@feel.lyrics.with: မင်းကို စချစ်မိတဲ့အချိန်ကတည်းက ကိုယ်မျှော်လင့်ခဲ့တာက မင်းဆီက ဘာတစ်ခုမှ ပြန်ရဖို့မဟုတ်ခဲ့ပါဘူး။ ကိုယ်ပေးချင်တာက ကောင်းခြင်းတွေပဲ ဖြစ်ခဲ့တယ်။ မင်းပင်ပန်းတဲ့အခါ နားခိုစရာလေးတစ်ခု ဖြစ်ပေးချင်တယ်။ မင်းဝမ်းနည်းတဲ့အခါ အားပေးစကားလေးတစ်ခွန်း ဖြစ်ပေးချင်တယ်။ မင်းဘဝမှာ အဆင်မပြေတဲ့နေ့တွေ ရှိလာရင် ကိုယ့်ဆီမှာတော့ အေးချမ်းမှုလေးတစ်ခု ရှိနေစေချင်တယ်။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ကိုယ့်ကြောင့် နာကျင်စေဖို့ဆိုတာ ကိုယ့်အတွက် အချစ်မဟုတ်ဘူးလို့ ထင်မိတယ်။ အဲ့ဒါကြောင့် မင်းဘဝထဲမှာ ကိုယ်က ဘယ်လိုနေရာမျိုးမှာပဲ ရှိနေပါစေ၊ မင်းရဲ့အပူအပင်တွေထဲကို ကိုယ့်အပူအပင်တွေ ထပ်ပြီး မဝေမျှချင်ခဲ့ဘူး။ တစ်ခါတလေ ချစ်ခြင်းဆိုတာ ပိုင်ဆိုင်ခွင့်ရဖို့အတွက်ပဲ မဟုတ်ဘူးလေ။ ကိုယ်ချစ်တဲ့လူ ပျော်ရွှင်နေတာကို အဝေးကနေမြင်နေရရုံနဲ့လည်း ကိုယ့်နှလုံးသားက ကျေနပ်နိုင်ပါတယ်။ မင်းကို ကိုယ်မပိုင်ရလို့ ဝမ်းနည်းမိတာတွေ ရှိမှာပေါ့။ ဒါပေမယ့် မင်းရဲ့ပျော်ရွှင်မှုကို ကိုယ့်ပိုင်ဆိုင်မှုနဲ့ လဲလှယ်ချင်တဲ့စိတ်တော့ မရှိဘူး။ မင်းအတွက် ကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်ချင်တာထက် မင်းအတွက် ကောင်းမွန်တဲ့အရာတွေ ဖြစ်လာစေချင်တာက ပိုများပါတယ်။ မင်းဘဝထဲမှာ ကိုယ်မပါနိုင်တော့တဲ့နေ့တစ်နေ့ ရောက်လာခဲ့ရင်တောင် ကိုယ်ပေးခဲ့ဖူးတဲ့ မေတ္တာတွေက မင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေချင်ဘူး။ မေတ္တာဆိုတာ တစ်ဖက်လူကို ချုပ်နှောင်ထားတာမဟုတ်ဘဲ လွတ်လပ်စွာ ပျော်ရွှင်ခွင့်ပေးနိုင်တဲ့ နူးညံ့မှုတစ်မျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ ကိုယ်ယုံတယ်။ တကယ်တော့ ကိုယ်လိုချင်တာ အများကြီးမဟုတ်ပါဘူး။ ကိုယ့်ကို ပြန်ချစ်ပေးဖို့လည်း မတောင်းဆိုချင်ဘူး။ ကိုယ့်ကို ရွေးချယ်ပေးဖို့လည်း အတင်းအကြပ် မမျှော်လင့်ချင်ဘူး။ ကိုယ်လုပ်ချင်တာက မင်းဘဝထဲမှာ တစ်ချိန်ချိန်တော့ “ငါ့ကို တကယ်မေတ္တာထားခဲ့ဖူးတဲ့ လူတစ်ယောက်ရှိခဲ့တယ်” ဆိုတဲ့ အမှတ်တရလေးတစ်ခု ကျန်ခဲ့စေချင်တာပါ။ မေတ္တာတရားဆိုတာ ပိုင်ဆိုင်ခြင်းထက် ပေးဆပ်ခြင်းမှာ ပိုနူးညံ့တယ်ဆိုတာ၊ ချစ်ခြင်းဆိုတာ ကိုယ့်ဆီမှာထားဖို့ထက် တစ်ဖက်လူအတွက် ကောင်းမွန်စေဖို့လည်း ဖြစ်နိုင်တယ်ဆိုတာကို ထိုလူသားလေး ခံစားမိစေချင်ယုံပါပဲ။ မင်းမပိုင်ရလည်း ဖြစ်ပါတယ်… မင်းကို ချစ်ခဲ့တဲ့ ကိုယ့်စိတ်က မင်းအပေါ် အပူအပင်တွေ မချန်ခဲ့ဘဲ ကောင်းခြင်းတွေပဲ ချန်ခဲ့နိုင်ရင်… တကယ်ကို ဒီလောက်ပါပဲ။ #FeelLyricswithUs #feelings #lyrics

Feel Lyrics with Us🌻
Feel Lyrics with Us🌻
Open In TikTok:
Region: MM
Friday 25 September 2026 15:09:26 GMT
2389
145
1
27

Music

Download

Comments

userh4fn3vvh8y
🦋ဆေးရိုးခင်သူလေး🦋😛🌻 :
စာသာလေးပြန်တင်လို့ရမလားဟင်🥺
2026-09-27 01:12:05
0
To see more videos from user @feel.lyrics.with, please go to the Tikwm homepage.

Other Videos


About