@kharthet22: " အမေ အဲ့လူကြီးကို ကွဲလိုက်ပါလား .. သမီးတို့ သားမိတွေ အတူတူနေရအောင်လေ ... မွှေးမွှေးလေးဆို အရမ်းငယ်သေးတော့ အမေရှိရင် ကောင်းမှာ " သနားစရာ မျက်နှာထားနဲ့ တောင်းဆိုသူက အသက် ၁၅ နှစ်အရွယ် ယဉ်ကျေး ဖြစ်သည် ... ယဉ်ကျေးအောက်က မောင်လေး လူအေးက အမေကို တစ်လှည့် အမကို တစ်လှည့်ကြည့်နေရှာသည် ... အသက် နှစ်နှစ်ကျော် မွှေးမွှေးလေးက အမဖြစ်သူ ယဉ်ကျေးပေါင်ပေါ်ထိုင်ပြီး ယဉ်ကျေး အင်္ကျီက ကြယ်သီးကို ဆော့နေသည် ... " အမေ ... သမီးပြောတာ ကြားရဲ့လား " ယဉ်ကျေး ထပ်ပြောလိုက်သော်လဲ အမေက အာရုံမရှိပေ ... အမေက ညီမငယ်လေး မွှေးမွှေး သုံးလလောက်မှာ အိမ်က ထွက်သွားခဲ့သည် ... အချို့က နောက်ယောကျာ်းနဲ့ထွက်သွားတာလို့ ပြောပြသော်လဲ လင်မယားသဘာဝ စကားများသည့် အဖေက အမေ စိတ်ဆိုး တယ်ပဲထင်ရှာသည် ... အဖေက ပြန်ချော့ဖို့ ဇွဲမလျှော့စတမ်း လိုက်ရှာသော်လဲ ပြန်တွေ့ချိန်မှာ ကိုယ်ဝန်ရှိနေ၍ အဖေ လွန်စွာ စိတ်နာ ခဲ့သည် ... အမေကလဲ သူ စိတ်မဝင်စားတော့လို့ ထားခဲ့သည့် အဖေ စိတ်နာတာ မနာတာ သူ မသိ ... သူမွေးသည့် ယဉ်ကျေးတို့ မောင်နှမကို ချစ်ရကောင်းမှန်းလည်း သူမသိ ... တစ်ခါမှလည်း မဆက်သွယ်သလို အမေ ပြန်လာတာ အခု အဖေ့နာရေးမှ ပထမဆုံး အကြိမ်ဖြစ်သည် ... ခုလဲ အမေက လသားအရွယ် သူ့သမီးကို ပေါင်ပေါ်တင်လျှက်က နာရေးကူငွေတွေကို ရေတွက်နေသည် ... " ဒီကူငွေတွေ ငါယူသွားမယ် ယဉ်ကျေး ... ပြီးတော့ နင့်အဖေ ထားခဲ့တဲ့ ရွှေ ဘယ်လောက်လဲ ... ငါ့ကိုပြ " " သမီးပြောတာ အမေကြားရဲ့လား ... သမီးတို့နဲ့ အမေ နေပေးပါလို့ ... ခုဆို အဖေလဲ ဆုံးပြီ ... သမီးတို့ အမေ့ကို လိုတယ် " " ငါ့မှာ ငါ့သမီးရှိသေးတယ် " " သူ့ကိုလဲ ညီမအရင်းလို သဘောထား ပါ့မယ် ... မွှေးမွှေးနဲ့ တန်းတူ ဆက်ဆံ မယ် ... မွှေးမွှေး ဘာရလဲ သူလည်း ရစေ ရမယ် ... အမေ ဟိုလူကြီးကို ကွဲလိုက် ပါနော် " " ငါ့သမီး အဖေရှိဖို့လိုတယ် ... တော်ပြီ ယဉ်ကျေး ... အပိုပြောမနေနဲ့ ... လိုရင်း ကိုပြော ... ခု နင့်အဖေလဲ သေပြီ ... ကျန်ခဲ့တဲ့ ဒီအိမ်နဲ့ လယ်တွေ နွားတွေ နင်ယူရင် အတွင်းပစ္စည်း ငါ့ကို အကုန်အပ် " " ပါးစပ်ပိတ်စမ်း စိန်စိန် " စကားအခြေအတင် ပြောနေတုန်း ဟိန်းဟောက်သံထွက်လာလို့ ကြည့်ကြတော့ ရွာသူကြီး ဦးမောင်မြင့်က အိမ်ထဲ ဝင်လာတာ ဖြစ်သည် ... ယဉ်ကျေး အားတက်သွားသည် ... " ဘကြီးမြင့် ... သမီး ဘကြီးကို အရင် တိုင်ပင်သလို အမေ့ကို ပြောတာ အမေက လက်မခံဘူး " " ဘကြီးကြားတယ် သမီး ... ဒီမှာ စိန်စိန် ... နင့် မိခင်စိတ်မရှိဘူးလားဟေ ... ဒါ‌တွေ လည်း နင် မွေးထားတာပဲမလား ... နင် သူတို့နဲ့ မနေပေးနိုင်ဘူးလား " " လွယ်တာလားကြလို့ ... ကျွန်မမှာလဲ မိသားစုရှိတယ်လေ ... ကျွန်မ‌ ယောကျာ်းပါ ခေါ်ထားလို့ရရင်တော့ တစ်မျိုး " " တယ် ... ဒီဟာမ ... နင်မွေးထားတာ သမီးပျို ရှိသေးတယ် ... ပထွေးနဲ့ သင့်တော် မလား ... လင်ကြီးသေလို့ လင်ကြီးအိမ် လင်ငယ်ပါခေါ်ပြီးတက်နေတာ ကြားကောင်းလား " " ကျွန်မလဲ မနေချင်ပါဘူး ... ဇွတ် နေခိုင်း ကြလို့ ‌သဘောပြောတာ .. ကျွန်မ ရသင့်တာ ယူပြီးရင်ပြန်မှာ " " နင်ရသင့်တာ ဘာမှမရှိဘူး ... ကိုငွေရက ပညာတတ် ... သူ မမာ ကတည်းက လူကြီးတွေ ခေါ်ပြီး အားလုံးရှေ့မှောက် သူ ပိုင်တာတွေ ယဉ်ကျေးကို ပေးပြီးသား ... လူအေးနဲ့ မွှေးမွှေးတောင်မှ ယဉ်‌ကျေးစေတနာရှိသလောက် ရ မှာ " " ပညာတတ် ပညာတတ်နဲ့ ရွံချက် ... သား ... နင် အမေနဲ့ လိုက်နေမလား ... ချမ်းချမ်း သာသာတော့ မဟုတ်ဘူးပေါ့ ... နင့် ဦးလေးနဲ့အတူ ရထားဂိတ်မှာ ဈေးလိုက်ရောင်း ... ပျော်ပျော်နေကြမယ် " " မထဲ့ပေးနိုင်ပါဘူး ... ကလေး ကျောင်းတက်တာကို ဘာလို့ ဈေးထွက်ရောင်းရမလဲ " " ငါ နင့်မပြောဘူး ... ငါ့သားပြောတာ ... လိုက်မလား သား " ❣️❣️❣️❣️❣️❣️❣️❣️❣️ ‌ခိုင်းစားလို့ရမဲ့အရွယ် တာဝန်မကြီးတဲ့ သားကိုတော့ ခေါ်ပြီရှင် လူအေးလေး လိုက်မလိုက်ကတော့ ... ? ဒါလေးက မညီမျှတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို အသည်းတယားယားဖြစ်ရတဲ့ ဖြစ်ရပ်မှန်ဝတ္ထုတိုလေးပါရှင့် စဆုံးထိလည်း ရေးထားပြီးပါပြီ စာတင်တာက စာလုံးရေ အကန့်အသတ်နဲ့ပဲ တင်လို့ ရတာရယ် ဇာတ်လမ်းအနေအထားအရ ဖြတ်ရတာရယ်ကို ညှိလိုက်တော့ ဒါလေးက နည်းနည်းတော့ တိုသွားပါတယ် ... ဒါပေမဲ့ ဒါလေးကလည်း ဖတ်ပြီးသား စာဖတ်သူတွေပြောတာတော့ ရင်ထဲရောက်တယ်တဲ့ သူတို့ပြောတာပါနော် 🫶 ခါးက ကြိုးစားရေးထားပေမဲ့ ကောင်းမကောင်း ကိုယ့်ကိုယ် ပြောလေ့မရှိပါဘူး နောက်တစ်ပတ်သောကြာမှာတော့ အဆက်လေးကို သေချာတင်ပေးပါ့မယ်ရှင့် တကယ်လို့ စောင့်ရတာမျိုး အဆင်မပြေလို့ ချက်ချင်းဖတ်ချင်ရင်လည်း ခါးဆီကို " ယဉ်ကျေး " လို့ စာပို့ပြီး အဆုံးထိ သီးသန့်ဖတ်လို့ရပါတယ် သီးသန့်ဖတ်ရင်တော့ ချိုချဉ်တစ်လုံးစာ မေတ္တာလေးတော့ ယူခဲ့ပေးပါနော်🙏 ကုန်စုံဆိုင်ပိုင်ရှင် အမနဲ့ ပူစူးကိုတော့ ခါး ဒီနေ့ ထပ်တင်ပေးမှာမို့ ဝင်ကြည့်ပေးပါဦးရှင့် #novel #fyp #foryou #reality @TikTok

kharthet
kharthet
Open In TikTok:
Region: MM
Friday 25 September 2026 04:22:28 GMT
235809
8421
195
137

Music

Download

Comments

soesoekyi05
soesoekyi05 :
ဒီလိုအမေမျိုးတွေတကယ်ရှိပါတယ်
2026-09-25 06:41:28
37
daw.mya.yin566
daw mya yin :
အဆက်လေး
2026-09-26 15:35:23
0
shinshin_maymay
Shin's mommy :
ခါးရဲ့စာလေးတေဖတ်ရတာတစ်ကယ်ကိုတန်ဖိုးရှိပါတယ်..တစ်ချို့ဘဝတေတစ်ကယ်ရင်နာဖို့ကောင်းတယ်..ဘယ်သူတေဝေဖန်တိုက်ခိုက်ပါစေအားမလျော့ပါနဲ့နော်
2026-09-26 00:21:39
2
zuu.nge426
zuu nge :
ရှိတယ်နော် အပြင်မှာ ငါက ငါ့သား အချစ်ဆုံးဆိုပီး ဒုက္ခတွေခေါင်းပေါ်တင်ပေးထားတဲ့မိဘ
2026-09-25 05:57:59
5
user8771869530256
🥰 :
gpဝင် ထားပီး စာဖတ်ရတယ်ကို မရှိဘူးအေ [Big LOL]
2026-09-25 18:26:24
1
user5068254628321
mama :
ကျမအဖြစ်နဲ့တူလိုက်တာအမေကနောက်ယောက်ကျားယူကလေးမွေးကျမကစောင့်ရှောက်ရအမေကနောက်ထပ်ယောက်ကျားယူပြန်မကြည့်ဒါပေမယ့်ဒုက်ခတော့မပေးပါဘူးမိဘမေတ်တာတော့မရခဲ့အဖေရှိအမေရှိလည်းဖေရောမေရောထားခဲ့
2026-09-25 06:31:28
5
kharthet22
kharthet :
အဆင်ပြေမယ်ဆို ခါးကို love / repost / saved တစ်ခုခု ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်
2026-09-25 04:26:21
9
tintinhlaing3020
tintinhlaing :
ဒီကောင်းကလဲ စာဆို ဖတ်ချင်တဲ့ စိတ်ကတားမရ ဖတ်ကိုဖတ်လိုက်ရမှ စာကြောင်းလေ ဖတ်ရဘို့ နောက်ထပ်မျှော်ရတာ ငါတစ်ယောက်ထဲတော့ ဟုတ်မယ်မထင် ဖတ်မိတာကိုယ်က အမှားလားကွယ်
2026-09-25 15:38:21
5
nang.thein.htay7
王冰冰 :
အဲ့လိုအမေတကယ်ရှိတာလား🥹🥹🥹
2026-09-25 06:42:44
1
user6256362202816
1234567888 :
သက်ရေအန်တီပြောထားတာလေးအကြောင်းပြန်ပါအုံးနော်
2026-09-25 04:28:11
1
moe6341366854
Moe💕 :
ငြိမ်းဖတ်ချင်လို့ငွေလွဲပီးတယ်လီဂရမ်မှာစာပို့ဆိုလို့ပို့ထားတာဘာမှလည်းပြန်မပြောဘူးဘယ်လိုဖတ်ရမှန်းလဲ့သိဘူးဝင်လဲမကြည့်ဘူး ဘာလဲဟ
2026-09-26 02:53:03
0
bo.kate11
Bo Kate :
အင်းးးးးဘဝတေ
2026-09-25 05:23:18
1
slk15008
🍀LiLy..1500 🍀 :
ဖတ်ချင်တယ် ညီမလေးရေ 🥰
2026-09-25 12:38:41
2
moetharphyu25
Thaè wutt Hmone :
ခါးရေးသမျှဖတ်လို့ကောင်းတယ်
2026-09-25 05:03:37
0
user895224005
kaiven :
အဆက်လေး
2026-09-25 05:06:50
1
koyan5793
Ko Yan :
ဖက်လို့ကောင်းတယ် အားပေးနေတယ်
2026-09-25 11:59:30
1
mother_1030
မေမေ :
ဒီလိုအမေမျိုးတွေ တကယ်ရှိတယ် -အပြင်မှာ လက်တွေ့
2026-09-25 11:57:59
3
ps.diana8
Ps Diana :
အဆက်လေးမျှော်
2026-09-25 05:45:20
2
user454816386350
shwemarlar :
ချုိချင်လုံးစာ ပန်းသီးတလုံးစာ ဘယ်လောက်ဆိုတာလေးသတ်မှတ်ပေးပါဖုန်းနဲ့လွဲရမှာလား
2026-09-25 04:53:30
3
chel.cool
Chel Cool :
ညီမလေး ရဲ့အရေးအသား အားလုံးကြိုက်တယ်🥰🥰🥰
2026-09-25 05:39:17
3
savanna317
Mee Mee :
အမ၃လစာသွင်းထားတာ gတွေခဏခဏပြောင်းရတာနဲ့ မလုပ်တတ်တော့ဘူး ဘယ်မှာဖတ်ရမှာလဲ
2026-09-25 10:47:07
1
eimontheint123
Eímontheint :
🥰🥰🥰🥰🥰စိတ်ကူးထက်လက်တွေ့ကအများကြီးကွာတယ်
2026-09-25 08:03:55
1
phyothandar027
PhyoThandar :
🥰🥰🥰🥰🥰
2026-09-25 04:39:50
1
daw.amar.sein50
Daw Amar Sein :
2026-09-26 14:49:34
0
To see more videos from user @kharthet22, please go to the Tikwm homepage.

Other Videos


About