@.naymin48: လူငယ်လည်း မဟုတ်တော့သလို လူကြီးလည်း မဖြစ်သေးတဲ့ဘဝရဲ့ အပြောင်းအလဲတွေ အများဆုံးကြုံလာရတဲ့ အရွယ်တစ်ခုပါ။ ဆယ်ကျော်သက်အရွယ်တုန်းက အချိန်တွေ အများကြီးကျန်သေးတယ်လို့ ထင်ခဲ့ကြတယ်။ အသက် ၂၀ ဝန်းကျင်ရောက်တော့ “ကိုယ့်ဘဝကို ကိုယ်တည်ဆောက်မယ်” ဆိုပြီးအိပ်မက်တွေနောက် လိုက်ခဲ့ကြတယ်။ အခု ဒီအရွယ်ရောက်လာတော့… နောက်ပြန်ကြည့်ရင် ပြန်မရတော့တဲ့ လူငယ်ဘဝရှိတယ်။ ရှေ့ကိုကြည့်ရင် မတည်ဆောက်ရသေးတဲ့ အနာဂတ်ရှိတယ်။ အဲ့ဒီအတိတ်နဲ့ အနာဂတ်ကြားမှာ ကျွန်တော်တို့ ရပ်နေကြတယ်။ အရင်လို “နောက်မှလုပ်လည်း ရပါတယ် ဆိုပြီး အရာအားလုံးကို ရွှေ့ထားလို့ မရတော့ဘူး။ အလုပ်က ဘယ်လောက်ကြာကြာ လုပ်နိုင်မလဲ။ ငွေဘယ်လောက် စုထားသင့်လဲ။ နောက်ငါးနှစ်မှာ ကိုယ်ဘယ်နေရာမှာ ရှိနေမလဲ။ တစ်နေ့ အလုပ်မလုပ်နိုင်တော့ရင် ဘယ်လိုရပ်တည်မလဲ။ ဒီမေးခွန်းတွေကို အရင်က သိပ်မစဉ်းစားခဲ့ကြပေမယ့် အခုတော့ မစဉ်းစားဘဲနေလို့ မရတော့ဘူး။ အရင်က ပိုက်ဆံရရင် လိုချင်တာဝယ်ဖို့ စဉ်းစားခဲ့ကြတယ်။ အခုတော့ တစ်ခုခုဝယ်ပြီးရင် ဘယ်လောက်ကျန်မလဲ၊ ဒီလအသုံးစရိတ် ဘယ်လောက်ရှိမလဲ၊ နောက်လအတွက် ဘယ်လောက်ချန်ထားရမလဲဆိုတာ အရင်တွက်လာကြတယ်။ ဘဝက အသက်ကြီးလာလို့ လေးလာတာမဟုတ်ဘူး။ ကိုယ့်အပေါ် တာဝန်တွေ များလာလို့ လေးလာတာပါ။ အထူးသဖြင့် မိဘတွေကို ပြန်ကြည့်မိတဲ့အခါ… ငယ်ငယ်တုန်းက အမေ၊ အဖေဆိုတာ အမြဲတမ်း ဒီလိုပဲရှိနေမယ့်လူတွေလို ထင်ခဲ့ကြတယ်။ အခုတော့ အမေ့ဆံပင်တွေ ဖြူလာတာ၊ အဖေ့မျက်နှာမှာ အရေးအကြောင်းတွေ ပိုလာတာ၊ အရင်လို အားအင်မရှိတော့တာတွေကို တဖြည်းဖြည်း သတိထားမိလာတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်အသက်ကြီးလာတာထက် မိဘတွေ အသက်ကြီးလာတာကို ပိုကြောက်လာတယ်။ ပိုက်ဆံရှာဖို့ အချိန်လိုတယ်။ အနာဂတ်တည်ဆောက်ဖို့လည်း အချိန်လိုတယ်။ ဒါပေမယ့် မိဘတွေနဲ့ ဖြတ်သန်းရမယ့်အချိန်တွေကိုတော့ ပိုက်ဆံနဲ့ ပြန်ဝယ်လို့မရဘူး။ ဒီအချက်ကို အသက် ၂၀ ဝန်းကျင်တုန်းက ကျွန်တော်တို့ မသိခဲ့ကြဘူး။ အခုမှ တဖြည်းဖြည်း နားလည်လာတယ်။ ကိုယ့်ဘဝကို ကောင်းကောင်းတည်ဆောက်ချင်တယ်။ တစ်ဖက်မှာလည်း ကိုယ့်ကို ဒီအရွယ်ရောက်အောင် ပံ့ပိုးပေးခဲ့တဲ့ မိဘတွေအတွက် အကောင်းဆုံး ပြန်လုပ်ပေးချင်တယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေနဲ့ တာဝန်တွေကြားမှာ နေ့တိုင်း ကိုယ့်ဘဝကို ညှိယူနေကြရတယ်။ ကိုယ်လိုချင်တာတွေ ရှိသလို ကိုယ်လုပ်ရမယ့် တာဝန်တွေလည်း ရှိတယ်။ တစ်ခါတလေ အိပ်မက်ထက် တာဝန်ကို ဦးစားပေးရပေမယ့် ကိုယ်တကယ်လိုချင်တဲ့ဘဝကိုလည်း မမေ့ဘဲ ဆက်ပြီး ရှာဖွေနေကြရတယ်။ တစ်ခါတလေ လူတွေက အဆင်ပြေနေပြီပဲ လို့ ထင်ကြတယ်။ အလုပ်ရှိတယ်။ ကိုယ့်ဘဝကို ကိုယ်ရပ်တည်နိုင်တယ်။ ဒါပေမယ့် ညဘက် တစ်ယောက်တည်း မအိပ်ခင် နဖူးပေါ်လက်တင်ပြီး စဉ်းစားမိတယ် နောက်ငါးနှစ်မှာ ကိုယ်ဘာဖြစ်မလဲ၊ ကိုယ့်မိဘတွေကို ဘယ်လောက်ထိ ပြန်ကြည့်ပေးနိုင်မလဲ၊ ကိုယ်တကယ်လိုချင်တဲ့ဘဝကို ရနိုင်ပါ့မလား၊ ဆိုတဲ့အတွေးတွေက တိတ်တိတ်လေး ခေါင်းထဲဝင်လာတယ်။ တစ်ခါတလေ အသက် ၂၀ ဝန်းကျင်က ကိုယ့်ဓာတ်ပုံဟောင်းလေး တွေပြန်ကြည့်မိတယ်။ မျက်နှာက ပိုငယ်တယ်။ မျက်လုံးတွေက ပိုတောက်ပတယ်။ အိပ်မက်တွေလည်း အများကြီးရှိခဲ့တယ်။ အဲ့ဒီတုန်းက တစ်နေ့နေ့မှာ အားလုံးအဆင်ပြေသွားမယ်လို့ ထင်ခဲ့တယ်။ အခုတော့ ဓာတ်ပုံထဲက ကိုယ့်ကိုကြည့်ပြီး “မင်းလည်း အများကြီး ဖြတ်သန်းလာခဲ့ရတာပဲနော် လို့ပဲ ပြောချင်မိတယ်။ ဒါပေမယ့် ဒီအရွယ်ရောက်လာတာဟာ ဆုံးရှုံးမှုတွေများလာတာတော့မဟုက်ဘူး။ လူငယ်ဘဝ မရှိတော့ပေမယ့် အတွေ့အကြုံတွေ ရှိလာတယ်။ မှားခဲ့တာတွေက ဘဝကို ပိုနားလည်လာအောင် သင်ပေးတယ်။ နာကျင်ခဲ့တာတွေက ကိုယ့်ကိုယ်ကို ပိုသန်မာလာစေတယ်။ ဆုံးရှုံးခဲ့တာတွေက ကိုယ်တကယ်လိုချင်တဲ့ဘဝကို ပိုတန်ဖိုးထားတတ်လာစေတယ်။ အခုတော့ ဘဝကို အမြန်မြန်အောင်မြင်ဖို့ထက် ဖြည်းဖြည်း မှန်မှန်နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ချင်လာတယ်။ ကိုယ့်ပိုင်အိမ်လေးတစ်လုံး၊ အနာဂတ်အတွက် စိတ်ချရတဲ့ဘဝ၊ မိဘတွေအတွက် စိတ်အေးရတဲ့နေ့၊ မနက်ဖြန်ကို ပူပန်နေစရာမလိုတဲ့ဘဝ… ဒီအရာတွေက တစ်ချိန်က စိတ်ကူးယဉ်ခဲ့တဲ့ အိပ်မက်တွေထက် အခု ပိုတန်ဖိုးရှိလာတယ်။ ဒါကြောင့် အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းအရွယ်ရောက်လာပြီး ကိုယ့်ဘဝကို ပြန်ကြည့်မိတဲ့အခါ… “ငါ နောက်ကျနေပြီလား လို့ တွေးမိရင် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝနဲ့ အချိန်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က စောစောစတင်နိုင်တယ်။ တချို့က နောက်ကျမှ ပြန်စရတာလည်းရှိတယ်။ အရေးကြီးတာက ဘယ်အချိန်မှာ စခဲ့လဲဆိုတာထက် ကိုယ့်ဘဝကို ကိုယ် လက်မလျှော့ဖို့ပါပဲ။ လူငယ်ဘဝကို လွမ်းရင်းနဲ့ လက်ရှိဘဝကို မပျောက်ဆုံးစေနဲ့။ အနာဂတ်ကို တည်ဆောက်ရင်းနဲ့ မိဘတွေရဲ့ လက်ရှိအချိန်ကိုလည်း မလွတ်စေနဲ့။ ဘာလို့လဲဆိုတော့… တစ်နေ့ကျရင် ဒီနေ့ဟာလည်း ကျွန်တော်တို့ ပြန်လွမ်းရမယ့် အရင်နေ့တွေ ဖြစ်သွားမှာမို့ပါ။ အဲ့ဒီနေ့ရောက်တဲ့အခါ “ငါအရာအားလုံးကို မလုပ်နိုင်ခဲ့ဘူး” ဆိုတာထက် “ငါတတ်နိုင်သလောက် ကြိုးစားခဲ့တယ်။ မိဘတွေအတွက်လည်း ရှိပေးခဲ့တယ်။ ကိုယ့်ဘဝကိုလည်း မစွန့်လွှတ်ခဲ့ဘူး လို့ ပြန်ပြောနိုင်ခဲ့ရင် အဲ့ဒါနဲ့တင် ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ဘဝဟာ မနည်းလှပါဘူး။ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းအရွယ်ဆိုတာ လူငယ်ဘဝရဲ့ အဆုံးမဟုတ်ဘူး။ လူကြီးဘဝရဲ့ အစလည်း မဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တကယ်တည်ဆောက်ရတော့မယ့် အရွယ်ပါ။ #fyp #foryou #motivation

👑.𝐍𝐚𝐲 𝐌𝐢𝐧.👑.📚
👑.𝐍𝐚𝐲 𝐌𝐢𝐧.👑.📚
Open In TikTok:
Region: TH
Saturday 26 September 2026 00:00:00 GMT
38834
2532
65
182

Music

Download

Comments

konaing2266
konaing2266 :
ကျေးဇူးပါ 🙏
2026-09-26 16:04:37
1
chit.aung078
@Chit aung :
တစ်ကယ်ကိုကျေးဇူးပါ ညီကို တစ်ချို့သော သူများအတွက် အသိ အလင်းရောင်ရစေတယ်ဗျာ ကျွန်တော်အတွက်တော့တစ်ခုခုလုပ်ရတော့မယ်ဆိုတာ တစ်ကယ်သိလိုက်တယ် ညီကို
2026-09-26 12:32:29
4
kaungpyaesone2801
KPS :
အေးအေးဒီနိုင်ငံမှာဘာမှမျော်လင့်မနေကြနဲ့ ဘဝအမောတေပဲရှိမယ်
2026-09-26 11:54:07
2
aungcholatt5
aungcholatt5 :
ကောင်းလိုက်တဲ့စာသာလေးပါဗျာ😔😔😔
2026-09-26 12:31:57
1
user900634926
မောရှည် :
thankyou Bro👍👍👍👍👍
2026-09-26 13:08:14
1
ah.di1
Di :
တကယ်အကျိုးရှိတယ်ဗျာကျေးဇူးပါbro
2026-09-26 13:14:38
1
user5723023
kyaw htet aung :
အရမ်းကောင်းတဲ့ စာသားလေးတွေပါဗျ အမှတ်တမဲ့သတိမထားမိတဲ့ အရာလေးတွေနဲ့ အရေးကြီးတဲ့အရာလေးတွေ အလေးအနက်ထားရမယ့်အရာလေးတွေကို သတိပေးလိုက်သလို ဥာဏ်အလင်းပွင့်စေပါတယ် အရမ်းကောင်းပါတယ်ဗျ
2026-09-26 14:52:50
1
ahsaw47
Saw🌱 :
Right
2026-09-26 04:18:59
1
user9843271766397
Lion :
တန်ဖိုးအရမ်းရှိသောစာသားလေးပါ🥰🥰🥰
2026-09-26 12:45:08
1
redredred940
Pyae Phyo Paing :
စာသားလေးကြိုက်လို့ ချပေးပါလား
2026-09-26 05:25:09
1
htethtethtethtet525
HtetHtet ❤️❤️❤️❤️❤️ :
ဟုတ်တာပေါ့
2026-09-26 09:13:27
1
user2019631278639
Kohtet :
🥰🥰🥰🥰
2026-09-26 08:44:26
1
naingnaing9849
ဍ ( ဒရင်ကောက် ) :
တင်ခွင့်ပြုပါ
2026-09-26 08:16:38
1
myat.maw617
MYAT MAW :
ဘဝအတွက် မရှိမဖြစ်တဲ့ စာသား 🥰🥰🥰🥰🥰
2026-09-26 08:27:06
1
soung8243
သံသရာခရီးသည်🌅 :
ဟုတ်တယ် နော်🥰🥰🥰🥰🥰
2026-09-26 08:12:29
1
thetphyoaung777
thetphyoaung :
အေကွာခုထိမုန့်ဖိုးတောင်းတုန်း အလုပ်ကပင်ပန်းလို့😁😁😁
2026-09-26 14:43:07
1
khant.gyi8611
Khant Win Aung :
2026-09-26 16:03:28
1
than.tun.oo883
Than Tun Oo :
ကျွန်တော်လိုပဲ
2026-09-26 14:25:51
0
chin.kyuu
Mg Chin :
ဟုပ့ဗျာ အချိန်တွေကုန်လွန်တာမြန်လိုက်တာ😥😥😥😥😥
2026-09-26 12:51:04
0
naw.aung399
Naw Aung :
အမှန်တရားပါဘဲဗျာ
2026-09-26 13:15:37
1
khant.gyi8611
Khant Win Aung :
2026-09-26 16:05:26
1
akari.phoo59
Akari Phoo :
၃၀ ဆိုရင် စိုးရိမ်ရသောကာလဘဲ စမထ 🥺
2026-09-26 14:57:48
3
yemintun332
Ye Min Tun :
ကျေးဇူးတင်ပါတယ်အကိုကြီးရယ်တကယ်ပါ
2026-09-26 13:27:05
1
wangtianbao4
#$$王天宝@#1.M🤗🤗🤗 :
တကယ်ကျေးဇူးတင်တယ် ။အင်းအားဖြစ်စေတယ်ဗျာ။နောက်ထပ်ဖတ်ချင်သေးတယ်
2026-09-26 13:19:57
1
hein.pyae529
What are you doing now? :
copyယူခွင့်ပြုပါဗျ
2026-09-26 11:39:48
1
To see more videos from user @.naymin48, please go to the Tikwm homepage.

Other Videos


About