@salai.lmc: #သတိရမိတယ်ဆိုတာ ပြန်လိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်မှ မဟုတ်တာ။ တကယ်တော့ ကိုယ်လည်း သိပါတယ်၊ ပြန်သွားလို့ မဖြစ်တော့ဘူး ဆိုတာ ပြန်ရခဲ့ရင်တောင် အရင်လို ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ။ လူတွေက အရင်လူတွေ မဟုတ်တော့ဘူး၊ အချိန်တွေကလည်း အရင်အချိန်တွေ မဟုတ်တော့ဘူး၊ ကိုယ်တိုင်တောင် အဲ့ဒီအချိန်တုန်းက ကိုယ် မဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခါတလေတော့ ဘာရယ် မဟုတ်ပဲ  သတိရမိတယ်။ ရင်းနှီးဖူးတဲ့ အသံတစ်သံ အတူညည်းဖူးတဲ့ သီချင်းတစ်ပုဒ် အတူထိုင်ခဲ့ဖူးတဲ့ နေရာတစ်ခု… 🌅 ဘယ်လောက်ပဲ ကြာခဲ့ပါစေ ဘယ်လောက်ပဲ အဆုံးသတ်သွားခဲ့ပါစေ အဲ့ဒီနေ့ရက်တွေဟာ ကိုယ့်ဘဝထဲမှာ တကယ်ဖြစ်ခဲ့ဖူးတာပဲ။ တစ်ခါတုန်းက တစ်ယောက်ယောက်ရဲ့ရှိနေခြင်းကို ကိုယ့်ဘဝမှာ အရမ်းအရေးကြီးတယ်လို့ ထင်ခဲ့ဖူးတယ်။ သူ့ဆီက စကားတစ်ခွန်းကို တစ်နေ့လုံး စောင့်ခဲ့ဖူးတယ်၊ သူနဲ့အတူ ရှိနေရတဲ့ အချိန်လေးတွေကို သာမန်နေ့ရက်တွေထက် ပိုပြီး တန်ဖိုးထားခဲ့ဖူးတယ်။ အခုတော့ အဲ့ဒီအရာတွေက ကိုယ့်လက်ထဲမှာ မရှိတော့ဘူး၊ ဒါပေမယ့် မရှိတော့တာနဲ့ မရှိခဲ့ဖူးသလိုတော့ မညာချင်ပါဘူး။ အတိတ်ဆိုတာ ပြန်သွားလို့ရတဲ့ နေရာတစ်ခု မဟုတ်ပေမယ့် ကိုယ့်မှာ ဘယ်လိုအရာတွေ ဘယ်လို လူတွေ ရှိခဲ့ဖူးတယ်ဆိုတာတော့ ပြန်ပြောပြပေးနေတဲ့ နေရာတစ်ခုတော့ မဟုတ်လား။ ဒါမို့ ကိုယ့်ကိုယ်ကို မတားတော့ဘူး.... လွမ်းရင် လွမ်းနေလိုက်တယ်.... သတိရရင် သတိရနေလိုက်တယ်။ ဒါပေမယ့် ပြန်လိုချင်လို့လားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်က အခုဘဝနဲ့အတူ ရှေ့ကို ဆက်လှမ်းနေတယ်၊ အရင်ကလို မဟုတ်တော့တဲ့ ဒီနေ့ရက်တွေထဲမှာ ကိုယ့်အိပ်မက်တွေဆီကို ကိုယ့်ခြေလှမ်းတွေနဲ့ပဲ ဆက်လျှောက်နေတယ်။ တစ်ခါတလေ နောက်ကို ပြန်ကြည့်မိတဲ့အခါ ``ကိုယ်တို့ အတူရှိခဲ့ဖူးတယ်´´ လို့ တွေးမိတယ်။ ပြီးတော့ အဲ့ဒီအတွေးကိုပဲ တိတ်တိတ်လေး ထားလိုက်တယ်။ မပိုင်တော့တဲ့အရာကို ပြန်မတောင်းတော့ဘူး၊ ပျောက်သွားတဲ့အရာကိုလည်း အတင်းပြန်ရှာ မနေတော့ဘူး ရိုးရိုးသားသား လွမ်းမောမိရုံပါပဲ။ ပြီးတော့--- သတိရတယ်ဆိုတာ ပြန်လိုချင်လို့ မဟုတ်ရပါဘူး။ တစ်ချိန်က ကိုယ့်ဘဝထဲမှာ တကယ်ရှိခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို ကိုယ့်စိတ်ထဲမှာ တိတ်တိတ်လေး အသိအမှတ်ပြုနေမိတာလောက်ပဲ။

Salai Lmc
Salai Lmc
Open In TikTok:
Region: MY
Friday 25 September 2026 14:22:44 GMT
2135
220
22
17

Music

Download

Comments

thi.thi.soe107
Thi Thi Soe :
ဟုတ်တယ်နော်သတိယတယ်ဆိုတာပြန်မလိုချင်တော့ဘူး💔💔💔💔💔💔
2026-09-26 07:59:50
1
ppnnc2
ဦးလေးကြီး :
ဟုတ်တယ်ဗျာ ပြန်မလိုချင်တော့ဘူး
2026-09-27 16:32:52
1
chue3534
Chue :
အမှန်ပဲဗျာ့🥰🥰🥰🥰🥰
2026-09-26 06:47:56
1
moe.win8397
Moe Win :
လိုချင်လို့မှမရတော့တာ
2026-09-25 14:32:04
1
zin.mar8526
Htoo :
💕💕💕
2026-09-27 00:29:35
1
jmoejuly
jmoe :
right
2026-09-26 05:37:52
1
user1956347739967
user1956347739967 :
အမှန်ဆုံးပဲေနာ်သတိရတယ်ဆိုတာမလိုချင်ေတာ့်ပါဘူးဆိုတာအမှန်ဆုံးစကားပါ🥰
2026-09-27 08:08:32
1
hninnandarkhaing97
Hnin Nandar Khaing :
မှန်တယ်
2026-09-25 16:21:31
1
tawwin.thazin2537
tawwinthazin မြ (သုံးဆယ်သူ) :
2026-09-29 15:26:10
1
thi.thi.soe107
Thi Thi Soe :
ဟုတ်တယ်နော်ပြန်မလိုချင်တော့ဘူး🥰🥰🥰🥰🥰🥰🥰
2026-09-26 01:49:12
1
htwe5068
Htwe🫰🌹💐 :
😳😳😳
2026-09-28 11:33:14
1
To see more videos from user @salai.lmc, please go to the Tikwm homepage.

Other Videos


About