@waiphyo6117: နိုင်ငံခြားမှာ တစ်ရက် ၁၂ နာရီလုပ်ရတယ်။ မနက်အိပ်ရာထတာနဲ့ အလုပ်သွားဖို့ ပြင်ရတယ်။ အလုပ်ရောက်တာနဲ့ နာရီကို မကြည့်တော့ဘူး။ အလုပ်ပြီးမယ့်အချိန်ကိုပဲ စောင့်နေရတယ်။ မနက် ၈ နာရီ… နေ့လယ် ၁၂ နာရီ… ညနေ ၆ နာရီ… နာရီတွေက ရွေ့နေတယ်။ ကိုယ်ကတော့ အလုပ်ထဲမှာပဲ။ တစ်ခါတလေ ခြေထောက်တွေ နာလာတယ်။ခါးတွေ နာလာတယ်။ မျက်လုံးတွေ ပင်ပန်းလာတယ်။ ဒါပေမယ့် “နည်းနည်းပဲ ကျန်တော့တယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြီး ဆက်လုပ်ရတယ်။ ၁၂ နာရီပြည့်လို့အခန်းပြန်ရောက်တဲ့အခါရေချိုးတယ်။တစ်ခုခုစားတယ်။ဖုန်းခဏကြည့်တယ်။ ပြီးတော့ အိပ်တယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ဖို့အချိန် မကျန်တော့ဘူး။ တစ်ခါတလေ သူငယ်ချင်းတစ်ယောက်က “ဒီနေ့ ဘာလုပ်လဲ” လို့ မေးရင် “အလုပ်လုပ်တာပဲ…” လို့ ပြန်ဖြေမိတယ်။ တစ်ရက် ၁၂ နာရီ။ ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ်။ တစ်လပြီးတစ်လ။ လစာရတဲ့နေ့ရောက်ရင် အိမ်ကို ငွေပို့တယ်။ အခန်းလခ ပေးတယ်။ စားစရိတ်တွက်တယ်။ သွားလာစရိတ်တွက်တယ်။ ပြီးတော့ နောက်လစာကို ပြန်စောင့်တယ်။ တစ်ခါတလေ ကိုယ်ရလာတဲ့လစာကို ကြည့်ပြီး “ဒီလတော့ အဆင်ပြေတယ်” လို့ တွေးမိတယ်။ ဒါပေမယ့် ကိုယ်ပေးလိုက်ရတဲ့အရာတွေကိုတော့ စာရင်းမတွက်မိဘူး။ အချိန်တွေ။ အနားယူချိန်တွေ။ ကိုယ်ချစ်တဲ့လူတွေနဲ့ အတူရှိရမယ့်အချိန်တွေ။ ကိုယ့်အတွက်ကိုယ် ဘာမှမလုပ်ဖြစ်တဲ့နေ့တွေ။ နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ပိုက်ဆံရှာဖို့ပဲ မဟုတ်ဘူး။ တစ်ခါတလေပိုက်ဆံရဖို့အတွက်ကိုယ့်ဘဝရဲ့ အချိန်တချို့ကိုပြန်ပေးနေရတာ။ ဒါကြောင့် တစ်ရက် ၁၂ နာရီလုပ်နေရတဲ့သူတစ်ယောက်ကို “နိုင်ငံခြားမှာဆို ဒီလိုပဲ” လို့ မပြောချင်ဘူး။သူလည်း ပင်ပန်းတယ်။သူလည်း အနားယူချင်တယ်။ သူလည်း တစ်ခါတလေ အလုပ်မရှိတဲ့နေ့တစ်နေ့မှာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တယ်။ ဒါပေမယ့် အိမ်မှာ ကိုယ့်ကိုမျှော်နေတဲ့သူတွေရှိလို့ နောက်နေ့လည်း အလုပ်ပြန်သွားရတယ်။ အခက်ဆုံးက၁၂ နာရီလုပ်ရတာ မဟုတ်ဘူး။ ၁၂ နာရီလုပ်ပြီးတဲ့နောက် နောက်နေ့မှာလည်း အဲ့ဒီ ၁၂ နာရီကို ပြန်စရတာ။ ဒါကြောင့်နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ရဲ့လစာကိုပဲ မမြင်ပါနဲ့။ အဲ့ဒီလစာရဖို့သူပေးနေရတဲ့ အချိန်တွေကိုလည်း နည်းနည်း တွေးပေးပါ။ တစ်ရက် ၁၂ နာရီဆိုတာ နာရီ ၁၂ လုံးပဲ မဟုတ်ဘူး။သူ့ဘဝထဲက တစ်နေ့တာရဲ့ အကြီးမားဆုံးအပိုင်းတစ်ခုပါ။ #Lifestyle #နိုင်ငံခြား
🇲🇲 Wai Phyo 🇰🇷
Region: KR
Friday 25 September 2026 08:50:50 GMT
Music
Download
Comments
Ashin NYA YYA DHAMMA :
ဦးဇင်းနဲ့မသိပေမယ့် စာသားလေးဖတ်ပြီး ဝမ်းနည်းမိပါတယ်😭 မိသားစုအတွက် နိုင်ငံရေမြေခြားမှာ ဘေးမထိ ရန်မခ အလုပ်အကိုင်တွေ နေ့ရက်တိုင်းအဆင်ပြေပါစေလို့ မြန်မာနိုင်ငံကနေဆုတောင်းပေးလိုက်ပါတယ်
2026-09-26 16:48:54
16
7/ Burmese ma lay🤞🤗 :
စာဖက်ပီမျက်ရည်ဝဲသွားတယ်ဒီကြားထဲဘာသာစကားအခက်ခဲရယ် အရင်ရောက်တဲ့ကိုယ့်လူမျိုးရဲ့အကျင့်ပုတ်အငုံစိတ်တွေရဲ့ရက်စက်မှုကိုလဲခံရတေးတယ် အဆိုးဆုံးကကိုယ့်လူမျိုးဘာသာစကားမရတာကိုကြားရနေတလွဲဘာသာပြန်ပီအတင်းတုပ်တာအဆိုးဆုံးရင်နာဆုံးပဲ😢
2026-09-28 12:16:48
1
Ei Shwe Zin :
မိသားစုနဲ့ခွဲပြီးသူများနိုင်ငံမှာကြိုးစားနေရတာအဆင်မပြေဘူး
2026-09-28 14:43:11
1
Ma Ni :
အချိန်တွေကုန်ပြီး လစာများတော့တော်သေးတယ် အချိန်လဲကုန်လစာလဲနည်းရင် ပိုဆိုးတာပေါ့လေ
2026-09-26 14:01:50
6
🇲🇲Ei Lay 🇸🇬 :
ရုန်းကန်ရတဲ့ဘဝတွေက နိုင်ငံခြားမှ တကယ်မလွယ်ပါဘူး fighting
2026-09-27 00:55:32
3
အိမ်ပြေးလေး🥰💃💃🌻 :
အိမ်ပြန်ချိန်ကဘယ်နေ့မှန်းမသိကိုယ်ရှေ့ရေးတွေးပီးငိုမိတယ်🥹🥹
2026-09-28 14:01:41
1
PiXue :
Fighting🥰
2026-09-28 10:56:26
0
လရောင်အောက်က လေပြေသွေး :
ဘဝတူတွေပါပဲ ဖိုက်တင်းပါ [Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-09-27 17:20:37
1
🇲🇲❤️🔥H❤️🔥🇸🇬 :
ကိုယ်တွေ တနေ့6နာရီကျော်လေးပဲနားရတဲ့ဘဝပါ ဒါတောင်အိပ်ချိန်မို့လို😞
2026-09-28 06:17:35
1
Wai Lin Aung :
စာသားလေးချပေးပါ bor❤️
2026-09-27 12:28:47
1
THEINTさん🌷☘️花🌷☘️ :
စာသားသုံးအုံးမယ်နော်[Heartwarming]
2026-09-27 17:33:15
1
カイン🐯🐱💜 :
စာသားလေးးးသုံးမယ်နော်
2026-09-27 12:23:29
1
꧁Phyu꧂💖🌸 :
ငါတို့ဆို15နာရီလုပ်ရတာ🥺
2026-09-27 08:42:41
1
🏳️🌈Phyo Nge🇲🇾 :
copyလေးယူချင်လို့ပါ ယူခွင့်ပြုပါနော်🙏
2026-09-27 09:48:28
1
Winbo :
ကိုယ်ချင်းစာတယ်
2026-09-26 13:18:34
1
🌻Su Nge🌻 :
တကယ်ပါဗျာကျွန်တော်တို့ရဲ့ငယ်ရွယ်နုပျိုးမှုတွေကိုမိသားစုအတွက်ပ့ါဆိုတဲ့စိတ်ခလေနဲ့ပျော်ပျော်ကြီပေဆပ်နေရတယ်
2026-09-27 01:38:52
1
H :
ကျမ်းမာပြီးအဆင်ပြေပါစေသားလေး
2026-09-27 09:06:40
1
Thinzar :
2026-09-27 06:18:50
1
Ma Wai :
ဖိုက်တင်း
2026-09-26 04:01:48
1
One day ❤ :
ဘဝကိုဓမ္မနဲ့တွဲပါ မဂ္ဂင် (၈) ပါး အကျင့်မြတ်ကို ကျင့်ပြီး သဘာဝတရားတွေကိုသိမြင်အောင်လုပ်ပါ ကြာလာရင် စိတ်ဓာတ်ကျလာနိုင်ပါတယ် တရားကိုဘဝထဲလေ့ကျင့်ယူပါ သတိပဌာန်တရားအားထုတ်ပါအကို 🙂
2026-09-28 11:34:54
3
Hnin Yu Htwe :
မိသားစုအတွက်ပေးဆပ်နေရသူအားလုံးတနေ့နေ့မှာကိုယ့်အတွက်ဘဝရဲ့သာယာတဲ့အချိန်တခုသေချာပေါက်ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်
2026-09-27 13:51:42
1
Daw Nyo Nyo San :
ကလေးရေအန်တီစာဖတ်ပြီးစိတ်မကောင်းဘူးကျမ်းမားရေဂရုစ်ုက်ပါ😌😌😌
2026-09-27 13:35:25
1
Leonar(လီယိုနာ)☘️Wah🍒🍒 :
အချိန်တွေကုန်ပြီး လစာများတော့တော်ပါသေးတယ်၊ အချိန်လဲကုန်လစာလဲနည်းပီ အဆင်မပြေတာတောင်း ငြီးခွင့်မရှိတဲ့ ငါတို့🇹🇭ရောက်တဲ့သူတွေပဲသိတဲ့ခံစားချက်ကြီး🥹😪
2026-09-28 05:37:43
1
🇰🇷Call me GARDEN (Official) :
ကျွန်တော်ငိုမိတယ်
2026-09-27 05:27:00
1
Ni Ni :
အစစအရာရာ အဆင်ပြေပါစေ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ
2026-09-26 23:40:46
2
To see more videos from user @waiphyo6117, please go to the Tikwm
homepage.