@zayartbz7news: မြန်မာနိုင်ငံအရေး မေ့လျော့မထားဘဲ အာရုံစိုက်ကြရန် တီမော သမ္မတက ကမ္ဘာ့ခေါင်းဆောင်များကို ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် သတိပေး 🟥 စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် အရပ်သားများ သေဆုံးနေရခြင်းကို ပုံမှန်ဖြစ်ရပ်တစ်ခုကဲ့သို့ နိုင်ငံတကာက လက်ခံလာခြင်းအပေါ် စိုးရိမ် ရန်ကုန်၊ စက်တင်ဘာ ၂၅ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောလက်စတေနိုင်ငံမှ သမ္မတ ဂျိုးဆေး ရာမို့စ်-ဟော်တာက မြန် မာ နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများ ရင်ဆိုင်နေရသည့် နိုင်ငံများ၏ အခြေအနေများကို မေ့လျော့မထားရန် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံ မိန့်ခွန်းတွင် ကမ္ဘာ့ခေါင်းဆောင်များကို သတိပေးလိုက်သည်။ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် တီမောသမ္မတ ရာမို့စ်-ဟော်တာက မိန့်ခွန်းပြောကြားရာတွင် ဆူဒန်၊ တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ မြန်မာနိုင်ငံနှင့် ယီမင်နိုင်ငံတို့၏ အခြေအနေများကို အာရုံစိုက်ကြည့်ရှုရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ “ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေတဲ့ ဆူဒန်နိုင်ငံရဲ့ အခြေအနေအပါအဝင် တောင်ဆူဒန်၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ မြန်မာ နဲ့ ယီမင်နိုင်ငံတို့ရဲ့ အခြေအနေတွေကို အချိန်ပေးပြီး သေချာစွာ ကြည့်ရှုပေးကြပါ။ ဒီနိုင်ငံတွေက အခြေအနေတွေဟာ စာရွက်ပေါ်က အကြောင်းအရာတွေ၊ ကိန်းဂဏန်းတွေ သက်သက်မဟုတ်ဘူး။ အဲဒီမှာ လူသားတွေရှိတယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေ၊ အကောင်းဆုံးအရွယ်မှာရှိနေတဲ့ လူငယ်တွေ၊ မိဘတွေနဲ့ အဘိုးအဘွားတွေ ရှိနေတယ်” ဟု တီမောသမ္မတ ရာမို့စ်-ဟော်တာက ပြောကြားသည်။ ထို့အပြင် စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် အရပ်သားများ သေဆုံးနေရခြင်းကို နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ပုံမှန်ဖြစ်ရပ်တစ်ခုကဲ့သို့ လက်ခံလာခြင်းအပေါ် စိုးရိမ်ကြောင်း ၎င်းက ပြောကြား သည်။ အရပ်သားများ သေဆုံးမှုကို အကြောင်းပြချက်များဖြင့် ပေါ့ပေါ့ဆဆ တရားမျှတအောင် ပြုလုပ်နေခြင်းနှင့် သံတမန်ရေးနည်းလမ်းထက် အင်အားသုံးဖြေရှင်းမှုကို ပိုမိုလက်ခံလာသည့် အခြေအနေများကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။ “ဒီလိုဖြစ်ရပ်တွေက တခြားသူတွေရဲ့ အဖြစ်အပျက်တွေ မဟုတ်ဘူး။ ကျွန်တော်တို့ ခွင့်ပြုခဲ့တာတွေ၊ အခုထိ ခွင့်ပြုနေဆဲအရာတွေဖြစ်ပြီး အားလုံးက တစ်နေ့မှာ တာဝန်ခံရမယ့်အရာတွေ ဖြစ်တယ်” ဟုတီမော ရာမို့စ်-ဟော်တာက ပြောကြားခဲ့သည်။ သူက မြန်မာနိုင်ငံကို လက်ရှိကမ္ဘာ့အရေးပေါ်အခြေအနေများ ရင်ဆိုင်နေရသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းဖော်ပြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိုနိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို မျက်ကွယ်မပြုရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၈၁ ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပနေခြင်းဖြစ်သည်။ တီမောသမ္မတသည် မြန်မာ့အရေးအပေါ် အစဉ်တစိုက် သတိပေးပြောဆိုနေသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် မားမားမတ်မတ်ရပ်တည်ကာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့်လည်း ထိတွေ့ဆက်ဆံနေသူဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တီမောသမ္မတက မြန်မာစစ်တပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် အောက်ခြေစစ်သားများအနေဖြင့် လက်နက်ချပြီး ပြည်သူလူထုဘက်မှ ရပ်တည်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ ယခု ၂၀၂၆ နှစ်ဆန်းပိုင်းအတွင်း အရှေ့တီမောနိုင်ငံတွင် အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင်များကို လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် ချင်းလူ့အခွင့် အရေးအဖွဲ့(CHRO) က အမှုဖွင့်တရားစွဲဆိုထားပြီး ချင်းလူ့အခွင့်အရေး အဖွဲ့က တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာတို့ တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် Myanmar Accountability Project (MAP) တို့က တီမောနိုင်ငံတွင် စစ်ခေါင်းဆောင်များကို လူ့အခွင့် အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် တီမောနိုင်ငံတွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရှိ တီမောသံရုံးကို စစ်ကောင်စီက နှင်ထုတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း တီမောနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့လည်း NUG နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို တီမောအစိုးရက ဖိတ်ကြားခဲ့သည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #မြန်မာသတင်း #zayartbz #ပြည်တွင်းသတင်း #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး
ZayarTBZ 7 News
Region: TH
Friday 25 September 2026 06:09:22 GMT
Music
Download
Comments
uuuuuuuu :
သူအလုပ်မဟုတ်ပါ
2026-09-25 06:41:43
3
Myint Oo :
လူ့အခွင့်အရေးကိုဆိုးဝါးစွာကျူးလွန်နေကြပါတယ်
နိုင်ငံတကာစစ်ဆေးရေးအဖွဲ့တွေကိုတော့သူတို့လေ့ကျင့်ပေးထားသောသူများနဲ့သာတွေ့ခွင့်ပြုကြတာပါ
2026-09-25 17:21:59
0
မင်းကောင်းလှိုင်.ခေါ်..ဘင်ပါရံ.. :
နိုင်ငံတကာကဝိုင်းတရားဆွဲကြမှ
2026-09-25 13:19:59
0
U Hla Myint :
🥰🥰🥰
2026-09-25 11:39:14
0
𝑪𝒉𝒊𝒕 Oo Ko :
2026-09-25 09:46:39
0
user91479787 :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-09-25 13:04:39
0
ko han (မအူပင်သား) :
2026-09-25 17:05:55
0
Moe :
2026-09-25 09:09:04
0
🫶သံချောင်း ဘဘ💕 :
2026-09-25 09:28:19
0
ဖိုးသောကြာ :
တီမောဆိုတာမနေ့တနေ့ကမှလူရာဝင်လာတာပါ
2026-09-25 12:02:37
0
Ko Nge :
🥰🥰🥰
2026-09-25 14:22:22
0
Freedoom :
[Heartwarming][Heartwarming][Heartwarming]
2026-09-25 12:56:15
0
Thihakyaw998 :
🥰🥰🥰
2026-09-25 06:18:51
0
Kyaw Kyaw :
🥰🥰🥰
2026-09-25 12:00:05
0
Zawko Zawko :
🙏🙏🙏
2026-09-25 13:51:44
0
soe. paing :
💞💞💞
2026-09-25 14:33:07
0
kokyi :
❤️❤️❤️
2026-09-25 09:21:11
0
mayinlay84 :
🥰❤️
2026-09-25 07:07:17
0
Tun Win :
👍👍👍
2026-09-25 14:36:06
0
Than Lwin :
😂😂😂
2026-09-25 09:54:10
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.