကြည့်နိုင်တဲ့ အချက်အချို့ ရှိပါတယ် -
နည်းပညာနှင့် AI ရဲ့ သဘောသဘာဝ: AI ဆိုတာ လူသားတွေ ဖန်တီးထားတဲ့ ကိရိယာ (Tool) တစ်ခု သာဖြစ်ပါတယ်။ သူ့မှာ ကိုယ်ပိုင်အသိဉာဏ်၊ စာနာစိတ် ဒါမှမဟုတ် သာသနာရေးဆိုင်ရာ ခံယူချက် မရှိပါဘူး။ ပေးထားတဲ့ ဒေတာတွေအပေါ် အခြေခံပြီး အချက်အလက်တွေကို စုစည်းဖော်ပြပေးတာ ဖြစ်တာကြောင့် အမြဲတမ်း ၁၀၀% မှန်ကန်နေမည် မဟုတ်ပါ။
အကန့်အသတ်များ: AI က သတင်းအချက်အလက် စုဆောင်းရာမှာ ကူညီပေးနိုင်ပေမဲ့ စာရိတ္တ၊ သာသနာရေးရာ ဆုံးဖြတ်ချက်များ၊ နှလုံးသားဆိုင်ရာ ယုံကြည်မှုများနှင့် ဘဝရဲ့ အရေးကြီးသော ဆုံးဖြတ်ချက်များအတွက် လူသားတို့ရဲ့ စိစစ်ဝေဖန်နိုင်စွမ်းနှင့် သက်ဆိုင်ရာ ပညာရှင်များ၏ လမ်းညွှန်မှုကို အစားမထိုးနိုင်ပါ။
သတိပြုရန် အချက်: AI ကို အသုံးချရာမှာ ဗဟုသုတရှာဖွေရေး အထောက်အကူအဖြစ်သာ သုံးသင့်ပြီး၊ အလုံးစုံ ပုံအပ်ယုံကြည်ခြင်း သို့မဟုတ် သာသနာရေးရာ ကျမ်းဂန်ဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် တိုက်ရိုက် မမှီခိုသင့်ဘူးဆိုသည့် သတိပေးချက်မှာ လက်တွေ့ကျသည့် ရှုထောင့်တစ်ခု ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရင် AI ကို အကူအညီပေးသည့် နည်းပညာ ကိရိယာတစ်ခုအဖြစ် စိစစ်ဝေဖန်ပိုင်းခြားပြီး အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
2026-10-09 02:00:14
1
K :
အဲ့ဒါအမှန်ဘဲ
2026-09-26 04:56:36
1
🖤💜 👍👍👍RABIYAR,👍👍👍🖤💜 :
2026-09-29 12:34:56
1
မေမေပါပါချစ်တုန်လေ :
2026-10-07 10:40:32
1
kThweWin😘😘😘 :
jee
2026-09-26 16:50:39
1
Royal Girl 💃 :
ရိုက်ရှာဖို့နေနေသာသာ ဆောဖ့်ဝဲလ်တောင် မထည့်ထားဘူး အာရုံမို့လို့ 😁
2026-10-03 19:30:03
1
To see more videos from user @zin.mar.hlaing6507, please go to the Tikwm
homepage.