@tint.htoo.aung111: ဂျာမနီ အသင်း ရဲ့ နည်းပြအဖြစ် ပထမဆုံး တာဝန်ယူ ကစားခဲ့တဲ့ ဂျာဂန် ကလော့ပ် အတွက်တော့ နယ်သာလန်နဲ့ပွဲဟာ အဓိပ္ပာယ် ရှိခဲ့ပါတယ် ပွဲအပြီးမှာတော့ အနိုင်ရလဒ် မဟုတ်ဘဲ သရေနဲ့သာ ကျေနပ်ခဲ့ရပေမဲ့ ကွင်းအတွင်းမှာ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ရရှိခဲ့တာပါ လီဗာပူးမှာ အတူတူ သမိုင်းရေးခဲ့တဲ့ တပည့်ဟောင်း အသင်းခေါင်းဆောင် ဗန်ဒိုက် နဲ့ ပြန်လည် ဆုံတွေ့ပြီး နွေးထွေးစွာ ပွေ့ဖက် နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ် သူတို့ နှစ်ဦးကြားက နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ ဆရာတပည့် သံယောဇဉ်ကို ကွင်းအတွင်းမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာပါ နည်းပြနဲ့ အသင်းခေါင်းဆောင်အဖြစ် ပူးတွဲ တိုက်ပွဲဝင်ခဲ့ကြသူ နှစ်ဦး ရဲ့ ဒီလို ပြန်လည် ဆုံစည်းမှု ဟာ ပရိသတ်တွေအတွက်တော့ ကြည့်နူးဖွယ် ပုံရိပ်အဖြစ် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်
Red Devils Show - News
Region: MY
Friday 25 September 2026 11:14:47 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @tint.htoo.aung111, please go to the Tikwm
homepage.