@hsimoomhseng: ရှေးဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ် "ဝဋ်ကို ဝတ်နဲ့ဖြေ'' တဲ့။ အဓိပ္ပါယ်ကတော့ အကုသိုလ် ဝဋ်ကြွေးကို ကုသိုလ်ဝတ်နဲ့ဖြေလို့ ဆိုလိုတာပါ။ အကုသိုလ်ဝဋ်ဆိုတဲ့နေရာမှာ ဒီဘဝပြုခဲ့တဲ့ အကုသိုလ်လည်း ဖြစ်ချင်ဖြစ်မယ်၊ မသိနိုင်တော့တဲ့ သံသရာ အဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်လည်း ဖြစ်ချင်ဖြစ်ပါမယ်။ အကုသိုလ်ကိုတော့ ဆရာတော်အရှင်ဇနကာဘိဝံသက ဂရုကံနဲ့ လဟုကံဆိုပြီး ခွဲပေးထားပါတယ်။ ဂရုကံဆိုတာ- အမေသတ်တဲ့ကံ၊ အဖေသတ်တဲ့ကံ စတဲ့ ပဉ္စာနန္တရိယကံကြီးပါ။ အကျိုးမပေးရရင် မနေနိုင်လောက်အောင် ကြီးမားတဲ့ ဂရုကံကြီးတွေကတော့ လူတိုင်းမှာ မရှိပါဘူးတဲ့။ အခွင့်သာရင် အကျိုးပေးမယ်ဆိုတဲ့ အကုသိုလ်ကံကတော့ လူတိုင်းမှာ ရှိနေပါတယ်။ ဆရာတော်က မကြောက်ဖို့နဲ့ ကုသိုလ် များများ ပြုဖြစ်ဖို့တိုက်တွန်းထားပါတယ်။ ကုသိုလ်ရဲ့နောက််မှာဝတ်ဆိုတဲ့ စကားလုံးလေး ပါနေတော့ တစ်ခါတလေ ပြုတဲ့ ကုသိုလ်မဟုတ်တော့ပါဘူး။ နေ့စဉ်ဝတ်တစ်ခုလို ထားပြုတဲ့ကုသိုလ်ပါ။ ကံအနေနဲ့ပြောရင်တော့ အာစိဏ္ဏကံကုသိုလ်ပါ။ ကုသိုလ်ဝတ်ဆိုတဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြုလုပ်ပုံခြင်းတော့ တူမှာမဟုတ်ပါဘူး။ တစ်ချို့က ဒါနပြုရတာ ဝါသနာပါတယ်။ တစ်ချို့က သီလဆောက်တည်ရတာ ဝါသနာပါတယ်။ တစ်ချို့က သမထ ဝိပဿနာ ပွားရတာ ဝါသနာပါတယ်။ (ပုတီးစိပ်တာ စသည်)။ တစ်ချို့က ပရဟိတလုပ်ရတာ ဝါသနာပါတယ်။ တစ်ချို့က သစ်ပင်စိုက်ရတာ ဝါသနာပါတယ်။ တစ်ချို့က ရွတ်တာဖတ်တာ ဝါသနာပါတယ်။ ရွတ်တာဖတ်တာတောင် တစ်ယောက်နဲ့တစ်ယောက် အားသန်ပုံခြင်း မတူပါဘူး။ တစ်ချို့က မေတ္တာသုတ်၊ တချို့က ပဋ္ဌာန်း တစ်ချို့က ဂုဏ်တော်၊ သမ္ဗုဒ္ဓေ၊ ဒိဝါတပတိ အဋ္ဌာနမေတံ စသည်ဖြင့် .. ကိုယ်သန်ရာကိုယ်သန်ရာ ရှိနေမှာပါ။ အစမှာတော့ လွယ်တာက စရမှာပါပဲ၊ ပြီးမှ တဖြည်းဖြည်းခြင်း မြှင့်သွားရမှာပါ။ အကုသိုလ်ဝဋ်ကြွေးကို ကုသိုလ်ဝတ်နဲ့ အာစိဏ္ဏကံ ပြုလုပ်ခြင်းဖြင့် အကုသိုလ် အညစ်အကြေးမှ လွတ်ကင်းကြပါစေ ဓမ္မဒါနဆရာတော် 🙏🙏🙏 ဓမ္မဒါနပြန်လည်မျှဝေပါသည်။ 🍂🍂🍂 #တရားတော်များ #မေတ္တာခြုံ၍လုံပါစေသော်🙏🙏🙏 #ကောင်းမှု့တစ်ခုနေ့စဥ်ပြုပါ #hsimoonhseng #tiktokforyou

Hsi Moon Hseng
Hsi Moon Hseng
Open In TikTok:
Region: MM
Friday 25 September 2026 22:16:43 GMT
321
51
8
1

Music

Download

Comments

amsyt153475
🅰𝕞𝕤𝕪𝕥 :
[Pray][Pray][Pray]
2026-09-26 01:10:08
1
aunglay.aunglay973
Aunglay Aunglay :
🙏
2026-09-26 00:15:02
1
golden.tg
မောင့်ပုဇွန်လုံးလေး :
🙏🙏🙏
2026-09-26 00:45:41
1
ladyshinsaw.pau
Ladyshinsaw Pau :
🙏🙏🙏🙏
2026-09-26 01:54:36
1
To see more videos from user @hsimoomhseng, please go to the Tikwm homepage.

Other Videos


About