@htunlwin216: "တစ်ယောက်တည်းပါပဲ"" ************************* ဘယ်ဘဝကပဲ လာလာ လောကထဲဝင်လာရတဲ့အခါ--- အဖော်မပါဘူး ကိုယ်တစ်ယောက် တည်းပါပဲ။ ဘယ်သူတွေ ကိုယ်အနားမှာပဲရှိရှိ ဝေဒနာတွေခံစားရတဲ့အခါ--- ကိုယ့်အစားကူပြီး ခံစားပေးလို့မရဘူး။ ကိုယ်တစ်ယောက်တည်းပဲ ခံစားရတယ်။ ဘယ်သူတွေ ကိုယ့်အပေါ် ဘယ်လောက်ပဲကောင်းကောင်း အဆင်မပြေဖြစ်လာတဲ့အခါ--- ဒုက္ခမှန်သမျှ ကျော်ဖြတ်ရတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ။ ဘယ်သူတွေ ဘယ်လောက်ပဲ နားလည်ပေးပေး စိတ်ဆင်းရဲမှုတစ်ခု ကြုံတွေ့ရတဲ့အခါ--- ခံစားသမျှ နာကျင်ရတာ ကိုယ်တစ်ယောက်တည်းပါပဲ။ ဘယ်သူတွေ ဘယ်လောက်ပဲ ချစ်ချစ် ရေစက်ပါလို့ ဆုံကြတာပဲရှိမယ်။ အချိန်တန်လို့ခွဲခွါတဲ့အခါ---ကျန်ခဲ့ရတာ ကိုယ်တစ်ယောက်တည်းပါပဲ။ ဘယ်သူတွေနဲ့ပဲလျှောက်ခဲ့၊လျှောက်ခဲ့ လမ်းကြုံလို့ ခရီးဆုံခဲ့တာပဲရှိမယ်။ ခရီးဆုံးတဲ့အခါ---ကိုယ်တစ်ယောက်တည်းပဲ။ ဒါကြောင့် တစ်ခြားသူတွေကို အရမ်းကြီးမှီခိုဖို့လည်း မကြိုးစားပါနဲ့။ကိုယ့်စိတ်နဲ့ အတူတူပဲဆိုပြီး အရမ်းကြီးလည်းမယုံလိုက်နဲ့။ တစ်ယောက်တည်းဆိုပြီး အားငယ်စိတ်လည်းမဝင်လိုက်နဲ့။ ချန်ထားခံခဲ့ရလို့လည်း ဝမ်းနည်းမနေနဲ့။ အချိန်တန်ရင် ကိုယ်တစ်ယောက်တည်းပါပဲဆိုတဲ့ အမှန်တရားကိုလက်ခံနိုင်ဖို့ ကြိုးစားပါ။
Htun Lwin216
Region: MM
Thursday 24 September 2026 12:49:06 GMT
Music
Download
Comments
🍁🌸အန်တီမော်🌸🍁 :
လူဖြစ်လာကထည်းကအကြွေးဘဲဆပ်နေရတယ်ဝဋ်ကြွေးဒီဘဝတော့အကျေဆပ်ခဲ့မယ်နောင်ဘဝလဲမသယ်ချင်ဘူးဘယ်သူ့မှလဲနောက်ထပ်ကြွေးမယူတော့ဘူးဒီဘဝဒီမျှပါဘဲ😌😌😌😌😌
2026-10-11 13:36:58
10
PHAING :
ကောင်လိုက်တာဗျာ
တကယ့်ကို
လေးစားပါတယ်
2026-10-11 13:59:55
7
@Top :
ပြန်တင်ပါရစေရှင်🙏
2026-10-13 12:18:49
1
🇲🇲AYEHNINPHYU🇨🇳 :
ပြန်တင်ချင်လို့ရလား
2026-10-13 02:09:33
1
မနုဿလူသား :
လောကထဲကိုရောက်လာတာအကြွေးဆပ်ဖို့လာတယ်လို့သိထားပါ၊မကျေရင်နိဗ်ဗာန်မရောက်ဘူး၊ပြုသူအသစ်မဖြစ်ပါစေတော့နဲ့။
2026-10-11 05:53:37
7
nyunt phu san :
ကောင်းတာတွေပဲ ရှာဖွေရွေးလုပ်ပါ။ မကောင်းတာ လုပ်တာ ဘယ်သူမှ မမြင်ပေမဲ့ မိမိကတော့ သိနေမှာပါ
2026-10-10 07:14:52
6
ဒေါ်ခင်ထွေး :
မဟတ်ပါဘူးသားရယ်သသာနာပြုရမှားလေအယ်ဒါကြောင့်စိတ်ကောင်ထာပြီးဘုးတရားများလုပ်ပါသား
2026-10-13 03:31:57
2
ဓမ္မခွန်အား :
ဝဋ်ကံမကြေသေးရင်
ဆက်ရန်ရှိသေးသည်
မဟာကုသိုလ်ဖြစ်တဲ့
သတိပဌာန်ဝိပဿနာတရားသာ
အားစိုက်ထုတ်ပါ ဒီဘဝမကြေရင်
နောင်ပွင့်မဲ့ဘုရားနဲ့တွေ့ရင်
ကျွတ်တန်းဝင်ပါမည်
2026-10-12 11:28:56
3
phoephoe :
လူ့ဘဝကြီးက ဒီလိုနဲ့ ကုန်ဆုံးသွားတာပါ မသိတဲ့သူက လောဘ ဒေါသ မောဟ တွေက မရုန်းထွက်နိုင်ကြဘူး
2026-10-11 12:04:05
2
Ko Aung Lin :
အသက်ရှင်နေသေးတာက ကုသိုလ်တွေလုပ်ခွင့် ပေးနေတာပါ...🙏🙏🙏...
2026-10-10 09:12:02
4
Sai Hseng Mork :
ကမ္မဝဋ် ( ပြုခဲ့ပြီး/ပြုဆဲ)
ကိလေသာဝဋ် (ဖဿပစ္စယာ ဝေဒနာ အပေါ် တပ်မက်လွန်းခြင်း)
ဝိပါကဝဋ် ( ဘဝဟောင်းများစွာက အကြွေးများ)
တို့ကြောင့်ဘဲ ဖြစ်ပါတယ်။
အတူတူ ခံစားနေရတာမို့ ကိုယ်ချင်းစာပါ၏။
2026-10-12 10:53:18
2
Mg chit Sone :
လောကဒဏ်ကိုကြံ့ကြံ့ခိုင်နိုင်အောင်ပဲကြိုးစားကြတာပေါ့နော်မျက်ရည်ကျရုံကလွှဲလိုဘာတတ်နိုင်မှာလဲ
2026-10-11 15:21:29
1
Thi Thi :
တစ်ကယ်တမ်းကျတော့တစ်ယောက်တည်းနေရတာအေးချမ်းပါတယ် သံယောဇဥ်တွေကပူလောင်လွန်းပါတယ်လာတော့လည်းတစ်ယောက်တည်းပြန်တော့လည်းတစ်ယောက်တည်းပြန်ရမှာပါဘဲတစ်ယောက်တည်းနေတတ်အောင်လည်းစိတ်ကိုပြင်ဆင်နေပါတယ်တကယ်တမ်းကျတော့ စဥ်းစားကြည့်ရင်လိုချင်တက်မက်မှုနည်းလေပိုအေးချမ်းလေပါဘဲရှင်
2026-10-11 13:40:07
3
tintinwai93 :
လူရယ်လို့ ဖြစ်လာရင် လောကဓံကို ကြန့်ကြန့်ခံနိူင်ရည် ရှိရတယ် ကောင်းတာလဲတွေ့မယ် မကောင်းတာလဲတွေ့မယ် ဒီနှစ်ခုက ဒွန်တွဲနေတာလေ ဖြစ်မယ် ပျက်မယ် ဒါဘဲလေ
2026-09-25 07:52:38
5
zarnilinn461 :
ပြန်ရှယ်ခွင့် ပေးပါရှင့်
2026-10-11 02:45:39
1
Zaw :
မြန်စွာဘုရားကဟောထားတယ်
ကောင်ကြိုး စိုကြိုစိုတာ လူကလုပ်တာတဲ
ဘယ်သူမပြူ မိမိမှူပေါ့ဗျာ
2026-09-27 17:22:41
2
koaungthu :
မှန်လိုက်သာ
2026-09-25 06:16:09
1
သဘာဝမောင်မောင်သက် :
မှန်လိုက်တာခင်ဗျာ
2026-09-25 05:51:57
2
ချစ်ဧည့်သည်များဆုံဆည်းရာ။🥰 :
ပြန်လည်မျှဝေခွင့်ပြု့ပါ။🥰🥰🥰
2026-10-12 09:43:51
1
💕💕၅၂၈💕💕 :
ကောင်းလိုက်ပါဘိ
ကူးယူ အသုံးပြုခွင့်ပေးပါ🙏🙏🙏
2026-10-11 09:05:46
1
ဆူးတပ်ရွာသူ❤️❤️💓 :
စာသားလေးတွေကရင်ထဲအရမ်းထိရောက်လို့ပြန်တင်ခွင့်ပြုပါ😭😭😭😭😭😭😭
2026-10-11 03:55:02
1
U Win Htwe :
ဝဋ်ကြွေးကြောင့်ဘဲဆိုပါစို့ဗျာ😌
2026-10-11 04:33:45
1
Never mind 👌 :
ဘဝတူတွေ အများကြီးပါ
2026-10-11 08:12:55
1
Mg Mg Lin :
ဟုတယ်ဗျာ
တနှစ်နဲ့တနှစ် ကုန်သွားတာပဲအဖက်တင်တယ်ဗျာ
2026-10-12 11:55:41
1
ကိုကို :
ကြိုက်လို့ပြန်တင်ခွင့်ပြု့ပါ
2026-09-25 09:37:00
1
To see more videos from user @htunlwin216, please go to the Tikwm
homepage.