@xiaojiang245: ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ #crd #fyp #viral

Account Not Found
Account Not Found
Open In TikTok:
Region: MM
Friday 25 September 2026 15:03:34 GMT
81852
5666
208
844

Music

Download

Comments

shanpaepout19
𝕾𝖆𝖎 𝕹𝖆𝖚𝖓𝖌 𝕯𝖚𝖓 :
ဒါပေါ့ နောက်ဆုံးအဝေးကနေမင်းပျော်နေတယ်ဆိုတဲ့အသိကလဲကို့စိတ်ကိုငြိမ်းချမ်းစေတာပဲမို့လား သူ့အတွတ်အေးချမ်းစွာတွေးပေးတတ်မှ ကိုယ်တိုင်ကလဲအေးချမ်းနေမယ်မို့လား
2026-09-26 08:34:58
7
theinthein3040
မမြင့် :
စာရေးတာပဲရှိမှာပါ အပြင်မှာ မရှိလောက်ပါဘူး မိန်းကလေးဖြစ်ဖ်/ယောကျာ်းလေးဖြစ်ဖြစ်ပေါ့
2026-09-26 12:35:59
3
ulaymyo4215
ULAYMYO :
good
2026-10-21 16:48:02
1
moe..lay..myint
moe. Lay :
ပြန်ယူချင်တယ်
2026-09-26 23:34:33
2
kominkomin67
may myat Noe :
❤️❤️❤️❤️မဂ်လာပါရှင်ကျေးဇူးပါရှင်
2026-09-26 19:23:03
1
suthetkhaing9999
🍀STK💰 :
ပြန်ယူပါရစေရှင်
2026-09-26 06:08:26
2
soe.soe390
soe soe :
🥰🥰🥰
2026-09-26 09:58:09
2
monkaunglay7073
💫🍀၁၀/မော်လမြိုင်သာ🍀🇲🇪🇲🇾 :
ပြန်တင်လို့ရလာ
2026-10-03 18:15:51
1
rose1992kks
Thorny Rose lay🌹 :
🥰🥰🥰🥰🥰
2026-09-26 16:40:16
1
hla.khin707
Hla Khin :
ကျေး ဇူးတင်ပါတယ်ရှင့်
2026-09-26 14:58:41
2
thet.naing0610
Thet Naing :
ရှိခဲ့ဘူးတယ်.ချစ်ခဲ့ဘူးတယ်သို့ငြားလည်း.တဘဝအသစ်ပြန် ဖြစ်ပြန်တော့ကိုယ်အတွက်အတိတ်ကအရိပ်လိူလိုက်နေပေမဲ့သူကအတိတ်ကိုမေ့နေတယ် ကိုယ်ကတော့ရူးမတတ်.....
2026-09-26 08:24:53
2
sawthitsar200
📚🖊 စောသစ္စာ 📚🖊🔎 :
ယူသုံးဦးမယ်ခင်ဗျ🥰
2026-09-27 13:55:55
1
san.loisowm123
san loisowm123 :
ကြိုက်မိတယ်စာသားလေ ခံစားချင်းထပ်တူဖြစ်နေပါတယ်🥰🥰🥰
2026-10-03 00:34:09
2
user5103997557094
ဦးလေးကြီး :
@နင်နဲဝေးနေမှတောဘယ်လိုလုပ်ပြီးပြုံးနိုင်မှာလဲကို့ဘဝကဒါနဲပဲပြီးဆုံးသွားပီလား
2026-09-26 06:41:04
1
sweet.december921
👒🧣🌸Sweet December❄👒🧣 :
🥺🥺🥺
2026-09-26 07:58:13
2
sawhtun601
လမင်းနွယ် :
မကြိုက်တာတွေသိနေတာဘဲပြင်ဆင်မယ်ဆိုပြန်လာမယ်လူတိုင်အမှာနဲဘမကင်ပါဘူးနာလည်နိူင်ပါတယ်ပြတ်အဆင်ပြင်ခဏတဲ့ပြုပြင်လိုရမှာပါရှင့်မင်ကိုယ်တိုင်ပြင်ဆင်ဖိုယုံကြည်ချက်ရှိလာစာသား
2026-09-26 15:05:35
2
daw.mon479
Daw Mon :
သည်စာကိုဖတ်ရတယ့်အချိန်ကဝမ်းအနည်းရဆုးအချိန်ပါမောင်ရင်ထယ်မုာအရမ်းခ့စားနေရပါပြိးမောင်မဆယ်နိုင်တယ် မြျက်ရည်တေ့ဘယ်ကျခယ့်ရပါပြိးမောင်@
2026-09-27 03:30:50
1
user8159542692406
user8159542692406 :
2026-09-26 15:20:34
1
user3735052058559
ko sai :
တိုက်ဆိုင် လိုက်တာ မျက်ရည်တေတွေနဲ့ အဖော်ပြုုနေရတယ်...
2026-09-27 03:50:11
1
naingbonjovi
naingbonjovi :
ရှီတာပါ့ ကျနော်လေ သူမသာထားနိုင်ခဲ့တာ အမျိုးမျိုးအကြောင်းပြချက်တွေနဲ့ပေါ့ ပိူ့စ်ကစာလိုတော့ကျနော်မဆိုးပါဘူး သူ့မအကြောင်းပြချက်ကကျန်းမာရေးကြောင့်ပါတဲ့
2026-10-06 14:15:59
1
73654758164dgsjeudh
Mai HANNAH :
စာသားလေးနဲ့ငါဘဝကတထပ်တည်းကျပါတယ်🥺🥺
2026-09-27 23:19:39
1
thangthang859
CRIS.JR :
ဒီသီချင်းနားထောင်တိုင်း 2009-2010 ငယ်ဘဝချိန်ကို အရမ်းလွမ်းတယ် 🥺🥺🥺
2026-10-05 06:07:05
1
shonlae501gmail.co
ခင်ခင် :
ကျေးဇူတင်ပါတယ်ရုင်
2026-09-26 16:19:51
1
cho.cho.aung6509
Cho Cho Aung :
အရမ်းကြိုက်တယ်ဒိသချင်ကို🥰🥰🥰
2026-10-25 14:56:58
1
hsu.myat.phyo68
Moon star :
ဒီဇင်ဘာ၂၄ရက်ည လေးကိုသတိယလျှက်
2026-09-26 16:46:58
1
To see more videos from user @xiaojiang245, please go to the Tikwm homepage.

Other Videos


About