@mote.thome0: -ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ... မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ သိပ်မလေးအနက်မထားမိ... -ဘုန်းဘုန်းကြီး အရှင် ပညာစက္က ပြောပြမှ သေချာဝန်ချ တောင်းပန်ဖို့ လိုအပ်တာ သိရပါတယ်... ကန်တော့တဲ့ အခါ ဆိုရင်လည်း "ပစ်မှားမိခဲ့သည် ရှိသော် လို့ ''မဆိုရဘူးတဲ့။ သံသရာ မှာ ပစ်မှားတာကတော့ ရှိမှာပဲ တဲ့။ အဲ့ဒါကြောင့် "ပစ်မှား မိခဲ့သည် များကို'' လို့ ဆိုရပါ့မယ်တဲ့။ -ဒီဘဝမှာတောင် စိတ်နဲ့ပစ်မှား မိတာတွေက အများကြီးရယ်။ သံသရာ နဲ့ ချီရင်တော့ အများကြီးပဲပေါ့။ -အခု ရက်ပိုင်း ကိုယ့်စိတ် ကို သတိထားမိလေ ပစ်မှားခဲ့ မိတာတွေ သတိထားမိလေမို့ ခင်ပွန်းကြီး ဆယ်ပါးကို သေချာလေး တောင်းပန် ဝန်ချ ကန်တော့ဖြစ်နေပါတယ်။ -ဘုန်းဘုန်းကြီး ပြောတဲ့နည်း နဲ့ ကန်တော့ဖို့ကိုယ့်မှာ ရှိတဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း ၃ မျိုးကို စုပေါင်းပြီး ဖတ်ရတာ အဆင်ပြေအောင် ရေးပေးထားပါတယ်။ ခင်ပွန်းကြီး၁၀ပါးအား ဝန်ချတောင်းပန်ခြင်း ******************************** ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။ မာတာပိတု ဂုရုသတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။ ဣမေ ဒဿ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။ (ဗုဒ်ဓါ ပစ်စေကာဗုဒ်ဓါစ၊ အရဟာ အက်ဂ သာဝကာ မာတာပိတု ဂုရု သတ်ထာ၊ ဓမ်မဒေသကာ စ ဒါယကာ အိမေ ဒသ မဟာ ဂုဏေ၊ အဟံ ဝန်ဒါမိ သတ်ဗဒါ) မြတ်စွာ ဘုရား🙏 ဘုရားတပည့်တော် တို့သည် သံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ထိ၊ ( ၁ ) ဘုရား ********** ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးတို့ အပေါ်၌ လည်းကောင်း၊ ( ၂ ) ပစ္စေကဗုဒ္ဓါ ************** ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ် ကြီး တို့ အပေါ်၌ လည်းကောင်း၊ ( ၃ ) အဂ္ဂသာဝကရဟန္တာများ ********************** ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊ ( ၄) ရဟန္တာ ********** ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊ ( ၅ ) မိခင် ********* ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော မိခင်တို့ အပေါ်၌သော် လည်းကောင်း၊ ယခု ပစ္စုပ္ပါန် ဘဝ၌ မိခင်ကြီး (ဒေါ်....) အပေါ်၌ သော်လည်းကောင်း၊ ( ၆ ) ဖခင် ********* ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ဖခင်တို့ အပေါ်၌သော် လည်းကောင်း၊ ယခု ပစ္စုပ္ပါန် ဘဝ၌ ဖခင်ကြီး (ဦး....) အပေါ်၌ သော်လည်းကောင်း၊ ( ၇ ) ဆရာ ********* ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော လိမ်မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊ ( ၈ ) အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ် ******************************* ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူး ဖြည့်ကျင့် လျက်ရှိကြ ကုန်သော, လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ် တို့၏ အပေါ်၌ လည်းကောင်း၊ ( ၉ ) တရားဟောပြသောပုဂ္ဂိုလ် ************************* ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော တရား ဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊ ( ၁၀ ) ကျွေးမွေးစောင့်ရှောက်သောပုဂ္ဂိုလ် ******************************** မိမိ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ ကျွေးမွေး၊ ပေးကမ်း၊ ချီးမြှင့်၊ ထောက်ပံ့ ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌ လည်းကောင်း၊ မိုက်မဲသည့်အလျှောက်၊ တွေဝေမိသည့် အလျှောက်၊ မသိသည့် အလျှောက်၊ ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန် မိခဲ့သည့် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် ... ဘုရားတပည့်တော်တို့မှ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ အရှင်ဘုရား။ မြတ်စွာ ဘုရား🙏 ဘုရားတပည့်တော် တို့ သည် သံသရာ အဆက်ဆက်မှ စ၍ ယခု ချိန်ထိ၊ ၃၁ ဘုံတွင် ကျင်လည်ကြ ကုန်သော, ဝေနေယျ၊ သုခိတာ၊ ဒုက္ခိတ၊ သတ္တဝါ အပေါင်းတို့ အပေါ်တွင် ကာယကံ ဝစီကံ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန် ခဲ့သည် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် အကျွန်ုပ်တို့မှ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏ -အကျွန်ုပ်ပေါ်တွင် လည်း အသင်တို့မှ ပြစ်မှား မိခဲ့သော အပြစ် များကို သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်၊ ကျေအေး ပါတယ်။ ဤသို့🙏 ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှု့ကံ စေတနာ တို့ကြောင့် ... -အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်း မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြား တော်မူသော၊ သစ္စာလေးပါး မြတ်တရား ကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန် သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင် ဘုရား။ -လောကီ မဂ်လာ အဖြာဖြာ တို့သည် လည်း စိတ်ကြံတိုင်း၊ တောင့်တ တိုင်း၊ လွယ်ကူ လျင်မြန်စွာ ပြည့်စုံ ၍ နှလုံး စိတ်ဝမ်း အေးချမ်း ရပါစေသား အရှင်ဘုရား။ #မူရင်းစာရေးသူအားလေးစားစွာဖြင့် #ဓမ္မစာပေများဖတ်၍ကုသိုလ်ရပါစေ🙏🙏🙏 ..မုတ်သုန်#

ˢᵃʳᵗᵒ(★) မုတ်သုန်...စာတို (★)
ˢᵃʳᵗᵒ(★) မုတ်သုန်...စာတို (★)
Open In TikTok:
Region: MM
Thursday 24 September 2026 13:24:02 GMT
126222
15275
98
1430

Music

Download

Comments

user4353080084155
🌸SHW🌸♍ VIRGO Girl ♍ :
ညတိုင်းရှိခိုးပူဇော်ပါတယ်🙏🙏🙏
2026-09-27 12:14:41
1
t.k.l.t
Mâ Põē ❤🤎🤍🍁🍂 :
ကျမ ဘုရာရှိခိုးတိုင်း မေတ္တာပို့ အမျှဝေ ပြီးခင်ပွန်းကြီးဆယ်ပါး အမြဲကန်တော့ ပီးရင် ဆုတောင်းတယ် 🙏🙏🙏 အလွှက်မရသေးလို့ စာအုပ်ကြည်ပြီး ဆိုရတယ် ☺
2026-09-28 02:39:06
10
ooooaunglay323
Oo Aung lay :
Copy လေးရချင်လို့ပေးလို့ရမလားဗျာ[Heartwarming][Heartwarming][Heartwarming]
2026-09-27 13:16:35
3
cho.than824
Cho Than :
စာလေးကူးချင်လို့ပါ ပို့ပေးလို့ရလားရှင့်
2026-09-27 06:54:53
2
wai53518
@wai$&🇲🇲🥰 :
ကော်ပီလေးယူချင်ပါတယ်🙏
2026-09-27 14:55:59
2
ohntin46
🐇O🌱H♥️N🕊T💐 :
ညတိုင်းရှိခိုးတရ် 🥰ရှိခိုးပီးတိုင်းစိတ်တေချမ်းသာလို့🥰
2026-09-27 18:09:36
1
cora222288
🍀🌻ချိုဇင်🍀🌻 :
စာလေးကော်ပီယူချင်လို့ပါ
2026-09-27 12:18:18
1
lwin.mg71
Lwin mg :
မျှ ဝေရှင်ခွင့်လွတ်တော်မူပ့
2026-09-28 12:06:57
1
may.myo.6992
May Myo 6992 :
အများသူငှါအတွက် ဗဟုသုတ ပိုရစေလို၍ ပြန်တင်ခွင့်ပြုပါ
2026-09-26 03:10:09
1
daw.nwae226
🥰🥰မမရဲ့ငယ်🥰🥰 :
ပြန်လည်မျှဝေခွင့်ပြုပါ
2026-09-28 04:22:31
1
sanime439
သူရ :
ဗဟုသုတ ရပါတယ် ကျေးဇူးပါ 🙏🙏🙏🙏🙏🙏
2026-09-25 15:18:19
1
naychy07
ShineMinOo :
ပြန်ယူသုံးလို့ရပါသလား နောင်တော် 🙏
2026-09-28 12:03:39
1
nilamkn
Nila Mkn :
shadu shadu shadu 🙏🙏🙏
2026-09-28 10:33:26
1
kiwikiwi89892
🥝 Kïwï 🥝 :
🙏စာလေးကူးချင်လို့ပါ ပို့ပေးလို့ရလားရှင့်
2026-09-27 12:14:58
1
kowaiaungmoe
ဝေအောင်မိုး ချစ်ဇနီး Phyu Lay :
copyခွင့်တောင်းပါတယ်🙏
2026-09-28 04:06:54
1
t.ts089
Mg. R :
ကော်ပီကူးခွင့်ပြုပါဗျာ🙏
2026-09-28 03:27:27
1
ei.thu5880
꧁✿🌸Ei Thu𝓔𝓜𝓲𝓴𝓸♥ :
ညတိုင်းကန်တော့တာ🙏🙏🙏
2026-09-27 22:51:10
1
heavenslove08
👑 Ah Su 👑 :
ဖြည့်စွက်ပြီးရွက်ရမယ်အရာလေးတွေ ပြောပြလို့ ကျေးဇူးပါ သာဓုသာဓုသာဓုပါရှင်
2026-09-27 17:23:57
1
lawon742
🌻ချစ်ရဲ့သဲကြော်ပဲလှော်🌻 :
တစ်နှစ်ပြည့်ခဲ့ပြီ
2026-09-27 07:50:42
1
htwe.nge881
Htwe Nge :
ကူးလဲကူးတယ်မျှဝေပေးလိုက်ပါတယ်ကျေးဇူးလဲတင်ပါတယ်
2026-09-27 22:37:40
1
kaythisoe922
kaythisoe922 :
2026-09-27 06:08:41
1
kyaw.kyaw.naing956
Kyaw Kyaw Naing :
အခုလိုတင်ပေးလို့ကျေးဇူးတင်ပါတယ်🙏🙏🙏
2026-09-25 17:49:02
1
chuchu5790
💕💕💕 ChitSu 💕💕💕🇲🇲 :
သာဓုသာဓုသာဓုပါရှင်🙏🙏🙏🙏🙏
2026-09-28 16:22:00
1
ninihlaing937
Ni Ni 💙🌻🌻🍀🌹💫💫 :
မျှဝေခွင့်ပြုပါရှင့်🙏🥰
2026-09-28 06:06:15
1
diana561614
pee pee :
copy ယူပါရစေ
2026-09-28 05:24:52
1
To see more videos from user @mote.thome0, please go to the Tikwm homepage.

Other Videos


About