@ko.thitsar33537: လောကမှာ ကိုယ်ကပြန်ချစ်နိုင်သည်ဖြစ်စေ၊ မချစ်နိုင်သည် ဖြစ်စေ... ကိုယ့်ကို အလေးအနက်ထားပြီး မြတ်မြတ်နိုးနိုး နဲ့ ချစ်ပေးမယ့်သူတစ်ယောက် ရှိနေတာဟာ တကယ်တော့ "ကံကောင်းခြင်း" တစ်ခုပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့တွေက ကိုယ့်အနားမှာ အ မြဲရှိနေပေးတဲ့သူ၊ ကိုယ်ဘာလုပ်လုပ် ခွင့်လွှတ်ပေးတဲ့သူ၊ ကိုယ့် ရဲ့စိတ်ဆိုး စိတ်ကောက်တာတွေကို သည်းခံပေးတဲ့ သူတွေကို "ကိုယ့်အနားမှာအမြဲတမ်းရှိနေမယ့်သူ" တွေလို့ အထင်မှား တတ်ကြတယ်။ အဲဒီလို အထင်မှားမှုကနေပဲ ပေါ့ဆမှုတွေ ဖြစ်လာတတ်တယ်။ သူပို့တဲ့စာတွေကို မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ထား မိတာ။ သူ့ရဲ့ဂရုစိုက်မှုတွေကို နားပူတယ်လို့ ထင်မိတာ။ သူ့ ရဲ့ စိုးရိမ်မှုတွေကို စိတ်ရှုပ်စရာလို့ မြင်မိတာ။ တကယ်တော့ ဘယ်သူ့မေတ္တာမှ အကန့်အသတ်မရှိ စောင့်ဆိုင်းမနေပါဘူး။ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော လျစ်လျူရှုခံရတာ များလာတဲ့အခါ၊ တန်ဖိုးမထားခံရတာ ကြာ လာတဲ့အခါမှာ ဘယ်သူမဆို ပင်ပန်းလာတတ်ကြတာပဲ။ နှလုံးသားတစ်ခုက တစ်စစီကြေမွသွားတဲ့အထိ တန်ဖိုးထားမခံ ရတော့ဘူးလို့ ခံစားရတဲ့နေ့မှာ အချစ်ဆုံးလူကတောင် သူစိမ်း သက်သက် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်... သင့်ကို တစ်ယောက်ယောက်က အလေးအနက်ထားပြီး ချစ်ပေးနေတဲ့ အချိန်မှာ သူ့ရဲ့စိတ်ဓာတ်ကို မစမ်းသပ်ပါနဲ့။ သူ့ရဲ့သည်းခံမှုကို အနိုင်ထမယူပါနဲ့၊ အချိန်ပေးနိုင်ရင် ပေးပါ၊ မပေးနိုင်ရင် မပေးနိုင် ကြောင်း သေချာရှင်းပြပေးပါ။ စကားအချိုလေးတွေ ပြန်ပြော ပေးပါ၊ သူ့ရဲ့ရှိနေမှုကို အသိအမှတ်ပြုပေးပါ။ နောင်တဆိုတာ အရာအားလုံး ဆုံးရှုံးသွားပြီးမှ ရတတ်တဲ့အရာမျိုးပါ၊ သူရှိနေတုန်းမှာ ဂရုစိုက်ပါ။ သူချစ်ပေးနေတုန်းမှာ တန်ဖိုးထားပါ။ လက်လွှတ်လိုက်ရပြီးမှ ပြန်တမ်းတရတဲ့ ဝေဒနာက ဘယ်အရာ နဲ့မှ ကုစားလို့မရနိုင်လို့ပါ။ ``ကိုယ့်ကို တန်ဖိုးထားပြီး ကိုယ့်ဘေးနားမှာ ရှိနေတဲ့အချိန် ပြန် ပြီးတန်ဖိုးထားပေးလိုက်ပါ။ #creatorsearchinsights #foryourpage #tiktokviews #သစ္စာတည်ဆဲပါ #🥰🥰🥰🥰❤️❤️❤️

ကိုသစ္စာ{ 2 }OFFICIAL
ကိုသစ္စာ{ 2 }OFFICIAL
Open In TikTok:
Region: MM
Friday 25 September 2026 05:48:21 GMT
11523
787
20
312

Music

Download

Comments

tarung.hku.shayi
Tarung Hku Shayi :
အရမ်
2026-09-25 13:56:58
1
.thumg
အပယ်ခံ :
မျှော်နေသူပါ
2026-09-25 14:10:49
0
jame44773
Jame🤥😴 :
2026-09-25 15:30:57
1
thurathura5212
Ba gyi :
🥰🥰🥰🥰🥰🥰🥰
2026-09-25 18:57:44
0
jame44773
Jame🤥😴 :
2026-09-25 15:30:55
0
jame44773
Jame🤥😴 :
2026-09-25 15:30:52
0
jame44773
Jame🤥😴 :
2026-09-25 15:30:49
0
komyint.thein27
komyint thein :
2026-09-25 10:14:58
0
shwe.san.eaint1
Shwe San Eaint :
🥰
2026-09-25 13:37:23
1
oppob480
အစ္စလာမ်ကောင်မလေး :
2026-09-25 14:39:32
1
gg_33281
Gg :
👍👍👍👍👍👍👍👍👍👍👍
2026-09-25 14:36:15
1
hikeaung1211
Hike Aung :
🥰🥰🥰
2026-09-25 15:00:26
0
baby03326
Ko MoE :
🥰🥰🥰
2026-09-25 12:41:37
0
ko.ya.ki258147
Pan Ta Zin :
🤩🤩
2026-09-25 14:18:33
1
oogyi6969
မင်းကိုပဲငါချစ်တာ :
🥰🥰🥰
2026-09-25 10:10:21
1
nandaywee7
wee :
👍👍
2026-09-25 17:59:35
0
To see more videos from user @ko.thitsar33537, please go to the Tikwm homepage.

Other Videos


About