@healthplussupplement: ♥️အရိုး/ အသား/ အကြော တို့ဟာ အဓိက ဖြစ်ပါတယ်။ 💥အမှီခံ အနေနဲ့ ကောင်းစွာ ဖြစ်နိုင်ရန် သဘာဝ အားဖြင့် အရိုးမှာ ငြမ်းအပျော့စားနဲ့ ငြမ်းအမာစားရယ်လို့ နှစ်မျိုးရှိပါတယ်။ Soft framework နဲ့ hard framework ကို ဆိုလိုပါတယ်။ 💥အရိုးရဲ့ အခြေခံ ကျားကန်ငြမ်း အပျော့စားက Collagen ဖြစ်ပါတယ်။ Collagen ဆိုတာ ပရိုတင်းဓာတ်တစ်မျိုးပါ။ Soft framework. Collagen ဆိုတာဟာလည်း ပရိုတင်းဓာတ် ဖြစ်ပါတယ်။ Proline,glycine and hydroxyproline. ဒီ ပရိုတင်း၃ မျိုး ပေါင်းပြီး အပျော့စားငြမ်း ဖြစ်လာပါတယ်။ အခြားလိုအပ်တဲ့ ဓာတ်တွေကတော့ vitamin C, zinc,copper and manganese ဖြစ်ပါတယ်။ 💥ဒီ soft framework ပေါ်မှာ calcium အပါအဝင် သတ္တုဓာတ်မျိုးစုံနဲ့ ဖုံးလိုက်တဲ့အခါ အရိုးဟာ မာလာပြီး ငြမ်းဟာ အမှီခံ အလုပ်ကို လုပ်ဖို့ အားရှိ လာပါတယ်။ သတ္တုဓာတ်အနည်းဆုံး ၁၂ မျိုးလောက် နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ 💥အမာခံငြမ်းဟာ အားရှိပြီး၊ အပျော့စား ငြမ်းကတော့ ကွေးနိုင်ဆန့်နိုင်တဲ့ သတ္တိတစ်မျိုး ရလာပါတယ်။ flexibility ပါပဲ။ ၂.အရိုးဟာ အမှီခံအနေနဲ့ ကိစ္စကို ဆောင်ရွက်ဖို့ ကြွက်သား muscles/အကြော tendon တွေရဲ့ အကူအညီ လိုပြန်ပါတယ်။ Collagen ဟာ အဓိက building block ဖြစ်နေပြန်ပါတယ်။ 💥အစားအသောက်မျိုးစုံဟာ ပေါင်းသတ်ဆေး ဒဏ်ကနေ မလွတ်နိုင်တာကြောင့် ခေတ်နှင့်အညီ Glycine ပြဿနာ ရှိနေတတ်ပါတယ်။ Glycine ဓာတ် လျော့နည်းနေပြန်ရင်လဲ Collagenမှာ ပြဿနာ တက်ပြီ ဖြစ်ပါတယ်။ 💥အရိုးတွေ မသန်ဘူးဆိုရင် Collagen / Glycine/Vitamin C နှင့် သတ္တုဓာတ်များကို သတိရကြနော်။ 💥အရိုးပြုတ်ရည် ဟာ သင့်တော်ပေမဲ့ မကြာခဏ သောက်နိုင်ကြရဲ့လားတော့ မသိပါ။ မှန်မှန် မသောက်နိုင်ကြသူတွေက များပါလိမ့်မယ်။ 💥အမဲသား/ဝက်သား/ကြက်သား/ ငါး/ကလီစာ/ကြက်ဥ တို့ဟာ လည်း collagen rich foods တွေ ဖြစ်ပါတယ်။ 💥Collagen ကို အခြေပြုပြီး တည်ဆောက်ထားတာတွေရဲ့ ဥပမာအချို့ဟာ ဆံပင်/သွား/လက်သည်းခြေသည်း/အတွင်းကလီစာများ( internal organs )/ သွေးကြောများ/အရွတ်/အရိုး/အရိုးနု စသည်ဖြင့် ဖြစ်ပါတယ်တဲ့။ 💥ပထဝီကောဋ္ဌာသကို ချက်ခြင်းပဲ သတိရလိုက်မိပါတယ်။ ၃၂ကောဋ္ဌာသကို နေ့စဉ် ပူဇော်နေသူမို့ သဘောကျမိတာ အမှန်ပါပဲ။ 💥ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိက ငြမ်းစင်ကြီးပါ။ Scaffold ပါပဲ။ 💥အသက်ကြီးလာတာနဲ့အမျှ Collagen protein ဓာတ်ဟာ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာနေပါတယ်။ 💥အခုနောက်ပိုင်း ပတ်ဝန်းကျင် အကြောင်းတွေကြောင့်လဲ ငြမ်းစင် အင်အားဟာ ယုတ်လျော့လာနေပါတယ်။ ( လူအများစု မသိကြသေးတဲ့အချက်ပါ ) 💥အရေပြားမှာ ဆိုရင် အရေတွန့်ပြီ/ အရေ ပါးလာပြီပေါ့နော်။ Wrinkles and thinning of the skin. သွားမှာဆိုရင် သွားကျိုး / သွားနဲ့ ဆံပင်ပါး/ ဆံပင်ကျွတ် အရိုးပါး/ ခါးကုန်း ကြွက်သား အားမရှိ သွေးကြောနံရံတွေ ခိုင်ခန့်ခြင်း မရှိတော့ ပထဝီဓာတ် ချို့တဲ့လာခြင်းရဲ့ ဥပမာအချို့ ဖြစ်ပါတယ်။ ကျီးပေါင်း သမားတွေကိုလဲ သတိရမိပါရဲ့။ မြန်မြန် မအိုချင်ကြဘူးဆိုရင် ဘာလုပ်ကြမှာပါလဲ? CrdToAbetterHealth #HealthCare #ကျန်းမာရေးဗဟုသုတ #အူလမ်းကြောင်းကျန်းမာရေး #Collagen

Health Plus
Health Plus
Open In TikTok:
Region: MM
Friday 25 September 2026 23:47:05 GMT
716
21
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @healthplussupplement, please go to the Tikwm homepage.

Other Videos


About