@phyuphway.1992: 🔥ကိလေသာအစေးမခန်းသရွေ့.... 💧မအေးချမ်းသေးဘူး...... 🌿🌿🌿🌿🌿🌿🌿🌿🌿🌿 🌲 ခန္ဓာက အစေးရှိတဲ့ သစ်ပင်နဲ့ တူတယ်... ၊ 🍾 အာရုံခြောက်ပါးက ခုတ်ဓားနဲ့ တူတယ်... ၊ ခုတ်လိုက်တဲ့အခါကျလို့ရှိရင်.... အစေးထွက်လာတာက ကိလေသာ ထကြွလာတာပဲ...... ။ ခုတ်တိုင်း ခုတ်တိုင်း လောဘထွက် ၊ ဒေါသထွက် ၊ မောဟထွက် ၊ ဣဿာထွက် ၊ မစ္ဆရိယထွက် ၊ မာနထွက် ...အဲဒါတွေက အစေးတွေနဲ့တူပါတယ်.... ၊ ကိလေသာအစေးတွေနဲ့ တူတယ်လို့ မှတ်လိုက်တာပေါ့..... ။ 🌲 ဒီအစေးတွေသည် အပင်တွေကို သေစေတယ်... ၊ ကြောက်စရာ သိပ်ကောင်းတယ်.... ၊ ကိုယ့်အဖြစ်ဟာ ဘယ်သူ သတ်လို့မှ သေမှာမဟုတ်ဘူး ၊ အစေးလောင်ပြီးတော့ သေရမှာ...။ 🌲 ဒီအစေးဟာ နဂိုက မြင်ရတာမဟုတ်ဘူး ၊ ခုတ်တဲ့အချိန်မှ ထွက်လာတာပါ.... ၊ ဘုရားဟောတော်မူတဲ့ အနုသယ ၊ အနုသယဆိုတာ ဒါပဲ..... ။ 🌝 ဒါကြောင့်... ဘယ်သူ့မှလဲ သွားပြီးမချီးမွမ်းနဲ့ဦး ၊ ခုတ်ကြည့်ဦး.... ၊ ခုတ်ကြည့်လို့ အစေးမထွက်မှ ချီးမွမ်းရမယ်.... ၊ သဘောကျပလား....။ 🌲 ဒီအစေးမသိမ်းသရွေ့.... ဒီအစေးက ခဏ ခဏ ထွက်ပြီး... ဒီအစေးလောင်ပြီး ဒီခန္ဓာပင်ဟာ သေမှာပဲ.... ။ တစ်ခါတည်း အရှေ့ရှိတဲ့ သားလဲ စိတ်မချလို့ ပူပန်တဲ့ အစေးထွက်ပြီ... ၊ အနောက်ရှိတဲ့ သမီးလဲ စိတ်မချလို့ ပူပန်တဲ့ အစေးထွက်ပြီ.... ၊ ဒီအစေးကလဲ လောင်တတ်တဲ့ အစေးဖြစ်နေတယ်..... ။ ခင်ဗျားတို့ကလဲ အခုတ်ခံချင်ချင် ၊ အစေးကလဲ မခုတ်လေနဲ့... ခုတ်ရင်ထွက်မယ်..... ၊ ထွက်ရလို့ရှိရင်လဲ အလကားတော့ မရှိဘူး ၊ ဒီအပင်လောင်မယ်.... ၊ ရှင်းကြပလား.... ။ 🌚 အဲဒါကို ခင်ဗျားတို့ လူ့ဘဝဆိုတာ ဒီလိုနေရတာပဲဘုရား ၊ အေးတလှည့်, ပူတစ်လှည့်, ဆွေးတစ်လှည့်, ဒီလိုနေရတာပဲလို့ ခင်ဗျားတို့က ပြောနေတော့ ေဩာ်....လူ့ထုံးစံ ဒီလိုပဲလို့ အောက်မေ့ မနေနဲ့ ၊ မဟုတ်ပါဘူး ၊ အစေးခန်းတဲ့ လူတစ်မျိုး ၊ အစေးမခန်းတဲ့ လူတစ်မျိုး ၊ ရှင်းပလား..... ။ 🌝 အရိယာတွေကျတော့ ဘယ်အာရုံနဲ့တွေ့တွေ့ အစေးမထွက်ဘူး.... ၊ 🌚 ပုထုဇဉ်တွေ မှန်သရွေ့တော့ အစေးထွက်ပါတယ်.... ၊ 😊 အစေးထွက်တော့ကိုတဲ့... ၊ ဘယ်သူ သူတော် ကောင်းပါတယ် ၊ မကောင်းဘူးဆိုတာ... အစေးထွက် မထွက်ကို အကဲခတ်ပါ ၊ ရှင်းကြပလား....၊ အစေး ထွက်, မထွက်ကို အကဲခတ်ကြည့်တော့မှ... ရှင်းရှင်းလင်းလင်းပေါ်တယ်..... သဘောပါကြရဲ့လား... ။ 🔵 ခင်ဗျားတို့ ကိလေသာတွေက နဂိုက ပုတီးလေးစိပ် ၊ တရားကလေးအားထုတ်ပြီးသကာလ မဂ်ဥာဏ်, ဖိုလ်ဥာဏ်မဆိုက်သေးလို့ရှိရင် အောင်းနေတယ်... ၊ ရှင်းပလား.... ၊ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ဆိုက်လို့ရှိရင်ဖြင့် အစေးခန်းတယ်... ၊ သဘောကျပလား.... ။ #မိုးကုတ်ဆရာတော်ဘုရားကြီး ( ၂၉.၅.၆၂) ..... " ခီရရုက္ခောပမသုတ် " တရားတော်မှ ...... ➖➖➖🙏🙏🙏➖➖➖ 🌷အေးချမ်းချင်ရင်တော့... အစေးခန်းအောင် အားထုတ်ကြပါလို့..... 🌷 စေတနာ မေတ္တာများစွာဖြင့်.... ဦးကြည်စံ

Phyu Phway
Phyu Phway
Open In TikTok:
Region: MM
Saturday 26 September 2026 02:17:45 GMT
3934
582
23
47

Music

Download

Comments

gihchjytji
gihchjytji :
good
2026-09-26 03:47:29
0
simee.kwet
Simee Kwet :
တင်ပါဘုရား🙏🙏🙏
2026-09-26 08:57:34
0
nyanhtun.linn
▄︻┻ Nyan Htun Lin ︻┳═─- :
Right
2026-09-26 03:32:06
0
sein.win.naing81
Sein Win Naing :
သာဓုသာဓုသာဓုပါဘုရား
2026-09-27 06:09:21
0
user4438379732050
အိစံ :
သာဓု သာဓု သာဓု KpgEisan
2026-09-26 10:27:52
0
kyawsaing884
ဦးကျော်ဆိုင် :
2026-09-26 07:42:41
0
aaa386284
❤asb🧡 :
🙏🙏🙏
2026-09-28 03:55:22
0
kyawnaing36521
ပKyaKyawnaning :
2026-09-26 07:25:09
0
nyominhtun505
nyominhtun505 :
🙏🙏🙏🙏🙏
2026-09-26 03:03:10
2
user1915108478615
Ko Kyaw :
🙏🙏🙏
2026-09-26 05:21:57
1
nan.nyo28
Nan nyo :
🙏🙏🙏
2026-09-26 13:21:40
0
mya.mya.aye45
myamyaaye142 :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-26 02:39:59
1
wtdfashion
U Kyaw🌿 :
🌷🌷🌹🌷🌷🌹🌹🌹🌹🌹🌹🌹🌹🙏👃👃🙏👃👃🙏👃👃🙏🙏👃👃🙏👃👃👃👃👃👃🌷🌹🌷🌹🌷🌹🌹🌹🌷🌹🌷🌹🌹🌹🌷🌹🌹🌹🌹🙏🙏👃👃🙏👃👃🙏👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃🙏👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃👃
2026-09-28 02:02:20
0
uyanshin2
koyan yan :
🙏🙏🙏🙏🙏
2026-09-26 16:05:33
0
perfectwisdom01h
Agga :
🙏🙏🙏
2026-09-30 04:23:05
0
joseph.win87
Joseph Win :
🙏🙏🙏
2026-09-26 12:52:21
0
ko.aung23887
Ko Aung :
🙏🙏🙏
2026-09-26 10:44:51
0
aung.htet.paing6159
Aung Htet Paing :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-26 08:06:35
0
ko.than.zaw.win6
Ko Than Zaw Win :
[Pray][Pray][Pray]
2026-09-26 08:03:49
0
tint.tint.win3
Tint Tint Win :
[Pray][Pray][Pray]
2026-09-26 07:23:08
0
ingyinmyo9696
သံဝေဂ :
🙏🙏🙏
2026-09-26 07:06:42
0
barbertzk
💈Barber💈TZK :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-09-26 02:35:48
1
jyyciieloo
Stacy :
🙏🙏🙏
2026-09-30 05:18:18
0
To see more videos from user @phyuphway.1992, please go to the Tikwm homepage.

Other Videos


About