@maung.lay3470: ငါ့ဆီမှာ သူများဆီက မျက်နှာလိုမျက်နှာရ အမြှော့ဇယားတွေ မရှိဘူး။ ဒါပေမဲ့ ငါ့ရဲ့ အားထုတ်မှုနဲ့ ကြိုးစားမှုတော့ အပြည့်ရှိတယ်။" ​"နေရာတစ်နေရာ ရဖို့အတွက် ဘယ်သူ့နောက်မှ လိုက်ဖားမနေဘူး။ ကိုယ့်အရည်အချင်းနဲ့ တည်ဆောက်ထားတဲ့ အောင်မြင်မှုကမှ ရေရှည်မှာ အရိပ်ရတာ။" ​"လူတိုင်းရဲ့ အကြိုက်ကို လိုက်ဖြည့်ဆည်းပေးဖို့ ငါ့မှာ တာဝန်မရှိဘူး။ ငါ့ရဲ့ တာဝန်က ကိုယ့်အလုပ်ကို စည်းကမ်းရှိရှိနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ပဲ။" ​"ပါးစပ်နဲ့ အလုပ်လုပ်တဲ့သူတွေကြားထဲမှာ လက်နဲ့ အလုပ်လုပ်ပြနေလို့ လူမုန်းများတာ ဆန်းတော့မဆန်းပါဘူး။" ​"ဖားတတ်မှ နေရာရမယ့် ရာထူးဆိုရင် အစကတည်းက စိတ်မဝင်စားတာ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ရလာတဲ့ ရလဒ်နဲ့ပဲ ဂုဏ်ယူတယ်။" ​"အလုပ်မလုပ်ဘဲ အတင်းပြောဖို့ပဲ အချိန်ရနေတဲ့သူတွေရဲ့ မုန်းတီးမှုကို ရထားတယ်ဆိုကတည်းက ငါသူတို့ထက် ခေါင်းတစ်လုံး ပိုသာနေလို့ပဲ။" ​"အရည်အချင်း မရှိတဲ့သူတွေက ဖားယားပြီး နေရာယူကြတယ်၊ အရည်အချင်း ရှိတဲ့သူတွေကတော့ အလုပ်ရလဒ်နဲ့ပဲ စကားပြောကြတယ်။" ​"အားလုံးနဲ့ တည့်အောင် ပေါင်းပြီး မျက်နှာဖုံးစွပ်ထားတာထက်၊ မုန်းချင်မုန်း ကိုယ့်လမ်းကို အေးဆေးလျှောက်နေရတာက ပိုပြီး အိပ်ပျော်တယ်။" "ဖားယား ဖားလျားနဲ့ အရိုးတွန့်နေတဲ့သူတွေကြားထဲမှာ ခါးမတ်မတ်နဲ့ တည်တံ့နေတာကိုက သူတို့အတွက်တော့ မြင်ရတာ စေတနာမရှိချင်စရာ ဖြစ်နေတာ။" ​"နေရာရချင်လို့ သူများဖိနပ် လိုက်တိုက်ပေးရတဲ့ဘဝထက်၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် သီးသန့်ရပ်တည်ရတဲ့ ဘဝက ပိုပြီး ခေါင်းမော့နိုင်တယ်။" ​"ဆရာတော်ရာ လိုက်မြှောက်ပင့်ဖို့ အချိန်မရှိဘူး၊ အလုပ်လုပ်ဖို့ပဲ အချိန်ရှိတယ်။ ပါးစပ်နဲ့ နေရာယူထားတဲ့သူတွေကြားမှာ ငါ့အလုပ်ရလဒ်ကပဲ သမိုင်းကျန်ခဲ့မှာ။" ​"ယောက်ကျားဖစ်ပြီး အဝိုင်းဖွဲ့ အတင်းပြောနေကြတာ၊ အလုပ်ကို သေချာလုပ်နေတဲ့သူကို ကြည့်ပြီး မနာလိုဖြစ်နေကြလို့မလား။" ​"လူတန်ဖိုးဆိုတာ သူများဆီက သနားကရုဏာနဲ့ နေရာတောင်းတာမဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ်တိုင်ယူတာ။" ​"ဖားမှ နေရာရမယ်ဆိုရင် အဲဒီနေရာမှာ ငါ မနေဘူး။" ​"မင်းတို့ ပါးစပ်နဲ့ လုပ်နေသမျှကို ငါက လက်တွေ့အလုပ်နဲ့ပဲ အပြတ်ရှင်းမယ်။" ​"မျက်နှာဖုံးစွပ်ပြီး အဖွဲ့ဖွဲ့နေတာထက်၊ တဦးတည်း သီးသန့် အလုပ်လုပ်ရတာ ပိုအေးချမ်းတယ်။ #စိတ်ခွန်အား #စာတို #fypシ゚ #ရောက်ချင်တဲ့နေရာရောက်#crd

Soe Lay
Soe Lay
Open In TikTok:
Region: MY
Friday 25 September 2026 13:52:43 GMT
287
36
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @maung.lay3470, please go to the Tikwm homepage.

Other Videos


About