@lahiru_theekshana_01: 😓🐘👣 #තනියා #farminglife

lahiru_teek ❗
lahiru_teek ❗
Open In TikTok:
Region: LK
Thursday 24 September 2026 14:20:03 GMT
118
21
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @lahiru_theekshana_01, please go to the Tikwm homepage.

Other Videos

သတိဆိုတာ သိပ်အားစိုက်ရတာမျိုး မဟုတ်ဘူး... ကိုယ့် ဒွါရ(၆)ပေါက် လူတိုင်းမှာ ဒွါရ (၆)ပါးရှိတယ်၊ သိတယ်နော်... အာရုံ (၆)ပါး ဒွါရ(၆)ပေါက်မှာ အာရုံ(၆)ပါးဆိုတာ ရှိတယ်၊ အဆင်းရယ်၊ အသံရယ်၊ အနံ့ရယ်၊ အရသာရယ်၊ အထိအတွေ့ရယ်၊ စိတ်အမူအရာရယ်၊ ရုပ်က (၅)ပါး၊ စိတ်က (၁)ပါး၊ အာရုံ (၆)ပါးရှိတယ်... အဲဒီအာရုံ (၆)ပါးကိုသိလို့ရှိရင်၊ သတိရှိတယ်ခေါ်တယ်... သတိထားတော့မယ်၊ သတိပဋ္ဌာန်ပွားတော့မယ်ဆိုရင် သတိဆိုတဲ့အဓိပ္ပာယ်လည်း သိမှဖြစ်မှာပေါ့ ... သတိဆိုတာ ဘာလဲဆိုတော့ တကယ်ရှိတဲ့တရား၊ အမှန်တရားကို သိတာ၊ မမေ့တာ၊ ဟုတ်ပြီနော်... မြင်လို့မြင်မှန်း သိရတယ်၊ ကြားလို့ကြားမှန်း သိရတယ်၊ နံရင်နံမှန်းသိရတယ်၊ အနံ့ရှိရင်ရှိမှန်း သိရတယ်၊ အဲဒီ ဒွါရ (၆)ပေါက်မှာဖြစ်တဲ့ အာရုံ (၆)ပါးကိုသိရင် ဒါကို သတိရှိတယ်လို့ခေါ်တယ်... အဲလို မြင်မြင်မှန်းသိဖို့၊ ကြားကြားမှန်းသိဖို့၊ ထိနေရင် ထိနေမှန်းသိဖို့၊ နံနံမှန်းသိဖို့ ဘယ်လောက်အားစိုက်ရလို့လဲ? ဒီအတိုင်း တစ်နေကုန်နေမယ်ဆိုရင် ပင်ပန်းမလား? ဒီလောက်လေးပဲ တစ်နေကုန် သတိထားမယ်ဆိုရင် မပင်ပန်းပါဘူး... ခါတိုင်းလိုမျိုး၊ အရင်ကလိုမျိုး၊ အာရုံတစ်ခုတည်းကိုပဲ အတင်းစိုက်ထားလို့ရှိရင် အကြာကြီး သတိမထားနိုင်ဘူး... တစ်နာရီလောက် သတိထားပြီးရင် ယောဂီ ခြေကုန် လက်ပန်းကျသွားမယ်၊ ယောဂီ ပက်လက်လန်သွားမယ်၊ လျှော့ပစ်လိုက်မှာသေချာတယ်၊ ဘာလို့တုန်းဆို အားကုန်နေပြီလေ... အားစိုက်တာထက်စာရင် သတိစွဲမြဲတာက ပိုအရေးကြီးတယ်၊ အဲလိုလေး အားထုတ်ရတာ... တစ်နေကုန် အားထုတ်ရင်လည်း မပင်ပန်းပါဘူး... အခုဒီမှာက တစ်နေကုန် အားထုတ်ရမှာနော်... ဓမ္မာရုံရောက်မှ ထိုင်မှ အားထုတ်ရတာမျိုး မဟုတ်ဘူး... သတိပဋ္ဌာန်တရားပွားတယ်ဆိုတာ မနက်အိပ်ရာနိုးကတည်းကစပြီးတော့ သတိကပ်ထားရတယ်... လုပ်သမျှ ကိုင်သမျှ သိသိပြီးတော့ သွားရမှာ... ကိုယ် နဲ့ ကိုယ့်စိတ် ကပ်ထားရတယ်... အမြဲတမ်း သိနေရမယ်၊ ဒါဆိုသတိဆိုတဲ့အဓိပ္ပာယ်ကိုသိပြီနော်... ကိုယ့်ကိုယ်ကိုယ် မမေ့တာကို၊ ကိုယ့်ကိုယ် ကိုယ် ပြန်သိနေတာကို သတိလို့ခေါ်တယ်၊ ကိုယ့်ကိုယ်ကိုယ်ဆိုတာ ဒွါရ (၆)ပါးပဲကို ပြောတာ... ကိုယ့်ကိုယ်ကိုယ် သိလို့ရတာ ဒီရုပ်နဲ့ ဒီစိတ်ပဲရှိတယ်၊ ဒီရုပ်မှာဖြစ်နေတာ၊ ဒီစိတ်မှာဖြစ်နေတာကို သိနေတယ်ဆိုရင် သတိရှိတာပဲ... အရင်တုန်းကဆိုရင် ကိုယ့်ရဲ့ စိတ်က အပြင်ဘက်ကို အာရုံပြုတာ... မျက်စိကတစ်ဆင့်၊ နားကတစ်ဆင့်အပြင်ကို အာရုံပြုပြီး စဉ်းစားနေတာ... အခုဒီဘက်ကို လှည့်လိုက်ပါ၊ ကိုယ့်ဘက်ကို ပြန်လှည့် လိုက်ပါ... ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုပြီးနေလိုက်တော့၊ အပြင်ကို သိပ်အာရုံပြု မနေနဲ့တော့၊ ဒါဆိုရင် ဒီရုပ်မှာ ဖြစ်နေတာ၊ ဒီစိတ်မှာဖြစ်နေတာတွေကို သတိထားမိလိမ့်မယ်၊ သိလာလိမ့်မယ်၊ နားလည်ပြီနော်... အဲဒီတော့ တရားအားထုတ်ချိန်က ဘယ်အချိန်လဲ?  (မနက်အိပ်ရာထကနေ ညအိပ်ရာဝင်ချိန်ထိပေါ့) ရပြီနော်... ထိုင်မှမဟုတ်ဘူးနော်၊ ထိုင်တဲ့ဣရိယာပုတ်က တရားအားထုတ်နေတာ မဟုတ်ဘူး... ထိုင်ပြီးတော့ တွေးချင်ရာတွေး၊ ငိုက်ချင်ရာ ငိုက်နေတယ်ဆိုရင် တရားအားထုတ်တယ်ခေါ်မလား? မခေါ်ဘူးနော်၊ ဣရိယာပုတ် က အားထုတ်တာ မဟုတ်ဘူး... စိတ်ကအားထုတ်ရမှာ၊ စိတ်က သတိရှိရတယ်၊ သိအောင် ကြိုးစားရတယ်၊ နိုးနိုးကြားကြား ရှိရတယ်၊ သိနေတယ်ဆိုတာ သတိထားနေမှ သိမှာပေါ့... ကိုယ့်ကိုယ်ကိုယ်ပြန်သိဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်သတိထားနေရတယ်၊ ဣရိယာပုတ်က တရားအားထုတ်တာ မဟုတ်ဘူး၊ စိတ်ကအားထုတ်နေရတယ်၊ ထိုင်လည်း သတိရှိရမယ်၊ လမ်းလျှောက်လည်း သတိရှိရမယ်၊ လက်လှုပ် လှုပ်မှန်းသိ၊ ခြေလှုပ် လှုပ်မှန်းသိ၊ ရှေ့တိုး တိုးမှန်းသိ၊ နောက်ဆုတ်ဆုတ်မှန်းသိ၊ အဲလိုသိခိုင်း ထားတယ်... မြတ်စွာဘုရားက သတိပဋ္ဌာနသုတ်မှာ အဲဒီအတိုင်းပါတယ်... သွားတိုင်း၊ လာတိုင်း၊ လုပ်တိုင်း၊ ကိုင်တိုင်း၊ ထိုင်တိုင်း၊ ထတိုင်း သတိနဲ့လုပ်ပါ၊ သတိနဲ့ထိုင်ပါ ၊ သတိနဲ့ထပါ၊ သတိနဲ့သွားပါ၊ နားလည်ပြီနော်... သိပ်အားစိုက်ရင် တစ်နေကုန် သူမလုပ်နိုင်တော့ဘူး၊  အရေးကြီးတာ ကြာကြာလေး သတိစွဲမြဲနေဖို့ အရေးကြီးတယ်... ဒါမှ သတိ၊ သမာဓိ ဉာဏ်တွေက အားကောင်းလာမှာ... စိတ်ဆိုတာ ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ ဒါပေမဲ့ ဘာကျန်ခဲ့လဲဆိုတော့ သတ္တိကျန်ခဲ့တယ်... ကုသိုလ်စိတ်ပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ပဲဖြစ်ဖြစ် ဖြစ်ခွင့်များများ ရရင် သူ့ရဲ့သတ္တိအား ကောင်း- ကောင်းလာတယ်... အလုပ်ပေးတရားတော်များနှင့် အသိပေးတရားတော်များစာအုပ်မှ ဖတ်ရှုကူးယူပူဇော်ဖော်ပြပါသည်။ ဆရာတော်တေဇနိယ(ရွှေဥမင်) သစ္စာတရားများ နာကြားကျင့်ကြံ ပွါးများအားထုတ်နိုင်ကြပါစေ🙏🙏🙏 #အရှင်တေဇနိယ  #fpyツ

About